တရားဝင်အချက်အလက် ပြည့်စုံသည့် အေးခဲအသားငါးများကိုသာ ဝယ်ယူစားသုံးရန် မိုင်းဆတ်စည်ပင် ပြော - Kanbawza Tai News

Breaking

Boxed(True/False)

Tuesday, March 10, 2020

တရားဝင်အချက်အလက် ပြည့်စုံသည့် အေးခဲအသားငါးများကိုသာ ဝယ်ယူစားသုံးရန် မိုင်းဆတ်စည်ပင် ပြော


မင်းဇော်မင်း
.
အေးခဲအသားငါးများကို ဝယ် ယူစားသုံးရာတွင် တရားဝင်ကုန်အ မှတ်တံဆိပ်၊ ထုတ်လုပ်ရက်စွဲ သက် တမ်း ကုန်ဆုံးရက်၊ ကုန်အညွှန်း အမှတ်အသား အချက်အလက်များ အပြည့်အစုံ ပါဝင်သည့် စားသောက် ကုန်များကိုသာ ဝယ်ယူ စားသုံးရန် လိုအပ်သည်ဟု မိုင်းဆတ်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင် အရာရှိ ဦးကျော်နိုင်က ပြောဆိုခဲ့ သည်။
.
.
ယင်းကဲ့သို့ တရားဝင် ကုန်စည် အမှတ်တံဆိပ် အပြည့်အစုံ ပါဝင် သည့် စားသောက်ကုန်များ ရောင်း ချရေးအတွက် မိုင်းဆတ်မြို့တွင် မတ်လ ၆ ရက်က စျေးကွက်အတွင်း ကွင်းဆင်းစစ်ဆေး အသိပညာပေး မှုများ ပြုလုပ်စဉ် ဦးကျော်နိုင်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
ကွင်းဆင်း စစ်ဆေးမှုအား မြို့ နယ်အစားအသောက် ကြီးကြပ်ရေး ကော်မတီနှင့် မိုင်းဆတ်ခရိုင်/မြို့ နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာ နတို့ ပါဝင်သည့် ဌာနပေါင်းစုံ ပူး ပေါင်းအဖွဲ့မှ မိုင်းဆတ်မြို့မ စည်ပင် သာယာစျေးနှင့် ပြင်ပအရောင်းဆိုင် များကို သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“ကြက်ငှက်တုပ်ကွေး ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေဖို့ ကြိုတင် ကာကွယ်တဲ့အနေနဲ့ အများပြည်သူ ဘေးကင်းလုံခြုံစွာ စားသုံးနိုင်ဖို့၊ တ ရားမဝင် အေးခဲအသားငါးတွေ၊ သက် တမ်းလွန် စားသောက်ကုန်တွေ ရောင်းချမှု မရှိစေဖို့ ကွင်းဆင်းစစ် ဆေးတာဖြစ်ပါတယ်” ဟု မိုင်းဆတ် ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှ ဒေါက်တာနိုင်ထွန်းဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
စစ်ဆေးတွေ့ရှိချက်အရ ပုံပျက် နေသည့် တရားမဝင် အေးခဲကြက် သား ၂ ကောင် တွေ့ရှိသဖြင့် မီးရှို့ ဖျက်ဆီးခဲ့ပြီး အခြားအသားငါးများ အား ဓါတ်ခွဲစစ်ဆေးရန် တောင်ကြီး သို့ ပေးပို့ခဲ့ကြောင်းနှင့် စားသုံးရန် မသင့်ကြောင်း တွေ့ရှိပါက ဆက် လက် ရောင်းချခွင့် ပြုမည်မဟုတ် ကြောင်း ၎င်းက ဆက်လက်ပြောဆို ခဲ့သည်။
.
မိုင်းဆတ်တွင် ပြီးခဲ့သည့် ဖေ ဖော်ဝါရီလ ၄ ရက်က တရားမဝင် အေးခဲ အသားများ ဝယ်ယူရောင်းချ ခြင်း မပြုရန် အသိပညာပေး လက် ကမ်းစာစောင်များ ဖြန့်ဝေထားပြီး ယခုအခါ ပထမဦးဆုံးအကြိမ် ကွင်း ဆင်း စစ်ဆေးခြင်းဖြစ်ကာ ဒုတိယ အကြိမ်တွင် ထပ်မံ စစ်ဆေးတွေ့ရှိ ရပါက တည်ဆဲဥပဒေများအရ အ ရေးယူ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း သိရသည်။
.
မိုင်းဆတ် မြို့မစျေးအတွင်း စျေးဆိုင်ခန်းပေါင်း ၄၄၀ ခန့်ရှိသည့် အနက် အသားငါး အရောင်းဆိုင် ၈ ဆိုင် တည်ရှိပြီး စျေးပြင်ပတွင်ရောင်း ချသည့် သားငါး အရောင်းဆိုင်များ လည်း ရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)