မိုင်းကိုင်ရှိ တိုက်ပွဲရှောင် ၃၀၀ ကျော် နေရပ်ပြန်ခွင့်မရသေးသဖြင့် စားဝတ်နေရေး ခက်ခဲနေ ဟုဆို - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, March 5, 2020

မိုင်းကိုင်ရှိ တိုက်ပွဲရှောင် ၃၀၀ ကျော် နေရပ်ပြန်ခွင့်မရသေးသဖြင့် စားဝတ်နေရေး ခက်ခဲနေ ဟုဆို


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ဟမ်းငိုင်းကျေးရွာသို့ ရောက်ရှိနေသည့် တိုက်ပွဲရှောင် ၃၀၀ ခန့်မှာ လုံခြုံရေးအခြေအနေအရ နေရပ်ပြန်နိုင်ခြင်း မရှိသေးသဖြင့် စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရ သည်ဟု မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်က ပြောသည်။
.

.
“ကျွန်တော်နဲ့ ကျေးသီးက စိုင်းစံမိန်းတို့ ဦးဆောင်ပြီး ရွာသား ၇၀ ကျော်က ရွာပြန်ဖို့သွားတာ လှုပ်ရှားစစ်ကြောင်း က လုံခြုံရေးအရ ခွင့်မပြုဘူးလို့ ပြောတာနဲ့ ပြန်လာခဲ့ရတယ်။ ၂ ရက်၊ ၃ ရက်က အကြောင်း မဟုတ်ပေမဲ့ ရက်ကြာလာတော့ စားဝတ်နေရေး အခက်အခဲ စကြုံလာပြီ။ ဖောင်ဒေးရှင်းတွေကိုတော့ အကူအညီ တောင်းထားတယ်။ မြို့ကလည်း တတ်နိုင်သမျှ ကူညီနေကြတယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန် က မတ်လ ၄ ရက်တွင် ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မိုင်းကိုင်တိုက်ပွဲများအတွင်း မူလက ညှိနှို်ငးမှုအရ တိုက်ပွဲများ ရပ်တန့်သွားပြီးနောက် ရွာသို့ ပြန်နိုင်ခဲ့သော်လည်း မတ်လ ၂ ရက်တွင် ရွာအတွင်း ကျရောက်သည့် ပစ်ခတ်မှုများကြောင့် ဖာဆားနှင့် ကုန်းညောင်ရွာများမှ ဟမ်းငိုင်းကျေးရွာအနောက်ဘက်ရှိ ကုန်းစုံကျောင်းတွင် ၇၇ ဦး၊ ကျောင်းလွယ်တွင် ၂၈၂ ဦး၊ စုစုပေါင်း ၃၅၉ ဦး တိုက်ပွဲရှောင် ရောက်ရှိလာနေကြောင်း ဦးစိုင်းပန်ထံက သိရသည်။
.
ထို့အတူ ကျေးသီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံမိန်းကလည်း “ဒီဘက်မှာတော့ အားလုံးနီးပါး ပြန်ကုန်ကြပြီ။ အမျိုးအဆွေတွေနဲ့ နေတဲ့သူ ၅၀ လောက်ပဲ ရှိတော့တယ်” ဟု ပြောဆိုခဲ့သည်။
.
တိုက်ပွဲရှောင် ရွာသားများအနေဖြင့် ၎င်းတို့၏ အိမ်များ၊ မွေးမြူထားသည့် တိရစ္ဆာန်များ၊ စိုက်ပျိုးပင်များကို ပစ်ထားခဲ့ရသည့်အတွက် နေရပ်သို့ပြန်ရန် ဆန္ဒရှိနေကြသော်လည်း လှုပ်ရှားစစ်ကြောင်းများက ခွင့်မပြုသဖြင့် ရွာသို့ ပြန်နိုင်ခြင်းမရှိသေးဘဲ ရက်ကြာမြင့်လာပါက စီးပွားပျက်မည့်အပြင် စားနပ်ရိက္ခာနှင့် ကျန်းမာရေး ချို့ယွင်းလာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)