မိုင်းကိုင်တိုက်ပွဲအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရသည့် စစ်ဘေးရှောင်ဒေသခံများအား ရှမ်းပြည်နယ်အစိုးရက ကူညီပေးရန် လွှတ်တော်ကိုယ်စားလှယ် တောင်းဆို - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, March 14, 2020

မိုင်းကိုင်တိုက်ပွဲအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရသည့် စစ်ဘေးရှောင်ဒေသခံများအား ရှမ်းပြည်နယ်အစိုးရက ကူညီပေးရန် လွှတ်တော်ကိုယ်စားလှယ် တောင်းဆို


စုလှိုင်
.
ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန် နှင့် မတ်လဆန်းက ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင် နှင့် ကျေးသီးမြို့နယ် များတွင် ဖြစ်ပွား ခဲ့သည့် တပ်မတော်နှင့် RCSS/ SSA တို့၏ တိုက်ပွဲအတွင်း လူ့အခွင့် အ ရေး ချိုးဖောက်ခံ ခဲ့ရသည့် စစ်ဘေး ရှောင် ဒေသခံများအတွက် ရှမ်း ပြည်နယ် အစိုးရအဖွဲ့က ကူညီဖြည့် ဆည်းပေးရန် မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံ က ပြောဆိုခဲ့သည်။
.
.
“တိုက်ပွဲက ရေရှည်မဟုတ်ဘူး၊ ခဏလေးပဲ။ ဒါပေမဲ့ တိုက်ပွဲဖြစ်တဲ့အ ခါ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်။ အဲဒီအတွက် ရှမ်းပြည်နယ် အစိုးရက ပြန်ကြည့်ပေးဖို့ တောင်း ဆိုချင်တယ်။ စစ်ပြေးရှောင်တဲ့အချိန် မှာ မကူညီချင် နေပါ။ ထိခိုက်နစ်နာ သွားတဲ့ပြည်သူတွေ၊ လူ့အခွင့်အရေး ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေအတွက် လျော်ကြေးပေးဖို့ တောင်းဆိုချင်ပါ တယ်”ဟု ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးစိုင်းလုံက ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
အဆိုပါ တိုက်ပွဲကြောင့် စစ် ဘေးရှောင် ၂၉၄ ဦး ရောက်ရှိခဲ့ကာ မတ်လ ၆ ရက်တွင် ဗျူဟာမှူး၏ ခွင့် ပြုချက်အရ နေရပ်ပြန်သွားကြပြီဖြစ် ကြောင်းနှင့် စစ်ဘေးရှောင်များအား ပြည်နယ်အစိုးရမှ ထောက်ပံ့မှု မရှိခဲ့ ကြောင်း ၎င်းကဆက်လက် ပြောဆို ခဲ့သည်။
.
ဖေဖော်ဝါရီလ ၂၇ ရက်က စ တင်ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် RCSS တပ်များ လွယ်တောင်း တောင်ခြေစခန်း ကုန်းတိုက်ပွဲမှာ ဖေဖော်ဝါရီလ ၂၈ ရက်မှ စတင်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ရှိ လာသဖြင့် ဖေဖော်ဝါရီလ ၂၉ ရက် ညပိုင်းတွင် ဒေသခံ ကျေးရွာသား များမှ မိုင်းကိုင်မြို့အနီးရှိ ဟမ်းငိုင်း ကျေးရွာသို့ စစ်ဘေးရှောင် ရောက် ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
တိုက်ပွဲအတွင်း လူနေအိမ် ၂၄ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန အနေဖြင့် လူ ၂၉၄ ဦးအတွက် ဆန် ရိက္ခာ ၇ ရက်စာ ၆၁၇၄၀၀ ကျပ်၊ တစ်အိမ်လျှင် ၅၀၀၀၀ ကျပ်နှုန်းဖြင့် အိမ်ဆောက် ပစ္စည်းတန်ဖိုး ၇၀၀၀၀၀ ကျပ်၊ စုစုပေါင်း ၁၂၇၁၄၀၀ ကျပ်၊ အိမ်ထောင်စု ၈၉ စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုး တို့ ကို ထောက်ပံ့ ပေးအပ်ခဲ့သည်ဟု ရှမ်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစိုးနိုင်ထံက သိရသည်။
.
ရှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)သည် ၂၀၁၅ ခုနှစ်က အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် ပထမဆုံး ချုပ်ဆိုခဲ့သည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့အနက် တစ်ခုအပါအဝင်ဖြစ်ပြီး မကြာမီကာ လအတွင်း ၎င်းတို့ဦးဆောင်၍ ရှမ်း လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပသွား ရန်ရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)