ကိုကိုနိုင်
(မိုင်းယု)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
မိုင်းယုမြို့ရှိ မိုင်းယု-ကျိုင်းယဲန်းတံတား၊ ကျိန်းယဲန်းဘက်ခြမ်းတွင် ယနေ့ မတ်လ
၂၄ ရက် နံနက်ပိုင်းမှစတင်၍ ဝင်ထွက်သွားလာခွင့် ယာယီပိတ်ပင်လိုက်ကြောင်း သိရသည်။
.
.
အထူးဒေသ(၄)(မိုင်းလား)အဖွဲ့နယ်မြေ၊
နမ့်ပန်းဒေသအုပ်ချုပ်ရေးရုံး၏ မတ် ၂၄ ရက်၊ နံနက်ပိုင်းတွင် အစည်းအဝေး ဆုံးဖြတ်ချက်များ အရ COVID-19
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သတ်၍ ကာကွယ်နိုင်ရန်အတွက် တံတား၏
အထူးဒေသ(၄)၊ ကျိန်းယဲန်းဖက်အခြမ်းကို ခရီးသည်ယာဉ်များ၊ ကုန်တင်ယာဉ်များ၊ ဆိုင်ကယ်နှင့်
လူများ ဝင်/ထွက်သွားလာခွင့် ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံ၊
တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်းနှင့် မိုင်းယုမြို့များမှ ခရီးသွားလာနေသည့်
ဒေသခံပြည်သူများကိုလည်း ကျိန်းယဲန်းဘက်မှ ပြန်ခွင့်မပြုသေးဘဲ အထူးဒေသ(၄)၊
နမ့်ပန်းတွင် ၁၅ ရက်အကြာ သီးသန့်နေစေ၍ ကျန်းမာရေး စစ်ဆေးမှုခံယူပြီးမှသာ
မိမိတို့နေအိမ်သို့ ပြန်လာခွင့်ပြုမည်ဖြစ်ကြောင်းနှင့် နမ့်ပန်းဒေသတွင်
အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ အနေဖြင့်လည်း မိမိဒေသသို့ ပြန်လိုပါက ပြန်ခွင့်ပြုထားကာ
အခြားသူများကို ဝင်/ထွက်ခွင့် မပြုတော့ကြောင်း သိရသည်။
.
မိုင်းယု-ကျိန်းယဲန်းတံတား
မိုင်းယုဘက်ခြမ်းတွင် ဇန်နဝါရီ ၂၉ ရက်မှ ယနေ့အထိ ဌာနဆိုင်ရာများ ပူးပေါင်း ပါဝင်သည့်
အဖွဲ့က ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊
နှာခေါင်းစည်း (Mask)များ
တပ်ဆင်သွားလာနိုင်ရေးနှင့် လိုက်နာရမည်နည်းလမ်းတို့ကို ပညာပေးစစ်ဆေးခြင်းများကို နေ့စဉ်
ပြုလုပ်ပေးလျက်ရှိ ကြောင်း သိရသည်။
.