ရှမ်းပြည်နယ်အတွင်း၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ တတိယနေ့တွင် ထပ်မံပျက်ကွက်သူ မရှိ - Kanbawza Tai News

Breaking

Boxed(True/False)

Friday, March 13, 2020

ရှမ်းပြည်နယ်အတွင်း၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ တတိယနေ့တွင် ထပ်မံပျက်ကွက်သူ မရှိ


စုလှိုင်
.
၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၊ တတိယနေ့ဖြစ်သော ယနေ့ မတ်လ ၁၃ ရက်တွင် သင်္ချာဘာသာရပ်ကို ရှမ်းပြည်နယ်အတွင်းရှိ စာဖြေဌာနအသီးသီး၌ ဖြေဆိုလျက်ရှိရာ ယနေ့တွင် ထပ်မံပျက်ကွက်သူ မရှိခဲ့ကြောင်း သိရသည်။
.
 
.
ရှမ်းပြည်နယ်၌ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုရာတွင် ကျောင်းသား/ကျောင်းသူ ၄၀၉၅ ဦး ပျက်ကွက်ခဲ့ပြီး ယနေ့ တတိယနေ့ သင်္ချာဘာသာရပ်တွင် ထပ်မံပျက်ကွက်သူ မရှိဘဲ ယမန်နေ့အတိုင်း ၄၀၉၅ ဦးသာ ပျက်ကွက်ခြင်း ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲသို့ ဖြေဆိုရန် လျှောက်ထားခဲ့သော ကျောင်းသား/ကျောင်းသူ ၆၆၄၉၅ ဦး ရှိသည့်အနက် စာမေးပွဲ တတိယနေ့ ဖြစ်သော သင်္ချာဘာသာရပ် ဖြေဆိုသည့်နေ့တွင် ကျောင်းသား/ကျောင်းသူ ၆၂၃၈၇ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း ရှမ်းပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းတွင် စာစစ်ဌာန ၁၀၀ ရှိပြီး၊ စာရင်းရှိ ကျောင်းသား/ကျောင်းသူ ၄၁၇၅၈ ဦး၊ ဖြေဆိုသူ ၃၉၂၃၈ ဦး၊ ပျက်ကွက်သူ ၂၅၂၀ ဦးရှိ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စာစစ်ဌာန ၄၀ ခု၊ စာရင်းရှိ ကျောင်းသား/ကျောင်းသူ ၁၉၂၆၈ ဦး၊ ဖြေဆိုသူ ၁၈၁၁၇ ဦး၊ ပျက်ကွက်သူ ၁၁၅၁ ဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် စာစစ်ဌာန ၁၇ ခု၊ စာရင်းရှိ ကျောင်းသား/ကျောင်းသူ ၅၄၆၉ ဦး၊ ဖြေဆိုသူ ၅၀၃၂ ဦး၊ ပျက်ကွက်သူ ၄၃၇ ဦးရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲကို ဆေးရုံမှ ဖြေဆိုသူ တောင်ကြီးစာစစ်ဌာနတွင် ၁ ဦး၊ ဟိုပုံးစာစစ်ဌာနတွင် ၁ ဦး စုစုပေါင်း ၂ ဦး ရှိကြောင်း ရှမ်းပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။
.
၂၀၂၀ ပြည့်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၁၁ ရက်မှ စတင်ဖြေဆိုကာ ၂၀ ရက်အထိ ဘာသာရပ် အလိုက် သက်ဆိုင်ရာစာဖြေဌာနအသီးသီးတွင် ဖြေဆိုနေခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)