နမ့်စန် လေယာဉ်ကွင်းတွင် အရပ်ဘက်လေယာဉ်များ ပြေးဆွဲနိုင်ရေး ဆွေးနွေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ့်စန် လေယာဉ်ကွင်းတွင် အရပ်ဘက်လေယာဉ်များ ပြေးဆွဲနိုင်ရေး ဆွေးနွေး


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင် လင်ခရိုင်၊ နမ့်စန်မြို့နယ်ရှိ လေယာဉ် ကွင်းတွင် အရပ်ဘက်လေယာဉ်များ ပြန်လည် ပြေးဆွဲနိုင်ရေး အတွက် မတ်လ ၁၇ ရက်က မြန်မာ့လေ ကြောင်းနှင့် ဆွေးနွေးခဲ့ကြောင်း နမ့် စန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေထံက သိရသည်။
.
 
.
အရင်ကလည်း ပြေးဆွဲခဲ့တဲ့ လေကြောင်းခရီးစဉ်တွေ ရှိခဲ့တယ်။ ၂၀၁၂ နောက်ပိုင်းမှသာ ပြေးဆွဲမှု ရပ်တန့်ခဲ့တာဖြစ်လို့ အခု ပြန်ပေးဆွဲ နိုင်မယ်ဆိုရင် လွိုင်လင်နဲ့ လင်းခေး က ပြည်သူတွေ၊ မိုင်းဆတ်၊ တာချီ လိတ်၊ ကျိုင်းတုံ၊ ကွန်ဟိန်း စတဲ့ဒေ သက ပြည်သူတွေပါ လွယ်ကူသက် သာစွာနဲ့ ခရီးရောက်နိုင်မှာ ဖြစ်ပါ တယ်။ ပြည်နယ် လွှတ်တော်မှာ လည်းကြယ်ပွင့်ပြ မေးခွန်းမေးမြန်း ခဲ့သလို ပြည်ထောင်စု ပို့ဆောင်ရေး ဝန်ကြီးနဲ့ လေကြောင်း ဆိုင်ရာဌာန တွေကိုလည်း တင်ပြစာတွေ ပေးပို့ နေပါတယ်”ဟု ဦးလင်းအောင်ဆွေ က ပြောသည်။
.
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာ့လေကြောင်းမှ လေယာဉ်မှူး ကြီး ဦးမြင့်မိုးအောင်နှင့် အဖွဲ့က မြန်မာ့လေကြောင်း ဦးစီးဌာနသို့ ဆက်လက် တင်ပြသွားမည်ဖြစ်ပြီး မှတ်တမ်းဓါတ်ပုံများ ရယူသွားမည် ဖြစ်ကာ အကယ်၍ ခွင့်ပြုချက်များ အတွက် လိုအပ်ပါက စမ်းသပ်ပျံသန်း ခြင်း၊ ကွင်းစမ်းသပ်ခြင်းများ ပြုလုပ် သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ သည်ဟု သိရသည်။
.
နမ့်စန်လေယာဉ်ကွင်းမှာ ပြေး လမ်းအရှည် ၁၂၀၀၀ ရှိပြိး ယခင်က ဖော်ကာဂျက်လေယာဉ်များ ဆင်း သက်နိုင်ပြီး ၂၀၀၂ ခုနှစ်အထိ ကျွန်း ပတ်ခေါ် ခရီးစဉ်ရှည်လေယာဉ်များ ဆင်းသက်ခဲ့ကြောင်း သိရသည်။
.
နောက်ပိုင်းတွင် အရပ်ဘက် ဆိုင်ရာလေယာဉ်များ ဆင်းသက်မှု မရှိတော့သော်လည်း လက်ရှိတွင် တပ်မတော်မှ လေယာဉ်များ အသုံး ပြုနေသဖြင့် အရပ်ဘက် လေယာဉ် များ ဆင်းသက်နိုင်ရေး အခြေခံ ကောင်းများ ရှိနေကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
တစ်ပတ်ကို ၂ ရက်၊ ၃ ရက် ဆွဲ နိုင်ဖို့၊ လျှပ်စစ်မီးတွေ ပြန်လည်တပ် ဆင်ဖို့နဲ့ သတ်မှတ်ခရီးသည် ဦးရေ ပြည့်ဝဖို့ အေးဂျင့်လိုအပ်ချက်တွေ ဆွေးနွေး ကြပါတယ်”ဟု အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ နမ့် စန်မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးလှထွေးက ပြော သည်။
.
ထိုသို့ တွေ့ဆုံရာတွင် လေယာဉ် ပြေးလမ်းပိုင်း၊ မြေပြင်အခြေအနေ နှင့် အဆောက်အဦ၊ ဌာနဆိုင်ရာ လိုအပ်ချက်များ၊ ဝန်ထမ်းများ အ ပိုင်းနှင့် တပ်မတော်မှ ခွင့်ပြုမိန့်ရရှိ ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြ သည်ဟု သိရသည်။
.
အဆိုပါ နမ့်စန်လေယာဉ်ကွင်း ကို ၂၀၁၂ ခုနှစ်က အရပ်ဘက်လေ ကြောင်းလိုင်း လေယာဉ်များ ဆင်း သက်ခဲ့ရာ လေယာဉ်ခရီးစဉ်များအ ဖြစ် ရန်ကုန်- နမ့်စန်-ဟဲဟိုး စသည် ဖြင့် ပျံသန်းခဲ့ပြီး ယခုတွေ့ဆုံဆွေး နွေးပွဲတွင်လည်း လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်မှ ပြည်သူများ ဟဲဟိုး လေယာဉ်ကွင်းအထိ သွားရောက် စီးနင်းရခြင်းအစား ရန်ကုန်နှင့် မန္တ လေး မြို့ များသို့ အလွယ်တကူသွား ရောက်နိုင်မည် ဖြစ်သည့်အတွက် ဒေသခံပြည်သူများမှ နမ့်စန်လေ ယာဉ်ကွင်းသို့ အရပ်ဘက် လေယာဉ် ခရီးစဉ်များ ပြန်လည်ပျံသန်းနိုင်ရေး လိုလားလျက်ရှိကြောင်း သိရသည်။
.
တွေ့ဆုံဆွေးနွေးပွဲသို့ နမ့်စန်မြို့ နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ များ၊ တပ်မတော်အရာရှိများ၊ တက် ရောက်ခဲ့ကြပြီး မြန်မာ့လေကြောင်း မှ လေယာဉ်မှူးကြီး ဦးမင်းသူဇော်၊ ဦးမြင့်မိုးအောင်၊ တွဲဖက်လေယာဉ် မှူး ဒေါ်မိုးဝေဒြာ၊ လေကြောင်းအရာရှိ ဦးအောင်ကျော်စိုးတို့ တက်ရောက် ခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats