မိုင်းယုတွင် အသွားအလာ တားမြစ်ပိတ်ပင်ခံရသူများအတွက် လူထုအခြေပြု စောင့်ကြည့်စခန်း ပြင်ဆင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယုတွင် အသွားအလာ တားမြစ်ပိတ်ပင်ခံရသူများအတွက် လူထုအခြေပြု စောင့်ကြည့်စခန်း ပြင်ဆင်


ကိုကိုနိုင် (မိုင်းယု)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် COVID-19 ရောဂါအခြေအနေများကြောင့် အသွားအလာ တားမြစ်ပိတ်ပင်ခြင်းခံရသည့် ပြည်ပမှပြန်လည်ဝင်ရောက်လာသူများ၊ နိုင်ငံရပ်ခြားမှ အလုပ်သွား ရောက်လုပ်ကိုင်ရာမှ ပြန်လာကြသည့် မြန်မာအလုပ်သမားများအား သီးသန့်ထား စောင့်ကြည့်နိုင်ရန်အတွက် လူထုအခြေပြုစောင့်ကြည့် စခန်း ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
 
.
အဆိုပါ  စခန်းပြင်ဆင်နေခြင်းကို မိုင်းယုမြို့၊ ကော်ဟိုလွယ်ခေတ္တတပ်စခန်းမှ ဗိုလ်မှူးကြီး အောင်ဇင်ဦး၊ အမှတ် ၁၀၀၈ နယ်ခြားတပ်ရင်းမှ တပ်မှူး ဗိုလ်မှူး  လုတ်ချာနှင့် တပ်မတော်သားများ၊ ၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုး၊ တိုက်နယ်ဆရာဝန်နှင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအဖွဲ့များနှင့် မြို့မရပ်ကွက် ပြည်သူများမှ လူထုအခြေပြု စောင့်ကြည့်စခန်း အတွက် လိုအပ်သည့် အစားအသောက်၊ သောက်သုံးရေ၊ လျှပ်စစ်မီး၊ အိပ်ရာ၊ ကုတင်၊ အဆောက်အဦ လေဝင်/ထွက်ကောင်းမွန်ရေး၊ ရောဂါပိုးသန့်စင်ပစ္စည်းများ စနစ်တကျ ထားရှိနိုင်ရေး၊ တာဝန်ကျဝန်ထမ်းများ အထူးဂရုပြုဆောင်ရွက်နိုင်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းစင်ကြယ်စေရေး တို့အတွက်  ဝိုင်းဝန်းကာ လူထုအခြေပြုစောင့်ကြည့်စခန်းကို ပြင်ဆင်ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူ ၉၀၀၀ ကျော် ရှိလာနေပြီဖြစ်ပြီး အဆိုပါ ပြည်ပမှ အလုံးအရင်းဖြင့် ပြန်လည် ဝင်ရောက်လာသူများ အနက် COVID-19 ရောဂါ ကူးစက်ခံရသူများ ပါဝင်လာနိုင်ခြေ များပြားကာ ကပ်ရောဂါကြီး (အသွင်ဖြစ်ရန် အလားအလာ အလွန်များနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၉ ရက်က သတိပေး ထုတ်ပြန်ထားသည်။
.

Journal Download

Photo of three cats