မိုင်းကိုင်ရှိ ဟမ်းငိုင်းရွာသို့ စစ်ဘေးရှောင်များ ရောက်ရှိလာနေ - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, March 1, 2020

မိုင်းကိုင်ရှိ ဟမ်းငိုင်းရွာသို့ စစ်ဘေးရှောင်များ ရောက်ရှိလာနေ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ လွိုင်တောင်း တောင်အနီးရှိ ကျေးရွာများမှ တိုက်ပွဲရှောင်လာသူများ တဖွဲဖွဲရောက်ရှိလာနေကြောင်း မိုင်းကိုင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံ ထံက သိရသည်။
.

.
ရဟတ်ယာဉ်လဲ တောက်လျှောက်ဝဲနေတယ် အသံတွေလဲကြားနေရတယ် စစ်ပွဲအရှိန်မြင့်လာပြီး နယ်ကျယ်လာမှာ စိုးရိမ်လို့ ရွာတွေက ကြိုတင်ရှောင်ရှားလာနေတာ ဖြစ်တယ် ဟမ်းငိုင်းက ဘုန်းကြီးကျောင်း ကျောင်းရှိတယ်လူ ၂၀၀ လောက်ရောက်လာနေပြီစာရင်းတွေပြုစုပြီး အထောက်အပံ့တွေလုပ်ဖို့ရှိမယ် ထပ်လဲရောက်လာမှာပါဟု ဦးစိုင်းလုံက ဖေဖော်ဝါရီ ၂၉ ရက် ညပိုင်းတွင် ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
RCSS/SSA တပ်ဖွဲ့နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားရာ လွယ်တောင်းအနီးရှိ လွယ်စန်ရွာမှာ ကြားညှပ်နေသည့် သဘောရှိနေပြီး အခြားရွာများဖြစ်သည့် ဟာဆား၊ စလိုင်း စသည့်ရွာများမှ ရွာသူရွာသား ၂၀၀ ခန့် သည် မ်းငိုင်း ဘုန်းကြီးကျောင်း ၂ ကျောင်းသို့ ရောက်ရှိလာနေကြောင်း ၎င်းက ပြောသည်။
.
ဖေဖော်ဝါရီလ ၂၇ ရက်ကတည်းက စတင်ဖြစ်ပွားလာသည့် တပ်မတော်နှင့် RCSS တပ်များ လွယ်တောင်း တောင်ခြေစခန်းကုန်းတိုက်ပွဲမှာ ၂၈ ရက် တွင် လက်နက်ကြီးဖြင့်ပစ်ခတ်မှုသာရှိနေခဲ့ရာမှ ၂၉ ရက် ညနေပိုင်းတွင်မူ အနီးဝန်းကျင်ရွာများမှ တိုက်ပွဲရှောင်များ မိုင်းကိုင်မြို့အနီး ဟမ်းငိုင်းကျေးရွာသို့ ရောက်ရှိခိုလုံလာကြခြင်း ဖြစ်ကြောင်း သိရသည်။
.
မနေ့က ၁၃ မိုင်ဝေးတဲ့ မိုင်းကိုင်ကတောင် တစ်ညလုံးကြားနေရတယ် ဒီမနက်က စလိုက်တာ ညနေ ၃ နာရီခွဲ ရဟတ်ယာဉ် ဗုံးလာကြဲပြီး ၄ နာရီခွဲလောက်မှာ ငြိမ်သွားတယ် စစ်ရှောင်တာ့ ၂၀၀ လောက်ရောက်လာနေတယ်စ်ဖွဲဖွဲပဲ နောက်ထပ် လဲရောက်လာဖို့ ရှိသေးတယ် ရောက်လာသူတွေကို အားပေးစကားသွားပြောပြီး လိုအပ်တာ တွေ ကူညီဖို့လုပ်နေကြပါတယ် ကာလရှည်ရင်တော့ အကူအညီများများ လိုပါလိမ့်မယ်ဟု ကျေးသီးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံမိုင်းက ဖေဖော်ဝါရီလ ၂၉ ရက်တွင် ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျေးသီးမြို့နယ်၊ ဝမ်ကျင်ကျေးရွာအုပ်စု၊ ဖတ်နန်ဘုန်းကြီးကျောင်းတွင် လွယ်တောင်းအနီးရှိ ကောင်းမူး၊ မမန့် ကျေးရွာများမှ စစ်ရှောင် ၁၁၄ ဦးရောက်ရှိကာ ဆွေမျိုးအသိမိတ်ဆွေများအိမ်တွင် လူဦးရေ ၅၀ ခန့် ရောက်ရှိလာနေ ကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သ်က၍ RCSS နှင့်တပ်မတော်သတင်းမှန်ပြန်ကြားရေးသို့ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရရှိခဲ့ချေ။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)