မိုင်းတုံ-မိုင်းဆတ်လမ်းရှိ လမ်းကွေ့ များအား အကျယ် ၁၈ ပေအဖြစ် တိုးချဲ့မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းတုံ-မိုင်းဆတ်လမ်းရှိ လမ်းကွေ့ များအား အကျယ် ၁၈ ပေအဖြစ် တိုးချဲ့မည်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်း တုံ-မိုင်းဆတ်လမ်းပိုင်းမှ လမ်းအ ကွေ့ ၄၃ နေရာကို ဖြည်ပြီး အကျယ် ၁၈ ပေအဖြစ် တိုးချဲ့လမ်းအဆင့်မြှင့် တင်သွားမည်ဖြစ်ကြောင်း မိုင်းတုံမြို့ နယ်လမ်းဦးစီးဌာနမှ သိရသည်။
.
 
.
ယင်းလမ်းအကွေ့ ၄၃ နေရာအ နက် နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် လမ်း ၂၅၉ ကီလိုမီတာမှ ၂၇၀ ကီလို မီတာအတွင်း မျက်ကွယ်လမ်းကွေ့ ၂၁ နေရာ၊ အရှည် ၆၀ မီတာအား ကတ္တရာလမ်း တိုးချဲ့ခြင်း ဆောင်ရွက် ရန်အတွက် ပြည်နယ် ပြင်ဆင်ထိန်း သိမ်းရေးဘဏ္ဍာရန်ပုံငွေမှ ငွေကျပ် ၁၁၂ ဒသမ ၅၀ သန်းဖြင့် ဆောင် ရွက်သွားမည်ဖြစ်သည်ဟု သိရ သည်။
.
ကျောက်ခွဲလုပ်ငန်းတွေ စနေ ပါပြီ။ ၁၆ မိုင်ဘက်မှာပါ။ လမ်းကြိတ် စက်စတဲ့ ယန္တရားတွေလည်း ပုံပါ ကျင်ဘက်က ရွှေ့လာနေပါပြီ။ လုပ် ငန်းကာလကတော့ မိုးမကျခင် ပြီး စီးဖို့ မှန်းထားပါတယ်”ဟု ယင်းလမ်း ပိုင်း တာဝန်ကျ အင်ဂျင်နီယာ ဦးသံ ချောင်းက ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
အဆိုပါလမ်းပိုင်းရှိ ကျန်မျက် ကွယ်ကွေ့များနှင့် လမ်းပိုင်းများကို လမ်းဦးစီးဌာနရှိ အခြားအဖွဲ့များမှ တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ရာ ၃ လအတွင်း ဆောင်ရွက်ပြီးစီးနိုင်မည် ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြော ဆိုခဲ့သည်။
.
ယင်းကဲ့သို့ မိုင်းတုံ-မိုင်းဆတ် လမ်းတွင် မျက်ကွယ်ကွေ့များ ဖြေ လျှော့ခြင်းဖြင့် ယာဉ်အန္တရာယ်လျော့ နည်းစေမည့်အပြင် လမ်းအကျယ် တိုးချဲ့ခြင်း၊ လမ်းသားအဆင့်မြှင့်တင် ခြင်းတို့ကြောင့် သွားလာမောင်းနှင် နေသည့် ယာဉ်များ သက်သာစေမည် ဖြစ်ပြီး ယာဉ်မောင်းချိန် လျော့ကျစေ မည်ဖြစ်ရာ ကုန်စည်ကူးသန်း ရောင်း ဝယ်မှုများ၊ ခရီး သွားလာမှုများ ပိုမို လျှင်မြန် ကောင်းမွန်စေမည် ဖြစ် သည်ဟု ဒေသခံများက ပြောဆို လျက် ရှိသည်။
.

Journal Download

Photo of three cats