ငွေအကြွေ လဲလှယ်ရေး ပြဿနာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, March 3, 2020

ငွေအကြွေ လဲလှယ်ရေး ပြဿနာ


ရဲဘော်မြသိန်း (ဟိုပုံး)
.
"ငွေအကြွေ" ဆိုသည့် စကားလုံး၏ အဓိပ္ပါယ်ကို ဦးစွာ ရှင်းပြထားချင်ပါသည်။ ကျွန်တော်တို့ ငယ်စဉ်ကာလ အဖေ တို့ အဘိုးတို့ခေတ် (လွန်ခဲ့သော အနှစ် ၆၀ ဝန်းကျင်ခန့်)က၊ တစ်နည်းအားဖြင့် ဟိုးရှေးရှေးတုန်းက "ငွေအကြွေ" ဆို သည်မှာ တစ်ကျပ်စေ့(ကျပ်စေ့) ပြားစေ့ ( မူးစေ့) နှစ် ၂၅ ပြားစေ့ (မတ်စေ့) ၁၀ ပြားစေ့၊ ပြားစေ့နှင့် တစ်ပြားစေ့ အထိကို ဆိုလိုခဲ့ခြင်း ဖြစ်ပါသည်။ မီခဲ့သည့် သူများ ရှိသလို၊ မမီခဲ့သည့် သူများလည်း ရှိကြပါသည်။ တစ်ကျပ်စေ့နှင့် တန်ဖိိုးချင်းညီသည့် ငွေစက္ကူတစ်ကျပ်လည်း ရှိသဖြင့် တစ်ကျပ် စေ့သည် အသုံးမတွင်ကျယ်လှပါ။ ကျန်သည့် ပြားစေ့တိုင်းလို လို အသုံးတွင်ကျယ်ကြပါသည်။ အစိုးရ ဝန်ထမ်းများ လစာ ထုတ်လျှင် ပြားစွန်းအထိ တိတိကျကျ ထုတ်ပေးလေ့ရှိပါသည်။ ဥပမာ လစာက ၈၂ ကျပ်နှင့် ၇၄ ပြားဆိုလျှင် အစွန်း ပြားကို လည်း တစ်ပြားစေ့ စေ့ဖြင့် ထုတ်ပေးလေ့ ရှိပါသည်။ ကြေးနီ ရောင် တစ်ပြားစေ့လေးများ ဖြစ်ကြပါသည်။
.
အခုခေတ်တွင်တော့ အထက်ပါ ပြားစေ့များကို သုံးလေ့သုံး မရှိကြတော့ပါ။ ငွေအကြွေ ပြားစေ့များကို မသုံးတော့ခြင်း ကို ဆိုလိုရင်း ဖြစ်ပါသည်။ ထို့အပြင် တစ်ကျပ်တန်၊ ကျပ် တန်၊ ၁၀ ကျပ်တန်၊ ၂၀ ကျပ်တန် စသည့် ငွေစက္ကူများကိုလည်း မသုံးကြတော့ပါ။ ၅၀ ကျပ်နှင့် အထက်ငွေစက္ကူများကိုသာ သုံး ကြပါသည်။ ထိုငွေများ အထဲမှာမှ ၅၀ ကျပ်၊ ၁၀၀ ကျပ်၊ ၂၀၀ ကျပ်၊ ၅၀၀ ကျပ်တို့ကို ငွေအကြွေများအဖြစ် အသုံးပြုကြပါ သည်။ ဤဆောင်းပါးတွင် ဆိုချင်သည့် ငွေအကြွေမှာ အဆိုပါ ၅၀ ကျပ်၊ ၁၀၀ ကျပ်၊ ၂၀၀ ကျပ်နှင့် ၅၀၀ ကျပ်တို့ ဖြစ်ကြပါ သည်။ ရှေးဖြစ်ဟောင်းများကို အလွန်အကျွံ ပြန်လှန်လှောလျှင် စာလေးသွားမည် ဆိုးသဖြင့် လက်လှမ်းမီရာ မဝေးလှသော ကာလများကိုသာ ရည်ညွှန်းတင်ပြလိုပါသည်။ သို့မှသာ လက် တွေ့ကျမည် ဖြစ်ပါသည်။
.
ယခုအခါ တစ်လ၏ နောက်ဆုံးရက်သတ္တပတ်တွင် ငြိမ်းစား လစာများကို ဘဏ်မှ ထုတ်ပေးလေ့ ရှိပါသည်။ တိတိ ကျကျ ပြောရလျှင် တစ်လ၏ ၂၁ ရက်နေ့ လကုန်ရက်မတိုင် ခင် တစ်ရက်အလိုအထိ ဖြစ်ပါသည်။ ရုံးပိတ်ရက်များတွင်တော့ မထုတ်နိုင်ပါ။ "" နောက်ဆုံးရက်တွင်လည်း အစိုးရဝန်ထမ်း များ လစာထုတ်ပေးရက်နှင့် တိုက်ဆိုင်နေ၍ ထုတ်မပေးပါ။ လက်ရှိ ဝန်ထမ်းနှင့် အငြိမ်းစားဝန်ထမ်းများ ရောထွေးများပြား သောကြောင့် ဖြစ်တန်ရာပါသည်။
.
ဆိုတော့ကာ ကျွန်တော်သည် လွန်ခဲ့သော ဇန်နဝါရီလ နောက်ဆုံး ရက်သတ္တပတ်၏ ရက်တစ်ရက်တွင် အငြိမ်းစား လစာ သွားထုတ်ပါသည်။ ကျွန်တော့် အငြိမ်းစား လစာမှာ ၁၆၁၇၀၀ိ/ ဖြစ်ပါသည်။ ထို့ကြောင့် ဘဏ်မှ ၁၀၀၀၀ ကျပ်တန် ၁၅ ရွက်၊ ၁၀၀၀ ကျပ်တန် ၁၁ ရွက်၊ ၅၀၀ ကျပ်တန် ရွက်၊ ၂၀၀ ကျပ်တန် ရွက်တို့ကို ရရှိပါသည်။ အရွက်အချပ်ကြီး၁၀၀၀၀ ကျပ်တန် ၁၅ ရွက်ကို ဖယ်ထားလျှင် ကျွန်တော်သည် အကြွေ ၁၀၀၀ ကျပ်တန် ၁၁ ရွက်၊ ၅၀၀ ကျပ်တန် ရွက်နှင့် ၂၀၀ ကျပ် တန် ရွက်တို့ ရရှိခြင်း ဖြစ်ပါသည်။ ဤနေရာတွင် အကြွေပြ ဿနာ ဝင်ပါသည်။
.
ကျွန်တော်သည် ၁၀၀၀၀ ကျပ်တန် ရွက် ဖြစ်သည့် ငွေ သောင်းကျပ်ကို ဘဏ်၏ အနောက်ခန်းတစ်နေရာတွင် သွား လဲလှယ်ပါသည်။ ၂၀၀ ကျပ်တန်ဆိုလျှင် ရွက်ရေ ၁၀၀ ပါ တစ် ထုပ် ရရှိပါမည်။ ၁၀၀ ကျပ်တန်ဆိုလျှင် ရွက်ရေ ၁၀၀ ပါ ထုပ် ရရှိပါမည်။ ထိုသို့ လဲလှယ်ခြင်းသည် နောက်ပိုင်းရက်များတွင် အစစ အရာရာ သုံးစွဲရာ၌ အဆင်ပြေရန် ဖြစ်ပါသည်။ ဥပမာ စျေးဝယ်လျှင် ကားခပေးလျှင် ၂၀၀ ကျပ်တန်နှင့် ၁၀၀ ကျပ် တန်တို့သည် အလွန်အသုံးဝင်လှပါသည်။ ၅၀ ကျပ်တန်နှင့် ၅၀၀ များကတော့ အထိုက်အလျောက် အသုံးတည့်ပါသည်။ ထိုငွေအကြွေများ (အထူးသဖြင့် ၂၀၀ိ/ ကျပ်တန်နှင့် ၁၀၀ိ/ကျပ် တန်များ) မရှိလျှင် ဒုက္ခ သုက္ခဖြစ်ရသည်က များပါသည်။ အေး သာယာနှင့် တောင်ကြီး ကားခသည် ၄၀၀ ကျပ် ဖြစ်သော်လည်း ၅၀၀ ကျပ်တန် ထုတ်ပေးလျှင် ၁၀၀ ကျပ်ပြန်အမ်းလေ့ မရှိပါ။ တကယ်လည်း ပြန်အမ်းရန် အခက်အခဲ ရှိတတ်ပါသည်။ ၁၀၀ ကျပ်တန်နှင့် ၅၀ ကျပ်တန်များ ရှားပါးသောကြောင့်ပါ။ မုန့်ဟင်း ခါး ဝယ်စားလျှင် ၈၀၀၊ ၉၀၀ ဖြစ်ကြသဖြင့် ၁၀၀၀ တန်ထုတ် ပေးလို့ကတော့ ပြန်အမ်းရန် အခက်အခဲ ရှိပါသည်။ ၅၀၀၀ ကျပ်တန် ၁၀၀၀၀ ကျပ်တန် တစ်ခုခု ထုတ်ပေးပါက ကား သမား (သို့မဟုတ်) စျေးရောင်းသူ၏ အငြိုအငြင် ခံရမည့်အပြင် တိတိကျကျ ပြန်အမ်းငွေ ရရှိလျှင် ကံကောင်းသည်ဟု မှတ်ယူ နိုင်ပါသည်။ ရန်ကုန်မြို့တွင် ငွေ ၂၀၀ ကျပ်တန်ရှိမှ ဘတ်စ်ကား စီးရလွယ်ကူသလိုမျိုး ဖြစ်ပါသည်။ ထားပါတော့၊ ဘဏ်တွင် ငွေ အကြွေ လဲလှယ်သည့် ကိစ္စကို တင်ပြနေရာမှ ဘေးချော်ထွက် သွားပါသည်။ ကျွန်တော့် ငွေအကြွေ လဲလှယ်သည့် ဇာတ်လမ်း ကို ပြန်လည်တင်ပြပါမည်။
.

ငွေ လဲလှယ်သည့် အခန်းထဲ ၁၀၀၀၀ ကျပ်တန် ရွက် ကိုင်၍ ရောက်သွားတော့ တာဝန်ကျ ဝန်ထမ်းတစ်ဦးက မေးပါ သည်။ "ဘာလုပ်မလို့လဲ "ဟူ၏။ တကယ်တော့ သိလျက်သား နှင့် မေးခြင်း ဖြစ်ပါသည်။ ကျွန်တော်က "ငွေအကြွေ ကလေး များရှိလျှင် လဲပေးပါရန်" ပြောလိုက်ပါသည်။ ထိုဝန်ထမ်းသည် မျက်နှာညို့သွားပြီး ဆူဆူအောင့်အောင့်နှင့် ခင်ဗျားမို့လို့ လဲပေး တာ "ဒီနေ့ ဘယ်သူ့ကိုမှ လဲမပေးဘူး"ဟု ပြောရင်း ငွေ ၂၀၀ ကျပ်တန် ရွက်ရေ ၁၀၀ ပါ အထုပ်တစ်ထုပ်ကို လဲပေးပါသည်။ ကျွန်တော်က ၁၀၀၀၀ ကျပ်တန် ရွက်ပေးလိုက်ပါသည်။ ကယ်ဆိုလျှင် ကျွန်တော်၏ လာရင်းကိစ္စ (ငွေအကြွေ လဲလှယ် သည့်ကိစ္စ) ပြီးပြီ ဖြစ်ပါသည်။ သို့သော် ကျွန်တော်သည် ဒီနေ့ ငွေအကြွေ လဲလှယ်၍ ရသည်ဖြစ်စေ မရသည်ဖြစ်စေ ဖြစ်ရပ်အ မှန်ကို အခြေအတင်တော့ တင်ပြမည်ဆိုပြီး လာရောက်ခဲ့ခြင်း ဖြစ်ပါသည်။ အကြောင်းမှာ ထိုသို့ ငွေလဲလှယ်တိုင်း (အထူးသ ဖြင့် အငြိမ်းစား လစာ လာထုတ်သည့်အခါတိုင်း) ငွေအကြွေ တစ်ခါမျှ လဲလှယ်၍ မရသောကြောင့် ဖြစ်ပါသည်။ တိတိကျကျ အားဖြင့် ၁၅ ကြိမ် (၁၅ ) တိုင်တိုင် တစ်ခါမျှ ငွေလဲလှယ်၍ မရခဲ့သောကြောင့် ဖြစ်ပါသည်။ အခုတော့ ငွေလဲလှယ်၍ ရရှိ သည့်တိုင် ဖြစ်ရပ်အမှန်ကို ပြောကိုပြောရဦးမည်ဟု စိတ်ကို တင်းကာ ပြန်ပြောလိုက်ပါသည်။
.
"ဒီနေရာက ငွေအကြွေ လဲလှယ်တဲ့နေရာ ဟုတ်ပါတယ် နော်"
.
စာတန်းအမှတ်အသား တစ်ခုမျှ တပ်ထားခြင်း မရှိဘဲ နောက်ဘက် အခန်းတစ်ခန်းကို သိုသိပ်သလိုမျိုး လုပ်ဆောင် ထားခြင်း (သို့မဟုတ်) ပွင့်လင်းမြင်သာမှု မရှိဘဲ ဟိုလူပြော ဒီ လူပြောဖြင့်သာ ကျွန်တော်တို့က အသိအမှတ်ပြုထားရသည့် ငွေလဲလှယ်ရာ နေရာဖြစ်သဖြင့် သေချာအောင် မေးလိုက်ခြင်း ဖြစ်ပါသည်။
.
"ဟုတ်တယ်လေ ဘာဖြစ်လို့လဲ ဘာလုပ်မလို့လဲ"ဟု ထို ဝန်ထမ်းက ပြန်ဖြေပါသည်။ ထိုအဖြေသည် ကျွန်တော် မျှော် လင့်ထားသော အဖြေ ဖြစ်ပါသည်။ ထိုသို့ ဖြေဆိုအောင် ကျွန် တော်ကပင် နိမိတ်ပြ မေးထားခြင်း ဖြစ်ပါသည်။ ကျွန်တော့ မေးထဲတွင် ကြိုတင် အဖြေသဘောမျိုး ပါဝင်ထားပါသည်။ ထို့ ကြောင့် ကျွန်တော်က "သေချာအောင် မေးတာပါ ဘာမှ လုပ်ဖို့ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော် အခု ငွေအကြွေ လဲလှယ်တာက အခုတစ်ခါပဲ ရရှိဖူးသေးတဲ့အကြောင်းနဲ့ ဟိုးအရင်တွေတုန်းက လဲလှယ်လို့ မရခဲ့တာ ၁၅ ကြိမ်မက ရှိခဲ့ပြီဆိုတာ ပြောပြချင်လို့ မေးတာပါ"ဟု ပြန်ပြောလိုက်ပါသည်။ သူက "ဒါက ဒီလိုရှိပါ တယ်။ ခင်ဗျားလာလဲလှယ်တာနဲ့ ငွေအကြွေ သေတ္တာထုတ် တာနဲ့ မတိုက်ဆိုင်လို့ပါ"ဟု ဆင်ခြင်ပေးပါသည်။ ကျွန်တော်က "စောစောက ပြောခဲ့တဲ့ ၁၅ ကြိမ်ထဲမှာ သီးသန့်အချိန်ပေးပြီး လာလာလဲလှယ်တဲ့ အကြိမ်တွေ မပါသေးဘူးဗျ။ ဘယ်အချိန် လာပါ ညာအချိန်လာပါဆိုပြီး ပြောလို့ လာတဲ့ အကြိမ်တွေမှာ လည်း တစ်ခါမှ ရဖူးတယ် မရှိဘူး"ဟု ပိတ်ပြောလိုက်ပါသည်။
.
ကျွန်တော်က ဒါလောက်ပဲပြောပြီး လှည့်ထွက်ခဲ့ပါသည်။ သူ့ဘေးနားက သူ့ထက်တာဝန်ကြီးပုံရသည့် ဝန်ထမ်းက "ဘာဖြစ်တာလဲ"ဟု မေးသံကို ကျွန်တော့် နောက်ကျောက သံကို ကြားပါသည်။ ၁၅ ကြိမ် ၁၅ ကြိမ်ဆိုသည့် စကားကိုတော့ ဝါးတားတား ကျွန်တော် ကြားပါသည်။ ကျွန်တော် ကျေနပ်ပါ သည်။ ကျွန်တော် ရင်ဖွင့်ပြောဆိုချက်ကို သူတို့ကြားသွားပြီပဲ။
.
ဤနေရာတွင် မပြီးသေးပါ။ ကျွန်တော်သည် ထိုငွေအကြွေ လဲလှယ်ရာ နေရာမှ ထွက်လာပြီး အပြင်သို့ လျှောက်လှမ်းခဲ့ပါ သည်။ ဘဏ်မန်နေဂျာ အခန်းကို ဖြတ်ရပါသည်။ ကျွန်တော် သည် ဖြစ်ရပ်အမှန်ကို ပြောကို ပြောရဦးမည်ဆိုသည့် ရည်ရွယ် ချက်က မြင့်တက်ဆဲဖြစ်၍ ဘဏ်မန်နေရာ အခန်းထဲ ဝင်ခဲ့ပါ သည်။ ဘဏ်မန်နေဂျာကို ဆွေးနွေးတင်ပြကြည့်ပါသည်။
.
"မန်နေဂျာကြီး ခင်ဗျား စကားနည်းနည်း ပြောခွင့်ပြုပါ"ဟု ကျွန်တော်က တောင်းပန်လိုက်ပြီး လက်ထဲက ငွေ ၂၀၀ ကျပ် တန် အထုပ်ကို ပြလိုက်ပါသည်။ ကျွန်တော်က ငွေအကြွေ လဲ လှယ်၍ ရခဲ့သည့်အကြောင်း၊ သို့သော် အခုတစ်ခါတည်းသာ ရဘူးသည့်အကြောင်း၊ မရသည်မှာ ၁၅ ကြိမ်မက ရှိခဲ့ပြီး ဖြစ် ကြောင်း၊ တချို့ကျတော့လည်း အပြင်မှာ ငွေအကြွေများ ထပ်လိုက် ကိုင်ဆောင်ထားတာ မကြာခဏတွေ့ကြောင်း၊ ငွေ လဲလှယ်ပေးသည့် သဘောများလား မသိကြောင်း၊ စကားမှား သွားလျှင် ခွင့်လွှတ်ရန် ဖြစ်ကြောင်း ထပ်ဆင့်ရင်ဖွင့်လိုက်ပါ သည်။ ဘဏ်က တာဝန်အရှိဆုံး ပုဂ္ဂိုလ်ကို သိကြားစေ ထပ် ဆင့် ညွှန်းခြင်း ဖြစ်ပါသည်။
.
ဘဏ်မန်နေဂျာက ကျွန်တော့်အား "နောင်တွင် ငွေအကြွေ လဲလှယ်မည် ဆိုပါက မိမိထံ ဝင်တွေ့ ဆက်ဆံစေလိုကြောင်း မိမိ ဆောင်ရွက်မည်ဖြစ်ကြောင်း " နှစ်သိမ့်ပြောရှာပါသည်။ ကျွန်တော်သည် လတ်တလောတွင် ဖြေသိမ့်နိုင်သော်လည်း ကျွန်တော့်လိုပင် အများပြည်သူတို့ကိုလည်း (ကြီးကျယ်သည် မဟုတ်ပါ) ယခုကဲ့သို့ပင် ဆောင်ရွက်ပေးစေချင်ပါသည်။ ငွေ လဲလှယ် အခန်းထဲတုန်းက ကျွန်တော့်တစ်ဦးတည်းကိုသာ နေ့လဲပေးခြင်း ဖြစ်သည်ဟူသော အပြောမျိုးသည်လည်း ကျွနု်ပ် မကြိုက်လှပါ။ မနှစ်သက်ပါ။ ပြည်သူ့ဝန်ထမ်းစကား မဟုတ် သောကြောင့်ပါ။ အားလုံး (ပြည်သူအားလုံး)ကို တပြေးညီ ဆောင်ရွက်ပေးခြင်းသည်သာလျှင် အကောင်းဆုံး ဖြစ်ပါသည်။ ဘဏ်မန်နေဂျာနှင့် တစ်ဦးချင်း ဝင်တွေ့ခြင်းမျိုးသည်လည်း သူ ရောကိုယ်ရော အလုပ်ပိုသည်ဟု သဘောရပါသည်။ သက်ဆိုင် ရာ ဝန်ထမ်းတို့ တာဝန်ကျေကြလျှင်၊ တာဝန်ယူမှု တာဝန်ခံမှု ရှိကြလျှင် ဘဏ်မန်နေဂျာသည်လည်း ကိုယ့်အလုပ်ကိုယ် ဇောက်ချ လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။ မည်သူ့ကိုမျှ အခွင့်ထူး ပေးနေစရာ မလိုပါချေ။
.
ကျွန်တော်ဘဏ်ဥပစာအပြင်ဘက် ရောက်တော့ ငွေအ ကြွေ လဲလှယ်ပြီးသည်ကတစ်ကြောင်း၊ ကိုယ့်ရင်ဖွင့်ချက်ကို သက်ဆိုင်သူများ သိရှိသွားပြီ ဖြစ်သဖြင့် တစ်ကြောင်းတို့ကြောင့် ကျေနပ်သလိုလိုတော့ ရှိပါသည်။ ရင်ထဲလည်း ပေါ့ပါးနေပါ သည်။ သို့သော် နောင်တွင် ငွေအကြွေ လဲလှယ်ရေးကိစ္စပေါ် ပေါက်လာလျှင်ဟူသော အတွေးဝင်လာကာ ကျွန်တော့်ရင်မှာ လေးတေးတေး ဖြစ်နေကြောင်း တင်ပြလိုက်ရပါသတည်း။

No comments:

Post a Comment

Journal Download

Photo of three cats

About