မိုင်းတုံတွင် နွေရာသီရေရှားပါးမှုအတွက် ကမ္ဘောဇမှ လှူဒါန်းထားသည့် စက်ဖြင့် ချောင်းရေတင် ဖြန့်ဖြူးပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းတုံတွင် နွေရာသီရေရှားပါးမှုအတွက် ကမ္ဘောဇမှ လှူဒါန်းထားသည့် စက်ဖြင့် ချောင်းရေတင် ဖြန့်ဖြူးပေး


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံ မြို့တွင် နှစ်စဉ် နွေရာသီကာလ ရေ ရှားပါးမှုကို ဖြေရှင်းနိုင်ရန်အတွက် ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ လှူဒါန်းထား သည့်စက်ကို စေတနာရှင်များ၏ စက် သုံးဆီဖိုး ပံ့ပိုးမှုများဖြင့် ချောင်းရေ တင် ဖြန့်ဖြူးဆောင်ရွက်ပေး လျက် ရှိကြောင်း မိုင်းတုံမြို့နယ်စည်ပင်သာ ယာရေးဌာနမှ သိရသည်။
.
 
.
နှစ်စဉ်ကတော့ အလှူရှင်တွေ ပံ့ပိုးငွေနဲ့ စက်သုံးဆီဝယ်ပြီး မိုင်းတုံ မြို့ပေါ် ရပ်ကွက်တွေ နွေရာသီသုံး ရေအခက်အခဲ မဖြစ်အောင် ဆောင် ရွက်ပေးနေပါတယ်။ ရေထွက်က ဒီ အချိန်ဆိုရင် ခန်းပါတယ်”ဟု မိုင်း တုံမြို့နယ် စည်ပင်သာယာရေးဌာန မှ အမှုဆောင်အရာရှိ ဦးမြင့်နိုင်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မိုင်းတုံတွင် မြို့ပေါ်ရပ်ကွက်များ ဖြစ်သည့် မြို့မ၊ နောင်ပါရင်၊ ကွက် သစ်ရပ်ကွက်များရှိ အိမ်ခြေ ၂၀၀ ကျော်အတွက် ဟွေခန်ရေထွက်မှ ရေ ကို ပိုက်များဖြင့် သွယ်ယူကာ ဖြန့်ဖြူး ပေးနိုင်သော်လည်း နွေရာသီကာလ တွင် ရေထွက်များ ခန်းခြောက်လာ သဖြင့် သုံးရေအခက်အခဲ ဖြစ်ပေါ် လေ့ရှိရာ မိုင်းတုံမြို့ကို ဖြတ်သန်း စီးဆင်းနေသည့် နမ့်တုံချောင်းရေကို စက်ဖြင့်တင်ကာ ပင်မရေသိုလှောင် ကန်မှတစ်ဆင့် ဖြန့်ဖြူးပေးနေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော ဆိုခဲ့သည်။
.
ထို့အတူ မြို့နယ်အတွင်းရှိ ကျေး ရွာများတွင်လည်း ရေလုံလောက်မှု မရှိသည့် အခြေအနေ ဖြစ်ပေါ်လျက် ရှိရာ စေတနာရှင်များက စုပေါင်းပံ့ပိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိ ရသည်။
.
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က မိုင်း တုံမြို့တွင် နွေရာသီ ရေရရှိရေး အ တွက် ကမ္ဘောဇ အနာဂတ်အလင်း တန်းမြန်မာ ဖောင်ဒေးရှင်းမှ မြင်း ကောင်ရေ ၃၂ ကောင်ရှိ ရေတင်စက် လှူဒါန်းခဲ့ပြီး ရှမ်းပြည်နယ် အစိုးရမှ ပံ့ပိုးသည့် ဒီဇယ်ဖြင့် နွေ ရာသီကာလ ရေတင်ခဲ့ကာ နောက်ပိုင်းနှစ်များတွင် ဒီဇယ်ဖိုးအတွက် စေတနာရှင်များ၏ ပံ့ပိုးမှုဖြင့် မိုင်းတုံမြို့လူထု ရေအခက် အခဲအတွက် ဖြေရှင်းဆောင်ရွက်ပေး နေခြင်းဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats