မူဆယ် သစ်သီးဝလံ ဈေးကွက် အရောင်းအဝယ် ပြန်လည် မြင့်တက်လာနေ - Kanbawza Tai News

Breaking

Boxed(True/False)

Wednesday, March 4, 2020

မူဆယ် သစ်သီးဝလံ ဈေးကွက် အရောင်းအဝယ် ပြန်လည် မြင့်တက်လာနေ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ ၁၀၅ မိုင် သစ်သီးဝလံ ဈေးကွက်တွင် အရောင်းအဝယ် ပြန်လည် မြင့်တက်လာနေပြီဖြစ်သည်ဟု မူဆယ် ၁၀၅ မိုင် အခြေစိုက် ခွာညိုသစ်သီးပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင်ထံက သိရသည်။
.
“တရုတ်ဘက်က COVID-19 ရောဂါ ထိန်းချုပ်နိုင်တဲ့ စွမ်းရည် မြင့်တက်လာတာရယ်၊ ပျောက်ကင်းသူ ဦးရေ မြင့်တက်လာတာ၊ ကူးစက်နှုန်း၊ သေဆုံးနှုန်း ကျဆင်းလာတာကြောင့် ဝယ်လက် များလာပြီး ဈေးကွက် မြင့်တက်လာတာ ဖြစ်ပါတယ်။ အမှည့်အလွန်၊ လတ်ဆတ်ပြီး အရည်အသွေးတော့ ရှိရမယ်။ လမိုက်ည အလွန် အရုဏ်ဦးလင်းရောင်ခြည်လေးပါ”ဟု ဦးစိုင်းခင်မောင်က ပြောသည်။
.
ဖေဖော်ဝါရီလ ၂၉ ရက်တွင် မူဆယ် သစ်သီးဝလံဒိုင်သို့ ဝယ်လက် ၄၀၀ ဦး ရှိကာ 855 ဖရဲ ၁၅ စီး ဝင်ပြီး စီးပြတ် ၁၆ တန်ကို ယွမ် ၈၀၀၀ မှ ၁၅၀၀၀ အထိ ဈေးရှိခဲ့ကာ  ထဲ့ဝမ် AAA-AA စီးပြတ် ယွမ် ၂၀၀၀၀ - ၃၂၀၀၀ အထိ ရှိနေပြီး ဝူခုံး/ရွှေသခွား ကားစီးရေ ၁၆၂  ဝင်ကာ ၁ ကီလို၂ ဒသမ ၅ မှ ၄ ဒသမ ၃ ယွမ်အထိ၊ ရွှေဖရဲသခွား ၁ ဒသမ ၈ ယွမ်မှ ၃ ဒသမ ၂ ယွမ် အထိ ဈေး ရရှိနေပြီး တရုတ်ငွေ လဲလှယ်နှုန်းမှာ တစ်ယွမ်လျှင် ၂၀၂ ကျပ် ဖြစ်သည်ဟု သိရသည်။
.

“ 855 အကြားသီးတွေ အရည်အသွေး ကောင်းရင် ဈေးကွက် ပြန်ပွင့်ဖို့ မျှော်လင့်ချက် ရှိလာပါပြီ။ အရည်အသွေး ထိန်းဖို့ လိုပါတယ်။ လတ်ဆတ်မှု၊ အသီးပုံစံ၊ အခွံကြော လှပ မှုနဲ့ အမှည့်ဆိုဒ် ၈ဝ ရာခိုင်နှုန်း ဝန်းကျင် မကျော်ဖို့ သတိထားရပါမယ်” ဟု မူဆယ် သစ်သီးဝလံဒိုင် ဥက္ကဌ ဦးစိုင်းမြင့်ဗိုလ်က ပြောသည်။
.
ပြည်တွင်းဈေးကွက် အနေဖြင့် ဒိုက်ဦး၊ ညောင်လေးပင်၊ ပြွန်တန်ဆာဘက်တွင်လည်း စားသုံးမှု ဈေးကွက် မြင့်တက်လာနေသော်လည်း စိုက်ကွက် နုတ်ပင်မှာ တစ်ဧက အပင် ၃၀၀၀ မှ ၄၀၀၀ ခန့်အထိ ရှိနေကာ အပင် ၂၀၀၀ ခန့်သာ ကျန်ရှိသဖြင့် ဖရဲစိုက်တောင်သူများ တွက်ချေ မကိုက် ဖြစ်နေပြီး အစေ့မဲ့ ဖရဲမှာမူ ဈေးကွက်အတွင်း ဝယ်လက် မရှိကြောင်း သိရှိရသည်။
.
တရုတ်နိုင်ငံတွင်း ဖြစ်ပွားနေသည့် Covid-19 ရောဂါထိန်းချုပ်မှုကြောင့် နယ်စပ် ရောင်းဝယ်မှုများ လုံးဝ နီးပါး ပျက်သုဉ်းခဲ့ရပြီး တရုတ်နိုင်ငံ ကြယ်ဂေါင်ရှိ ဝမ်တိန်ဖရဲကွင်းတွင် ဖရဲသီးကား ၁၀၀ ကျော် အစုအပုံလိုက် ပျက်စီးခဲ့ရသဖြင့် နှစ်ဖက် ထိခိုက် နစ်နာမှုများ ရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)