မိုင်းယောင်းတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပျံကျဈေးသည်များ ဖွင့်လှစ်ရောင်းချမှု မရှိစေရေး အသိပညာပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယောင်းတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပျံကျဈေးသည်များ ဖွင့်လှစ်ရောင်းချမှု မရှိစေရေး အသိပညာပေး


အားချာ
.
မြန်မာပြည်၏ အရှေ့ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင် စည်ပင်သာယာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့  ပူးပေါင်းပြီး ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း လူစုလူဝေးများ မဖြစ်စေရန် လမ်းဘေးတစ်လျှောက်  ပျံကျဈေးသည်များ ဖွင့်လှစ်ရောင်းချခြင်းမရှိစေရေးနှင့် ဆိုင်ထိုင်စားသောက်ခြင်း မရှိစေရေး အများပြည်သူ သိရှိနိုင်ရေးအတွက် ယနေ့ မတ်လ ၃၀ ရက်က လှည့်လည်အသိပညာပေးခဲ့ကြောင်း သိရသည်။
.
 
.
ထိုသို့ အသိပညာပေး ဆောင်ရွက်ရာတွင် မိုင်းယောင်းမြို့နယ် စည်ပင်သာယာရေးဌာနမှ အင်ဂျင်နီယာ ဦးစိုင်းဟိန်းလွှမ်းမိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များသည် မြို့နယ်စည်ပင်သာယာရေးဌာနမှ ထုတ်ပြန်သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၉ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ မြို့အတွင်း လမ်းတစ်လျှောက် ပျံကျဈေးသည်များ ဖွင့်လှစ်ရောင်းချခြင်းကို တားမြစ်ပိတ်ပင်သည့် အမိန့်ကြော်ငြာချက်နှင့် ဆိုင်ထိုင်စားသောက် ခြင်းကို တားမြစ်သည့် အမိန့်ကြော်ငြာချက်များကို မော်တော်ယာဉ်ဖြင့် လှည့်လည်အသိပညာပေး ဆော်ဩ ကြေညာ ခဲ့ကြောင်း သိရသည်။
.
ထို့နောက် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လူစုလူဝေးမဖြစ်ပေါ်စေရေး စားသောက်ဆိုင်များ၊ လူဘက်ရည်ဆိုင်များ၊ အအေးဆိုင်များနှင့် စားစရာရောင်းချသည့် ဆိုင်များတွင် ဆိုင်ထိုင် စားသုံးသူများအား ရောင်းချခြင်းမပြုဘဲ ပါဆယ်ထုတ်စနစ်ဖြင့်သာ ရောင်းချကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။
.

Journal Download

Photo of three cats