ရှမ်းပြည်နယ်အတွင်း၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ သမိုင်းဘာသာရပ် ဖြေဆိုရန် ပျက်ကွက်သူ ၅၀၀ ကျော်ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အတွင်း၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ သမိုင်းဘာသာရပ် ဖြေဆိုရန် ပျက်ကွက်သူ ၅၀၀ ကျော်ရှိ


စိုင်းရာဇာ
.
တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ ၁၁ ရက်မှ စတင်၍ မြန်မာနိုင်ငံတစ်ဝှမ်း သက်ဆိုင်ရာ စာဖြေဌာန အသီးသီးတွင် ဖြေဆိုလျက်ရှိရာ ယနေ့ မတ်လ ၂၀ ရက်၌ ရှမ်းပြည်နယ်အတွင်း သမိုင်းဘာသာရပ် ဖြေဆိုရန် ပျက်ကွက်သူ ကျောင်းသား/သူ ၅၀၀ ကျော် ရှိခဲ့ကြောင်း သိရသည်။
.
 
.
ရှမ်းပြည်နယ်ရှိ စာစစ်ဌာန ၁၂၃ ခု တွင် သမိုင်းဘာသာရပ် ဖြေဆိုရန် စာရင်းပေးသွင်းထားသူ ကျောင်းသား/ကျောင်းသူ ၇၂၀၁ ဦး ရှိသည့်အနက် ၆၆၉၄ ဦး ဖြေဆိုခဲ့ရာ ပျက်ကွက်သူ ၅၀၇ ဦး ရှိကြောင်း သိရသည်။
.
တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို မြန်မာ တစ်နိုင်ငံလုံးတွင် ဖြေဆိုရန် စာရင်း ပေးသွင်းထားသူ စုစုပေါင်း ၉၇၁၄၀၇ ဦး ရှိပြီး ယနေ့ မတ်လ ၂၀ ရက်တွင် သမိုင်းဘာသာရပ်ကို ဖြေဆိုနေကြခြင်းဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats