တရုတ်နိုင်ငံတွင် ကြွက်မှ လူကို ကူးစက်သည့် ဗိုင်းရပ်စ်ပိုးကြောင့် လူ တစ်ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တရုတ်နိုင်ငံတွင် ကြွက်မှ လူကို ကူးစက်သည့် ဗိုင်းရပ်စ်ပိုးကြောင့် လူ တစ်ဦး သေဆုံး


မင်းဇော်မင်း
.
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ဗိုင်းရပ်စ်ပိုး တစ်မျိုးကြောင့် လူ တစ်ဦး သေဆုံးခဲ့ကြောင်း မတ်လ ၂၄ ရက်က CNBC  Daily Times သတင်းတွင် ဖော်ပြထားသည်။
.
ယင်းဗိုင်းရပ်စ်မှာ ကြွက်မှ လူကို ကူးစက်သည့်  ဗိုင်းရပ်စ်ပိုး တစ်မျိုး ဖြစ်ပြီး အဆိုပါ သေဆုံးသူသည် Shandong ခရိုင် အတွင်း ဘတ်စ်ကားပေါ်၌ ခရီးသွားနေစဉ် သေဆုံးရခြင်း ဖြစ်ကာ ဘတ်စ်ကားပေါ်ပါ အခြား သူ ၃၂ ဦးကိုလည်း ရောဂါ ကူးစက်ခံရခြင်း ရှိ/မရှိ စစ်‌ဆေးနေကြောင်း Global Times တွင် ဖော်ပြထားသည်။
.
ကြွက်မှ တဆင့် ကူးစက်သည့် Hantavirus ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးရခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ ရောဂါမှာ ၁၉၅၀ ခုနှစ်ဝန်းကျင်က အမေရိကန် - ကိုရီးယား စစ်ပွဲအတွင်း Hantan မြစ်အနီး၌ စတင် ဖြစ်ခဲ့သည်ကို အစွဲပြုကာ Hantavirus ရောဂါဟု ခေါ်တွင်ခဲ့ကြောင်း သိရသည်။
.

ယင်းရောဂါမှာ ကြွက်ချင်း မကူးစက်သည့် အပြင် လူချင်းလည်း ကူးစက်နိုင်မှု ရှားသော်လည်း ကြွက်သေးမှ လူသို့ အများဆုံး ကူးစက်ခြင်း ဖြစ်ပြီး သေဆုံးနှုန်းမှာ ၃၈ ရာခိုင်နှုန်းအထိ မြင့်မားကာ ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ အထူးသဖြင့် ဗိုက် အလွန်နာခြင်း၊ အဆစ်အမြစ်၊ ခါးအောက်ပိုင်း၊ နောက်ကျောဘက်များ နာပြီး ပျို့အန်မည်ဟု သိရသည်။
.
ရောဂါလက္ခဏာ ပြင်းထန်လာပါက ကျောက်ကပ် ပျက်ခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းခြင်း အဆုတ်တွင် အသက်ရှူရ ခက်ခဲခြင်းများ ဖြစ်ပေါ်လာကာ သေဆုံးနိုင်သဖြင့် သတိပြုရန် သတင်းများတွင် ဖော်ပြထားသည်။
.

Journal Download

Photo of three cats