မြို့တော်
တောင်ကြီးမြို့မှာရှိတဲ့ မြို့မဈေးက ညဈေး၊ Night 38 ညဈေးနဲ့ ၅ ရက်တစ်ဈေး
ရောင်းချမှုကို မတ်လ ၂၉ ရက်ကနေ စပြီး ပိတ်သိမ်းလိုက်တယ်လို့ တောင်ကြီးမြို့နယ်
စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
.
COVID-19 ကူးစက်မှု
ကာကွယ်ဖို့ လူစုလူဝေး မဖြစ်စေဖို့အတွက် ညဈေးနဲ့ ငါးရက် တစ်ဈေး ရောင်းချတာတေွကို
ပိတ်သိမ်းတယ်လို့ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီက
လူမှုကွန်ရက်စာမျက်နှာမှာ ကနေ ထုတ်ပြန်ကြေညာခဲ့တာပါ။
.
ပုံမှန်စျေးတွေကတော့
ဖွင့်လှစ်ထားမှာ ဖြစ်ပြီး ၅ ရက်တစ်စျေး ရောင်းတာကိုသာ ပိတ်တာ ဖြစ်ကြောင်းနဲ့
လာမယ့်စျေးနေ့က စမှာ ဖြစ်ပြီး Night 38 နဲ့ နာရီစင် ညစျေးကို ဒီနေ့ ညက စပြီး
ပိတ်လိုက်တယ်လို့ တောင်ကြီး မြို့နယ် စည်ပင်သာယာရေး ဌာနမှ အမှုဆောင် အရာရှိ
ဦးအေးကိုက ဆိုပါတယ်။
.
ရောဂါ မကူးစက်ဖို့ ကြိုတင်ကာကွယ်တဲ့
အနေနဲ့ လုပ်ဆောင်တာကို ဒေသခံတွေက ကြိုဆိုနေကြပေမဲ့လည်း လူနည်းစုကတော့ ကြိုဆိုမှု
မရှိတဲ့ အနေအထားကို တွေ့မြင်နေရပါတယ်။
.
ကမ္ဘာတစ်ဝှမ်းမှာ
ဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါ ကူးစက်မှုအပြင် မြန်မာနိုင်ငံသားတွေနဲ့
ထိုင်းနိုင်ငံတွင်းကနေ မြန်မာနိုင်ငံသားတွေ ွနေ့စဉ်အလုံးအရင်းနဲ့ ပြန်လည်
ဝင်ရောက်လာနေတဲ့အတွက် ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်နိုင်ရဖို့အတွက်
တတ်နိုင်သလောက် အပြင်သွားတာကို ရှောင်ကျဉ်ဖို့၊ လူစုလူဝေးတွေ ပြုလုပ်တာ မပြုဖို့
လက်ကို မကြာခနဆေးကြောဖို့နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ ကျန်းမာရေးအသိပေးချက်တွေကို
လိုက်နာဖို့ လိုအပ်တယ်လို့ အစိုးရက တိုက်တွန်းနှိုးဆော်ထားပါတယ်။