စုလှိုင်
.
ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီး
မြို့မဈေးကို ပိတ်၍ မတ်လ ၁၈ ရက်တွင် ဆေးဖျန်းမည် ဆိုခြင်းမှာ မဟုတ်ဘဲ သတင်း အမှားသာ
ဖြစ်ကြောင်း ဈေးတာဝန်ခံထံမှ သိရသည်။
.
" မဟုတ်ပါဘူး၊ ဘာ ညွှန်ကြားချက်မှ
မရှိပါဘူး။ ဆေးလည်း မဖျန်းဘူး၊ ဈေးလည်း မပိတ်ဘူး။ ကောလာဟလ ထွက်နေတာပါ။ မဟုတ်ကြောင်း
ကြေညာပေးနေပါတယ်။ ဈေး မပိတ်ဘူးဆိုတဲ့ အကြောင်းကိုပါ။ ” ဟု
တောင်ကြီး မြို့မဈေး တာဝန်ခံ ဦးခင်အေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မြို့မဈေးသည် မြို့တော် တောင်ကြီး၏
အထင်ကရ နေရာ တစ်ခု ဖြစ်ပြီး တောင်ကြီးမြို့တွင် မြို့မဈေး အပြင် အမှတ်(၅) ဈေး ၊ စဝ်စံထွန်းဈေး၊
ရဲဘော်ဈေး ၊ ဘူတာဈေးတို့ တည်ရှိကြောင်း သိရသည်။