မင်းဇော်မင်း
.
ကူးစက်ရောဂါဆိုသည်
အင်မတန်ကြောက်စရာ ကောင်း သည့် ကမ္ဘာဖျက် ရောဂါဖြစ်သည်။ လူသား အကျိုးမပြု Virus များသည်
အသွင်ပြောင်း ပုံစံအမျိုးမျိုးဖြင့် လူ့အဖွဲ့အစည်း များသို့ ဒုက္ခပေးလျက်ရှိသည်မှာ
ယခု ကမ္ဘာ့နိုင်ငံ အားလုံး လောက်တွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် (Covid
-19) သည် လက်ရှိတွင် အင်မတန် အရေးကြီး ဂရုစိုက်နေရသည့် ပြင်းထန်အဆုတ်ရောင် ရောဂါပင်ဖြစ်ပေသည်။
.
ထိုသို့ ကမ္ဘာအနှံ့ကူးစက်နေသည့်
ယင်းကူးစက်ရောဂါကို အမှီပြုကာ အပျက်မြင်ဝါဒ(Pessimism) ရှိသူများက လုပ်ကြံ သတင်း သတင်းတု၊
သတင်းမှား အမျိုးမျိုးတို့ကို လူမှုကွန်ရက် များတွင် ဖြန့်ချိနေသည်မှာ မြွေပူရာကင်းမှောက်
ဆိုသကဲ့သို့ ဖြစ်ရခြင်းကို သတင်းကူးစက်ရောဂါ(Infotmadic) ဟု သုံးနှုန်း ရခြင်း ဖြစ်သည်။
.
Information သတင်းဖြင့်
epidemic ကူးစက်ရောဂါ ဆို သည့် အဓိပ္ပာယ် ၂ ခုပေါင်း Info+demic = Infodamic သတင်းကူးစက်ရောဂါဟု
သုံးနှုံးရခြင်း ဖြစ်ကြောင်းပါ။
.
သတင်းကူးစက်ရောဂါတွင်
ကြောက်ရွံ့မှုကြောင့် ဆင့် ကဲသတင်းပေးရင်း ဖြစ်လာသည့် ကောလာဟလသည် သ တင်းကူးစက်ရောဂါ၏
အခြေခံဗိုင်းရပ်စ်ဖြစ်ပြီး ဖားပြုတ် ကိုက်သည်မှ တရုတ်ရိုက်သည်သို့ ကလေးသူခိုး၊ ဂတုံးသရဲ
စသည့် သတင်းမှား ကူးစက်မှုများ ဖြစ်ပွားခဲ့သကဲ့သို့ သာဓ ကများရှိခဲ့သလို ယမန်နှစ် ၂၀၁၉၊
မတ်လ ၈ ရက်က တောင် နဝင်းဆည် ကျိုးပေါက်ပြီဆိုသည့် သတင်းမှားကြောင့် လူအ များအလန့်တကြား
ထွက်ပြေးကြရသည်အထိ ဖြစ်ခဲ့ရသည် များကို စာရှုသူများ သိရှိခဲ့ကြပြီး ဖြစ်ပေလိမ့်မည်ဟု
ယူဆပါ သည်။ ယခုတွင်လည်း ကမ္ဘာ့နိုင်ငံအစုံနီးပါး ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်နှင့်
ပတ်သက်သည့် သတင်းမှား၊ သတင်းတု များ၊ သတင်းယောင်များအကြား လူအများထိတ်လန့်မှု မကူး
စက်ကြစေရန် ရည်ရွယ်ရင်း တင်ပြရခြင်းပါ။
.
တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်အတွင်းရှိ
ဝူဟန်မြို့မှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်က စတင် ဖြစ်ပွားခဲ့သည့် ပြင်း ထန် အဆုတ်ရောင်
ရောဂါကို စစချင်း ဝူဟန်ဗိုင်းရပ်စ် ရောဂါဟု ဒေသစွဲ အမည် တပ်ခဲ့သော်လည်း WHO မှ တရားဝင်
အ မည် ဖြစ်သည့် 2019 ခုနှစ်တွင် စတင် ဖြစ်သည့်အတွက် Co (Corona)
+vi(virus)+D(desease)-19(2019) စာများမှ လုံးကောက်များထုတ်ကာ COVID-19 (Corona
Virus Des ease -2019) ဟု အမည်တပ်ခြင်း ခေါ်တွင်ကျယ်စေခဲ့သည့်
သေမင်းတမန် ရောဂါပင် ဖြစ်ကြောင်း သေဆုံးသူ ဦးရေ တစ် သိန်းကျော်အထိ များပြားစွာ ဖြစ်လာနေခြင်းက
ကြောက်မက် ဖွယ် ကမ္ဘာ့ရောဂါအန္တရာယ်ဟု ကြေညာရသည်အထိရောက်ရှိ ခဲ့ပြီ ဖြစ်သည်။
.
ကမ္ဘာ့နိုင်ငံပေါင်း
၁၂၄ နိုင်ငံဟု မှတ်ယူထားရာ ယခုတွင် မော်လဒိုက်နိုင်ငံလို ကျွန်းနိုင်ငံလေးတွင်ပင် ကူးစက်ခံလူနာ
၂ ဦး တွေ့ရှိပြီဖြစ်ရာ ၎င်းနိုင်ငံငယ်လေးအပါအဝင် ရောဂါဖြစ် ပွားမှုနိုင်ငံပေါင်း ၁၀၀
ကျော်ဖြစ်လာပြီ ဖြစ်သဖြင့်ရောဂါကန္တ ရကပ် ဆိုက်ရောက်လာပြီလားဟု မှတ်ယူချင်မိသည်။ ထူး
ဆန်းသည်မှာ မြန်မာနိုင်ငံတွင် စဖြစ်သည့် ၂၀၁၉ ဒီဇင်ဘာ လက ယခုမတ်လလယ်အထိ ရောဂါဖြစ်ပွားသူ၊
သေဆုံးသူ တစ်ဦးတစ်ယောက်မှ တွေ့ရှိခြင်းမရှိသေးသည့် အချက်ဖြစ် သည်။ ယခင်ခေတ် သတင်းမှားများ၏
သားကောင်ဘ၀ ရောက်ခဲ့ရသည့် မြန်မာပြည်သူများအတွက် သံသယဖြစ်စ ရာဖြစ်သည်။
.
ယင်းအခြေအနေက ဘဝင် မကျစရာ
ဖြစ်သော်လည်း လက်ခံရမည့် ကောင်းသော အခြေအနေ ဖြစ်ပါသည်။ မြန်မာ နိုင်ငံလို ကျန်းမာရေးဆိုင်ရာ
အညွှန်းကိန်းနိမ့်ကျနေသည့် နိုင် ငံတစ်နိုင်ငံဖြစ်သည့်အပြင် တရုတ်နိုင်ငံနှင့် အထူးဆက်စပ်
နေသည့် အနေအထားအရ အဆိုပါရောဂါကူးစက်မှု မဖြစ်ပွား သေးဆိုသည်မှာ နားလည်ရခက်သည့် အဖြေမရသေးသည့်
ပုစ္ဆာတစ်ပုဒ် လိုပင်။
.
မြန်မာ့လူဦးရေ ၅၄
သန်းကျော်တွင် မိုဘိုင်းဖုန်း သန်း ၆၀ ခန့်ရှိရာ တစ်ယောက်တစ်လုံးနှုန်း ဖြစ်နေပြီး ဆိုရှယ်မီဒီ ယာလူမှုကွန်ရက် ဖြန့်ကျက်အားက ကိစ္စတစ်ခုကို ဟိုယခင်က လို ဖုန်းကွယ်နိုင်စွမ်းကို
ချိုးဖျက်နိုင်ပြီဖြစ်သဖြင့် သတင်းများကို ဖုံးအုပ်ဖို့ထက် သတင်းကို သတင်းဖြင့် တိုက်သည့်နည်းလမ်း
ကိုသာ အဖျက်သမားများက သုံးကြမည်ဖြစ်ရာ အများပြည်သူ အနေဖြင့် သတင်းစစ်၊ သတင်းမှန်များကို
အသိဉာဏ်ဖြင့် ချင့် ချိန်တွေးဆ ဆန်းစစ်နိုင်ရန် လိုမည်ဖြစ်သည်။
.
ရေရာခိုင်လုံသည်ဟု
ဘဝင်ကျဖွယ်အဖြေတစ်ခုမဟုတ် သော်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ
ခင်ခင်ကြီး၏ သုံးသပ်ချက်လေးကို မျှချင်ပါသည်။ သူကိုယ်တိုင်ကလည်း များများရှယ်ပေးစေလိုသည်ဟု
ဆို ထားကြောင်းပါ။ မတ်လ ၇ ရက်က ပြုလုပ်ခဲ့သည့် Media Advocacy တွင် ၎င်းပြောကြားခဲ့သည်များအနက်
မြန်မာနိုင်ငံ သည် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း မိုင်ပေါင်း ၁၂၇၅ မိုင် ထိစပ်နေသည့်
အနေအထားမှစကာ သဘာဝအတားအဆီး geo graphical barrier ပထဝီ သဘောတရားဖြင့် ပြောခဲ့ခြင်း
ဖြစ်သည်။
.
အဓိကရောဂါဖြစ်ပွားသည့်
ဝူဟန်မြို့ရှိသည့် ဟူပေပြည် နယ်သည် တရုတ်နိုင်ငံ၏ အရှေ့ဘက်ခြမ်းတွင်ရှိပြီး မြန်မာ
နိုင်ငံနှင့် ထိစပ်နေသည်မှာ အနောက်ခြမ်း ယူနန်ပြည်နယ် ဖြစ်သည်။ ယူနန်ပြည်နယ်နှင့် ရောဂါဖြစ်ပွားသည့်
ဟူပေပြည် နယ် အကြားတွင် စီချွမ်ပြည်နယ်၊ ကွေကျိူးပြည်နယ်၊ ကွမ်ရှီး ပြည်နယ်နှင့် ဟူနန်ပြည်နယ်ရှိသည်။
.
ယူနန်ပြည်နယ်တွင်
၂၁-၂-၂၀၂၀ ၊ စီချွမ်ပြည်နယ်တွင် ၂၈-၂-၂၀၂၀
၊ ကွေကျိူးပြည်နယ်တွင် ၁၇-၂-၂၀၂၀ ၊ ကွမ် ရှီးပြည်နယ်တွင် ၂၄-၂-၂၀၂၀ ၊ ဟူနန်ပြည်နယ်တွင်
၂၉-၂-၂၀၂၀ ရက်တို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ နောက် ဆုံးဖြစ်ပွားခဲ့သည်။
.
အဓိကရောဂါ စ ဖြစ်သည့်
ဝူဟန်မြို့ရှိရာ ဟူပေပြည်နယ် နှင့် ကပ်လျက်ရှိသည့် ဟူနန်ပြည်နယ်ကလွဲ၍ ကျန် ၃၂ ပြည်
နယ်တွင် ရောဂါဖြစ်ပွားမှု နည်းပါးသည်ကို တွေ့ရခြင်းမှာ ရော ဂါဖြစ်ပွားမှု အလယ်ဗဟို
(epicenter) နှင့် နီးလေလေ ကူးစက် ဖို့အခွင့်အလမ်း များလေလေဆိုသည့် အိုင်ဒီယာကို ဒေါက်တာ
ခင်ခင်ကြီးမှ ချပြခဲ့သည်။
.
ဝူဟန်မြို့ရှိရာ ဟူပေ ပြည်နယ်နှင့် မြန်မာနိုင်ငံသည် မိုင်ပေါင်း ၁၁၇၅.၆ မိုင်ကွာဝေး ပြီး လေယာဉ်နဲ့သာ အဆင်ပြေသည့် အနေအထားရှိခြင်း၊ ယခု အချိန်တွင် ဝူဟန်မြို့ကို Lockdown လုပ်ထားခြင်းစသည့် အဘက်ဘက်မှ Contain လုပ်ထားခြင်းကြောင့် ကားနှင့် လာမည်ဆိုပါက ခက်ခဲခြင်း စသည်များ ရှိနေခြင်း
.
၎င်းအဆိုအပေါ် ရှင်းလင်းချက်တွင်
ဝူဟန်မြို့ရှိရာ ဟူပေ ပြည်နယ်နှင့် မြန်မာနိုင်ငံသည် မိုင်ပေါင်း ၁၁၇၅.၆ မိုင်ကွာဝေး
ပြီး လေယာဉ်နဲ့သာ အဆင်ပြေသည့် အနေအထားရှိခြင်း၊ ယခု အချိန်တွင် ဝူဟန်မြို့ကို
Lockdown လုပ်ထားခြင်းစသည့် အဘက်ဘက်မှ Contain လုပ်ထားခြင်းကြောင့် ကားနှင့် လာမည်ဆိုပါက
ခက်ခဲခြင်း စသည်များ ရှိနေခြင်းတွင် အဓိက ဝင်ရောက်လာသူတွေမှာ မြန်မာနှင့် အနီးဆုံး ယူနန်ပြည်နယ်
အတွင်း သွားရောက် အလုပ် လုပ်သူများ မြန်မာနိုင်ငံသားများသာ ဖြစ်သဖြင့် ဟူပေပြည်နယ်နှင့်
ဝေးကွာသည့်အရပ်မှ ပြန်လည် ဝင်ရောက်လာခြင်းဖြစ်သည်ဟု ရည်ညွှန်းခဲ့သည်။
.
မြန်မာနိုင်ငံနှင့်
အနီးဆုံး ယူနန်ပြည်နယ်သည် မိုင်ပေါင်း ၃၈၄.၆ မိုင် ဟူပေပြည်နယ်နှင့် ဝေးကွာနေကြောင်းလဲ
ထောက် ပြခဲ့သည်။ WHO က မတ်လ ၆ ရက်က ထုတ်ပြန်ချက်အရ ဟူပေပြည်နယ်တွင် ရောဂါအတည်ပြုသူ
၆၇၄၆၆ ရှိပြီး သေဆုံး ၂၉၀၂ ဦးရှိရာ သေဆုံးနှုန်း ၄.၃ ရာခိုင်နှုန်း ရှိသည်ဟု ဆိုသည်။
.
ကျန်ပြည်နယ် ၃၃
ခုတွင် စုစုပေါင်း ဖြစ်ပွားသူ ၁၃၀၉၉ ဦးရှိပြီး သေဆုံးသူ ၁၁၃ ဦးရှိရာ သေဆုံးနှုန်း ဝ.၈၆
ရာခိုင် နှုန်း ရှိသည်ကို တွေ့ရမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ကူး လူးဆက်ဆံနေသည့်
ရွှေလီ-ကြယ်ဂေါင်တည်ရှိရာ တယ် ဟုန်ပြည်နယ်ခွဲတွင် ရောဂါအတည်ပြု လူနာ ၅ ဦးတွင် ၄ ဦး
ဆေးရုံဆင်းပြီး သေဆုံးသူ (လုံးဝ) မရှိဟု ဆိုသည်။
.
တရုတ်နိုင်ငံတွင်
၂၄ နာရီအတွင်း ရောဂါဖြစ်ပွားသူ ၄၀၀ ကျော်ရှိသော်လည်း တရုတ်နိုင်ငံပြင်ပတွင်မူ လူနာအ
သစ်၂၀၀၀ ကျော် တွေ့ရပြီဟု ထောက်ပြသည်။ တရုတ်နိုင် ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့်
တိုင်းပြည် ၁၄ နိုင်ငံရှိ ရာယင်းတို့မှာ အာဖဂန်နစ္စတန်၊ ဘူတန်၊ အိန္ဒိယ၊ ကာဇက် စတန်၊
မြောက်ကိုရီးယား၊ ကာဂျီစတန်၊ လာအို၊ မြန်မာ၊ နီ ပေါ၊ ပါကစ္စတန်၊ ရုရှား၊ တာဂျီကစ္စတန်၊
ဗီယက်နမ်တို့ဖြစ်ကြသည်။ ယင်း ၁၃ နိုင်ငံအနက် မြန်မာအပါအဝင် အောက်ပါနိုင် ငံ (၇) နိုင်ငံတွင်
ရောဂါအတည်ပြု လူနာမတွေ့ရသေးဟု ၎င်း ကပြောသည်။
.
၎င်းတို့မှာ ဘူတန်၊
ကာဇက်စတန်၊ မြောက်ကိုရီးယား၊ ကာ ဂျီစတန်၊ လာအို၊ မြန်မာ၊ ကာဂျီကစ္စတန် တို့ဖြစ်ကြပြီး
ယင်းတို့ ထဲမှ ၆ နိုင်ငံသာ ဓာတ်ခွဲအတည်ပြု လူနာ ရှိကြောင်း၊ ကုလ သမဂ္ဂအဖွဲ့ဝင် ၁၉၄
နိုင်ငံအနက် နောက်ဆုံး ၁၀၄ နိုင်ငံတွင် ရောဂါဖြစ်ပွားနေသဖြင့် ရောဂါမဖြစ်သေးသောနိုင်ငံ ၉၀ နိုင်ငံ ရှိသေးကြောင်း
ညွှန်းသည်။
.
ချုပ်ပြောရလျှင်
geographical barrier သည် ကပ်ရော ဂါဖြစ်ပွားမှုတွင် အရေးကြီးသော အပိုင်းမှ ပါဝင်သည်ကို
သိ စေလိုကြောင်း ထို့ကြောင့်သာ ဝူဟန်နှင့် အနီးဆုံး ဟူနန်ပြည် နယ်မှာသာ ရောဂါဖြစ်ပွားမှုများပြီး
ကျန်ပြည်နယ်များ နည်းရ ခြင်းဖြစ်ကြောင်းဆိုထားသည်။
.
တရုတ်နိုင်ငံကို
Point Out လုပ် ပြောရခြင်းမှာ ခွဲခြား ဆက်ဆံခြင်း မရှိစေလို၍ ဖြစ်ကြောင်း အကယ်၍ ခွဲခြား
ဆက် ဆံခံရလျှင် ဖြစ်နိုင်ချေ များမှာ သိပ်ကြောက်စရာ ကောင်းသည့် အချက် ၃ ချက်ရှိကြောင်း၊
ယင်းတို့မှာ မိမိတွင် ရောဂါ ဖြစ်ပွား နေသည်ကို ဖုံးကွယ်နိုင်ပြီး ကျန်းမာရေးဌာနသို့
စောင့်ရှောက်မှု ခံယူဖို့ ကြန့်ကြာနိုင်ပါသည်။ ကျန်းမာရေးနှင့် သွေ ဖည်သည့် အပြုအမူများကို
ပြုလုပ်လာနိုင်သည့် အချက်များ ဖြစ်ပြီး ယင်းအချက်များသည် ရောဂါဖြစ်ပွားသူ စောစီးစွာတွေ့
ရှိရေးတွင် များစွာ အနှောင့်အယှက် ဖြစ်စေခဲ့သည်မှာ တောင် ကိုရီးယားဖြစ်စဉ်အရ သိရှိနိုင်သည်ဟု
ညွှန်းသည်။
.
မတ်လ ၁၈ ရက် စာရင်းအရ တရုတ်နိုင်ငံ အပြင်ဘက်ရှိ တောင်ကိုရီးယားတွင် ၆၇၈၉ ဖြစ်ကာ ၈၄ ဦး သေခဲ့ပြီး အီတလီတွင် ၂၆၀၆၂ ဖြစ်ပြီး ၂၅၀၃ ဦး သေဆုံးကာ အီရန်တွင် ၉၇၉၂ ဖြစ်ပြီး ၉၈၈ ဦး သေဆုံးသည်ဟု ဖော်ပြထားပြီး အီတလီနှင့် မွန်ဂိုလီးယားတွင် တစ်နိုင်ငံလုံး Lockdown ကြေညာခဲ့ပြီး ဖြစ်သည်။
.
မတ်လ ၁၈ ရက် စာရင်းအရ
တရုတ်နိုင်ငံ အပြင်ဘက်ရှိ တောင်ကိုရီးယားတွင် ၆၇၈၉ ဖြစ်ကာ ၈၄ ဦး သေခဲ့ပြီး အီတလီတွင်
၂၆၀၆၂ ဖြစ်ပြီး ၂၅၀၃ ဦး သေဆုံးကာ အီရန်တွင် ၉၇၉၂ ဖြစ်ပြီး ၉၈၈ ဦး သေဆုံးသည်ဟု ဖော်ပြထားပြီး
အီတလီနှင့် မွန်ဂိုလီးယားတွင် တစ်နိုင်ငံလုံး Lockdown ကြေညာခဲ့ပြီး ဖြစ်သည်။
.
အဆိုပါ ၃ နိုင်ငံကို
highlight ပြရခြင်းမှာ ထိုနိုင်ငံများသည် တရုတ်နှင့် ဝေးခြင်းနီးခြင်းကို ပြောဆိုလိုခြင်းမဟုတ်ဘဲ
Local Transmission ကြောက်ဖို့ကောင်းခြင်းကို ပြလိုရင်းဖြစ်ကြောင်း လက်ရှိတွင် Local Transmission ရှိသော နိုင်ငံပေါင်း၃၆
နိုင်ငံ ရှိသည်ဟု ပြောသည်။
.
ယခုအချိန်သည် ရောဂါကို
အတူလက်တွဲ တိုက်ဖျက်ရန်ဖြစ် သည့်အတွက် အားလုံးပေါင်းစပ် လုပ်ကိုင်ကြရမည့် အချိန်ဖြစ်
သလို ရောဂါဖြစ်မည့် နောက်တစ်ယောက်သည် သင်ဖြစ်နိုင် သည်ကို သတိချပ်ရန်လိုသည်ဟု ၎င်းကအကျယ်တဝင့်
ရှင်းပြ ထားသည်။
.
ရန်ကုန်တိုင်းဒေသကြီး
ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက မတ်လ ၅ ရက်က UNOPS၊ ရန်ကုန်မြို့တွင် မြန်မာနိုင်ငံတဝန်းမှ
မီဒီယာများဖြင့် ပြုလုပ်သည့် COVID-19 အဆုတ်ရောင် ရော ဂါနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲတွင်
ဒေါက်တာ သက်စုမွန်၏ ရှင်းလင်း တင်ပြချက်တွင် သတင်းတု၊ သ တင်းမှားများကြောင့် ပြည်သူလူထုအကြား
မလိုလားအပ် သော ထိတ်လန့်မှုများမဖြစ်ပေါ်စေရန်၊ ရောဂါနှင့်ပတ်သက် ၍ မှန်ကန်သော အသိပညာများ
ရရှိစေရန်၊ ရောဂါဖြစ်ပွားမှုရှိ ပါက ထိရောက်စွာ ထိန်းချုပ်နိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှု
အားကောင်းစေရန် ရည်ရွယ်ချက်များကို အချက်အလက် ပြည့် စုံစွာဖြင့် ပြောကြားခဲ့သည်။
.
၎င်းမှ အဓိကရှင်းလင်းသည်များမှ
ကောက်နုတ်ဖော်ပြရ မည်ဆိုလျှင် ရောဂါပိုး၏အရင်းအမြစ်ကို စုံစမ်းနေဆဲဖြစ်ပြီး လူ မှ လူသို့
ကူးစက်တတ်ကြောင်း တွေ့ရှိခြင်း။ အဆိုပါ ရောဂါပိုး မှာ တိရစ္ဆာန်များမှာသာမက လူတွေမှာပါ
တွေ့နိုင်သည့် ကြီး မားသည့် ဗိုင်းရပ်စ်အုပ်စု တစ်မျိုးဖြစ်ပြီး လူကို ကူးစက်ခံရ သည့်အခါ
ပုံမှန်တုပ်ကွေးလက္ခဏာမှသည် ပြင်းထန်သည့် အ သက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများအထိ
ဖြစ်ပွားတတ် ခြင်းပင် ဖြစ်ခြင်းတို့ ဖြစ်ကြောင်း ပါရှိသည်။
.
၎င်းမှ နှိုင်းယှဉ်ပြခဲ့သည့်
ကမ္ဘာတွင် ၂၀၀၃ ခုနှစ်က ဖြစ် ပွားခဲ့သည့် SARS ရောဂါမှာ နိုင်ငံပေါင်း ၂၆ နိုင်ငံမှ
လူဦး ရေ ၈၀၉၈ ဦး ဖြစ်ရာတွင် သေဆုံးသူ ၇၇၄ ဦး သေဆုံးခဲ့ ကြောင်း သို့အတွက် ဖြစ်ပွားမှု၏
၁၀ ရာခိုင်နှုန်းနီးပါးမျှ သေ ဆုံးခဲ့ခြင်းဖြစ်ကြောင်း၊၂၀၁၂ က နိုင်ငံပေါင်း ၂၇ နိုင်ငံတွင်
ဖြစ်ပွားခဲ့သည့် MARS ရောဂါမှာ ရောဂါဖြစ်သူ ၂၄၉၄ ဦးတွင် သေဆုံးသူ ၈၅၈ ဦးရှိသဖြင့် ရာခိုင်နှုန်း
၄၀ နီးပါးမျှသေဆုံးရ ခြင်းဖြစ်ကြောင်း ယခုကိုရိုနာဗိုင်းရပ်စ်၏ လက်ရှိသေဆုံးမှုမှာ
ဖြစ်ပွားသူ တစ်သိန်းကျော်တွင် သေဆုံးသူ ၄၀၀၀ နီးပါးရှိလာ သည့်အတွက် လူဦးရေ ၁၀၀ တွင် ၄ ဦးခန့်သာ သေဆုံးခြင်း ဖြစ်သည်ဟု
ဒေါက်တာသက်စုမွန်က နှိုင်းယှဉ်ပြခဲ့သည်။
.
သံသယလူများကို ကုသရာတွင်လည်း
၈၀ ရာခိုင်နှုန်း ခန့်မှာ သာမန်ဆေးဝါးများဖြင့် ကုသပျောက်ကင်းခဲ့ပြီးကျန် ၂၀ ရာခိုင်နှုန်းသာ
ပြင်းထန်သည့် ရောဂါပိုးသတ်ဆေးများဖြင့် ကုသရကြောင်း ၊ ကာကွယ်ကုသဆေးမှာ လက်ရှိတွင်မရှိ
သေးသဖြင့် ကိုယ်ခံအား မြှင့်တင်နိုင်ရေး အဓိကထားကုသရ ကြောင်း ဒေါက်တာသက်စုမွန်က ပြောကြားခဲ့သည်။
အဓိက မှာ သတင်းမှန်များဖြင့် လူထုအကြား ရောဂါအခြေအနေကို သိရှိနိုင်ရေး အရေးကြီးကြောင်း
၎င်းကဆိုခဲ့သည်။
.
ကိုရိုနာဗိုင်းရပ်စ်
ရောဂါနှင့်ပတ်သက်၍ သတင်းစာဆရာ Hacker က ကိုရိုနာဗိုင်းရပ်စ်ခေါ် COVID-19 နှင့်ပတ်သက်၍
သ တင်းအမျိုးမျိုး ကောလာဟလ အမျိုးမျိုးဖြန့်ချိသူများရှိနေကြ သလို နက်နက်မတူးဘဲ လိုရာဆွဲရေးနေကြသော
အရေးသား များလည်း ရှိနေသည်ဟုဆိုကာ ဖွသတင်းများအနက် အမေရိ ကန်စာရေးဆရာတစ်ဦးရေးသည့်
The Eyes of Darkness ဝတ္တုနှင့် ကိုရိုနာဗိုင်းရပ်စ် ဆက်နွယ်နေပုံကို ဥပမာပေးဖော်ပြခဲ့
သည်။
.
အမေရိကန် လျှို့ဝှက်သဲဖိုစာရေးဆရာ
Dean Koontz ရေးသားခဲ့သည့် The Eyes of Darkness ဟူသည့်ဝတ္တု ထဲတွင် Wuhan 400 ဟူသည့်လူလုပ်ဗိုင်းရပ်စ်
တစ်ခုအ ကြောင်းပါရှိခဲ့သည်။ တရုတ်နိုင်ငံဝူဟန် မြို့ပြင်ရှိ မျိုးရိုးဗီဇ ပြုပြင်ခြင်းဆိုင်ရာ
ဓာတ်ခွဲခန်းတစ်ခုမှ ဖန်တီးသော Wuhan 400 ဟူသည့် လူလုပ်ဗိုင်းရပ်စ်ပိုး တစ်မျိုး၏ အချက်အလက်
များကို Li Chan ဟူသည့် တရုတ်သိပ္ပံပညာရှင် တစ်ဦးက သယ်ဆောင်ကာ အမေရိကန်သို့ ထွက်ပြေးခိုလှုံတော့မည့်
အကြောင်း Wuhan 400 ဟု အမည်ပေးရခြင်းမှာလည်း ဝူ ဟန်မြို့တွင် ပြုလုပ်ပြီး မျိုးကွဲပေါင်း
၄၀၀ ခန့်အထိအလိုအ လျောက် သန္ဓေပြောင်းနိုင်သဖြင့် ထိုသို့အမည်ပေးရခြင်းဖြစ် ကြောင်းတို့ကို
ရေးသားထားခြင်းဖြစ်သည်။
.
ယင်းသို့အတိတ်ကို
ပြန်လည်တူးဆွ ဖွသူမှာ ဗြိတိန်အ ခြေစိုက် Daily Mail သတင်းဌာနဖြစ်နိုင်ချေရှိနိုင်သည်မှာ
ယင်း သတင်းဌာနသည် အတင်းအဖျင်း gossip သတင်းမျိုးစုံကို တင် လေ့ရှိသည့် ဌာနဖြစ်ကာ ယခု
Dean Koontz ၏ စာအုပ်ကို အစ ဆွဲထုတ်၍ ဖွခြင်းဟု ယူဆနိုင်ပါသည်။
.
Dean Koontz ၏စာအုပ်ကို
နောက်ကြောင်းပြန် နက်နက် ထပ်တူးလေသော် The Eyes of Darkness ကို ၁၉၈၁ ခုနှစ်က ပထမအကြိမ်
ထုတ်ဝေစဉ် ကလောင်အမည် Leigh Nichols ဟု သုံးစွဲခဲ့ကာ ထင်ကြေးဖြင့် သုံးစွဲနေသည့် စာသားများမှာလည်း
တရုတ်ဟု မရည်ညွှန်းဘဲ ရုရှားကို ရည်ညွန်းထားသလို ဗိုင်း ရပ်စ် အမည်မှာလည်း
(Gorki-400) ဟူသတည်း။
.
အမေရိကန်သို့ ထွက်ပြေးမည့်
သိပ္ပံပညာရှင်မှာလည်း iLya Poparopov အမည်ဖြင့် ပါရှိရာ ၁၉၈၉ ခုနှစ်၊ ဒုတိယအကြိမ် ဖြန့်
ချိရာတွင်မှ နေရာ၊ အမည်များကို ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ယခုတွင်မူ စစ်အေးတိုက်ပွဲလဲပြီးချိန်
တရုတ်ကလည်း စန်းထ ချိန်ဖြစ်၍ ဝူဟန်ဖြင့် ထပ်မံရေးသားခြင်းမှာ ယခုအချိန်တွင် `ပေါက်`နေခြင်းပင်ဖြစ်တော့သည်။
.
သတင်းမှားများသည် သတင်းအစစ်ကို ပုံပြောင်း၍ လည်းကောင်း၊ သတင်းအတုများသည် တစ်စုံတစ်ရာ ရည်ရွယ်ချက် ဖြင့် ဖန်တီး၍လည်းကောင်း၊ သတင်းယောင်များသည် သတင်း အစစ်ကဲ့သို့ အစစ်နှင့် အတုရောထွေးရေးသားခြင်းဖြင့် လူအ များစိတ်ဝင်စားဖွယ် ဖန်တီးတတ်ကြသဖြင့် အများပြည်သူ သ တိထားမိကာ ရှောင်ရှားတတ်စေရန် အသိလိုမည်ဖြစ်သည်။
.
သတင်းမှားများသည်
သတင်းအစစ်ကို ပုံပြောင်း၍ လည်းကောင်း၊ သတင်းအတုများသည် တစ်စုံတစ်ရာ ရည်ရွယ်ချက် ဖြင့်
ဖန်တီး၍လည်းကောင်း၊ သတင်းယောင်များသည် သတင်း အစစ်ကဲ့သို့ အစစ်နှင့် အတုရောထွေးရေးသားခြင်းဖြင့်
လူအ များစိတ်ဝင်စားဖွယ် ဖန်တီးတတ်ကြသဖြင့် အများပြည်သူ သ တိထားမိကာ ရှောင်ရှားတတ်စေရန်
အသိလိုမည်ဖြစ်သည်။
.
သတင်းနည်းပညာခေတ်တွင်
သတင်းအစစ်များကို ပုံ ဖျက်ကာ ဖော်ပြနိုင်သကဲ့သို့ Fact-Checking လုပ်သည့် နည်း ပညာများဖြင့်
အတုများကို ဖော်ထုတ်လာနိုင်ပြီဖြစ်သည်။ သို့ သော် သာမန်လူများအတွက်တော့ ချက်ချင်းဖတ်ချက်ချင်း
ယုံခြင်း ဖြစ်သည့်အတွက် ချင့်ချိန်တွေးဆ ဆန်းစစ်နိုင်ရန် သတင်းတုနှင့် သတင်းမှားများကို
ခွဲခြားနိုင်ရန် အရေးကြီးပါ သည်။
.
လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် ခန္ဓာကိုယ် ပြင်ပတွင်
မည်မျှကြာကြာ အသက်ရှင်သည်ကို အတိအကျ မသိသေးရသလို ကာကွယ်ကုသဆေးမှာလည်း ထုတ်လုပ် နိုင်ရန်
စစ်းသပ်ဆဲသာဖြစ်ခြင်းဟု သိရသဖြင့် လူထူထူရှိ ရာသို့မသွားရန်၊ လိုအပ်မှသာ မျက်နှာဖုံးကို
(အရောင်ရင့် သည့်ဘက်ကို အပြင်မှာထားပြီး) စနစ်တကျတပ်ဆင်ရန်၊ မျက်နှာဖုံး၏ မျက်နှာစာများကို
ကိုင်တွယ်ခြင်းမပြုဘဲ ကြိုးမှ သာကိုင်တွယ် သုံးစွဲရန်၊ လက်ကိုသာစက္ကန့် ၂၀ မှ ၆၀ ကြာ
မကြာခဏဆေးကြောရန်၊ မသန့်သောလက်ဖြင့် မျက်နှာရှိ ပါးစပ်၊ နှာခေါင်းများသို့ ကိုင်တွယ်ခြင်းကို
သတိထားရှောင် ကြဉ်ရန်၊ သံသယလူနာနှင့် ၃ ပေအကွာတွင် နာရီဝက်ထက် မပိုသည့် တွေ့ဆုံစကားပြောမှုကိုသာ
ပြုလုပ်ရန်၊ သံသယလူ နာတွေ့လျှင် သက်ဆိုင်ရာများသို့ အမြန်အကြောင်းကြားရန်၊ အလွန်အမင်း
စိုးရိမ်ထိတ်လန့်ခြင်း မဖြစ်စေရန်၊ ကျန်းမာရေး ဌာနမှ ထုတ်ပြန်သည့် လမ်းညွှန်မှုကို
စဉ်ဆက်မပြတ်ဖတ်ရှု လေ့လာရန်၊ စသည်များဖြင့် အကြံပြုထားပါသည်။
.
သံသယလူနာကို ၂ ရက်မှ
၁၄ ရက်အတွင်း စောင့်ကြည့် မည် ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် တစ်ရက်အတွင်း ရောဂါအတည်
ပြု နိုင်စွမ်းရှိလာနေပြီဖြစ်သလို ထုတ်ပြန်ချက်များလည်း အချိန် နှင့် တစ်ပြေးညီထုတ်ပြန်နေကြောင်း၊
သတင်းဌာနများမှလည်း သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများထံ စဉ်ဆက်မပြတ် ဆက် သွယ်မေးမြန်းပြီး
လူထုသို့ သတင်းမှန်များ ပြန်လည်ဖြန့်ေ၀ အသိပေးလျက်ရှိပါကြောင်း တင်ပြလိုပါသည်။
.
လူမှုကွန်ရက်များအတွင်း
သတင်းတု၊ သတင်းမှားများ၊ ကောလာဟလများ လူသားများအကြား ပျံ့နှံ့နေသည်မှာ သ တင်းလမ်းမပေါ်မှာ၊
သတင်းလောကထဲမှာ၊ သတင်းအလွှာများ ထဲမှာ။ သတင်းတု၊ သတင်းမှား၊ ကောလာဟလဆိုသည်မှာ တစ်နည်းအားဖြင့်
လူသားအဖွဲ့အစည်းအတွက် အဆိပ်များ ပင်ဖြစ်ရာ ယင်းအဆိပ်များသည် နယ်ပယ်အချို့၏ ရင်ထဲ၊ စိတ်
ထဲ၊ ဘဝများထဲအထိပင်။ သို့အတွက် အဆိပ်များကို ဖယ်ရှား နိုင်ရေး အသိ/သတိများဖြင့် ဆင်ခြင်နိုင်ကြစေလိုပါသည်။
.
သတင်းအစစ်များကို
သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ အမှန် သတင်းဖော်ပြခြင်းဖြင့် ကျော်စောသည့် သတင်းစာစောင်များ၊
အတတ်ပညာရှင်များ ကထုတ်ပြန်နေကြသည်ကို သတိချပ်ပြီး လူမှုကွန်ရက်တွင် လူအများ၏ အကြောက်တရားများကို
အ သုံးချကာ ဖြန့်ဝေနေသည့် သတင်းတုများနှင့် ကောလာဟ လများကို ခွဲခြားသိမြင်နိုင်ကာ သတင်းစစ်၊
သတင်းမှန်များက ရရှိသည့် လမ်းညွှန်ချက်များဖြင့်
ရောဂါကန္တရကပ်မှ ထာဝရ ကင်းဝေးကြပါစေကြောင်း ဆန္ဒပြုလျက်။