ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် နီပေါလ်တွင် ဧဝရတ်တောင်တက်ခရီးစဉ်များ ပိတ်ပင် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Saturday, March 14, 2020

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် နီပေါလ်တွင် ဧဝရတ်တောင်တက်ခရီးစဉ်များ ပိတ်ပင်


မင်းဇော်မင်း
.
ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ဖြစ်ပွားမှုကြောင့် နီပေါလ်နိုင်ငံတွင် လက်ကျန်တောင်တက်ရာသီအတွက် ဧဝရတ် တောင်တက်ခရီးစဉ်များကို ပိတ်ပင်လိုက်ပြီဖြစ်သည်ဟု နီပေါလ်အစိုးရက မတ်လ ၁၃ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။
.
Photo – AsiaNews.it
 
.
အဆိုပါ ကြေညာချက်အရ မတ်လ ၁၄ ရက်မှ ဧပြီလ ၃၀ ရက်အထိ တောင်တက်ခွင့် အားလုံးကို ဖျက်သိမ်းမည် ဖြစ်သည်ဟု သိရသည်။
.
ထို့အတူ တရုတ်အစိုးရကလည်း ၎င်းတို့ထိန်းချုပ်ရာ ဧဝရတ်တောင်၏ မြောက်ဘက်ခြမ်းမှ တောင်တက်ခရီးစဉ်များ ကို ဖျက်သိမ်းထားပြီးဖြစ်သည်ဟု သိရသည်။
.
“ဗီဇာအားလုံးကို လာမယ့် ဧပြီလ ၃၀ ရက်အထိ ရပ်ထားလိုက်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု နီပေါလ်အစိုးရ ဝန်ကြီးချုပ်ရုံး အတွင်းရေးမှူး Narayan Prasad Bidari က ပြောဆိုခဲ့သည်။
.
“အခုကစပြီး ခွင့်ပြုပေးထားပြီးသား ပါမစ်အားလုံးရော၊ ဒီ ၂၀၂၀ တောင်တက်ရာသီအတွက် ထုတ်ပေးဖို့ ကျန်နေ သေးတဲ့ ပါမစ်တွေရော ဖျက်သိမ်းသွားပါမယ်” ဟု ၎င်းက ပြောသည်။
.
ဧဝရတ်တောင်တက်ရန် နီပေါလ်နိုင်ငံသို့ လာရောက်ကြသည့် တောင်တက်သမား အများစုမှာ အမေရိကန်၊ အိန္ဒိယ၊ ဗြိတိန်၊ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများမှ ဖြစ်ပြီး ဧဝရတ်တောင်တက်ခရီးဝင်ငွေမှာ နီပေါလ်အစိုးရ အတွက် အဓိက ဝင်ငွေအရင်းအမြစ်တစ်ခုဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)