နောင်ထောဝ်အထက်တန်းကျောင်းအတွက် ရှမ်းအစိုးရမှ ငွေကျပ် သိန်း ၃၀ ထောက်ပံ့ - Kanbawza Tai News

Breaking

Boxed(True/False)

Friday, March 6, 2020

နောင်ထောဝ်အထက်တန်းကျောင်းအတွက် ရှမ်းအစိုးရမှ ငွေကျပ် သိန်း ၃၀ ထောက်ပံ့


စိုင်းရာဇာ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်အခြေခခံပညာ အထက်တန်းကျောင်းအတွက် ရှမ်းပြည်နယ်အစိုးအဖွဲ့မှ ယနေ့ မတ်လ ၆ ရက်တွင် ငွေကျပ် သိန်း ၃၀ လှူဒါန်း ခဲ့ကြောင်း သိရသည်။
.
 
.
အဆိုပါ ထောက်ပံ့ငွေအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်နှင့် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းတို့မှ ကျောင်းအပ်ဆရာမကြီးထံ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“မီးလောင်ပျက်စီးသွားတဲ့ ကျောင်းကိုလည်း ပြန်လည်ပြုပြင်ပေးဖို့ လုပ်ဆောင်နေပါတယ်။ ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမတွေလည်း စိတ်မပျက်ပါနဲ့။ COVID-19 နဲ့ ပတ်သက်လို့လည်း မစိုးရိမ်ကြပါနဲ့။ လာမယ့် စာမေးပွဲမှာလည်း ကောင်းမွန်စွာ ဖြေဆိုနိုင်ကြပါစေ” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောဆိုခဲ့သည်။
.
နောင်ထောဝ်အခြေခံပညာအထက်တန်းကျောင်းရှိ ယင်းကျောင်းဆောင်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်၊ ညပိုင်းက မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ကျောင်းဆောင် မျက်နှာကျက်များ၊ သစ်သားတိုင်များ၊ သစ်သားတန်းများ မီးလောင် ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
.
အလှူငွေ ပေးအပ်လှူဒါန်းပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ကျောင်းသား/သူများ၊ ဆရာ/ဆရာမများ၊ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)