အခြေခံပညာအဆင့် လူရည်ချွန် ရွေးချယ်ရာတွင် ရှမ်းပြည်နယ်မှ ၈၄ ဦး ပါဝင် - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, March 5, 2020

အခြေခံပညာအဆင့် လူရည်ချွန် ရွေးချယ်ရာတွင် ရှမ်းပြည်နယ်မှ ၈၄ ဦး ပါဝင်


စုလှိုင်
.
၂၀၁၉-၂၀၂၀ ပညာသစ်နှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အခြေခံပညာအဆင့် အဋ္ဌမတန်း၊ န ဝမတန်းနှင့် ဒသမတန်း လူရည်ချွန် ရွေးချယ်ခံရသူများစာရင်းကို ပညာ ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၇ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ရာ ရှမ်းပြည်နယ်မှ လူရည်ချွန် ၈၄ ဦး ရွေးချယ်ခံခဲ့ရသည်ဟု သိရသည်။
.
 
.
ထိုသို့ ရွေးချယ်ရာတွင် အတန်း အလိုက် တောင်ကြီးခရိုင်မှ ၄ ဦးစီ၊ လွိုင်လင်ခရိုင်မှ ၄ ဦးစီ၊ လင်းခေးခ ရိုင်မှ ၂ ဦးစီ၊ လားရှိုးခရိုင်မှ ၄ ဦး စီ၊ ကျောက်မဲခရိုင်မှ ၄ ဦးစီ၊ မူဆယ် ခရိုင်မှ ၂ ဦးစီ၊ ကျိုင်းတုံခရိုင်မှ ၄ ဦးစီ၊ တာချီလိတ်ခရိုင်မှ ၂ ဦးစီ၊ မိုင်း ဆတ်ခရိုင်မှ ၂ ဦးစီ စုစုပေါင်း ၈၄ ဦး ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
.
“ပုံမှန်အတိုင်း ဌာနရဲ့ ညွှန်ကြား ချက်အတိုင်း ဆောင်ရွက်ခဲ့တာပါ။ ရွေးချယ်တာက ပြည်နယ်နဲ့ တိုင်းအ လိုက်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့် မေးခွန်းတွေကို ပြုစုပြီး သတ်မှတ် ရက်အတွင်းမှာ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ ဖြေခဲ့တာပါ”ဟု ရှမ်းပြည် နယ်ပညာရေးမှူး ဦးဝင်းမောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ လူရည်ချွန် ရွေးချယ်မှု ကို ၁၉၇၁ ခုနှစ်မှ စတင်၍ ပညာရေး ၄ နှစ် စီမံကိန်းဖြင့် ချမှတ်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး အခြေခံပညာကဏ္ဍတွင် ပညာရေးနှီးနှောဖလှယ်ပွဲများ ကျင်း ပ၍ ဆက်လက် ဆောင်ရွက်နိုင်မည့် အစီအမံများကို ရေးဆွဲဆောင်ရွက် ကာ ပညာရေးသုတေသန လုပ်ငန်း များ၊ ပညာရေး စစ်တမ်းကောက်ယူ လေ့လာမှု လုပ်ငန်းများကို ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
.
ပညာရေး အဆင့်မြှင့်တင်မှု ဆောင်ရွက်ရာတွင် ပညာရေးမြှင့် တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ၊ အထူးလုပ်ငန်းအဖွဲ့၊ အ ကြံပေးအဖွဲ့နှင့် လုပ်ငန်းအဖွဲ့ ၁၈ ခု ဖွဲ့စည်းပြီး အမျိုးသားရေးမူဝါဒ၊ အ မျိုးသားပညာရေးဥပဒေ တို့ကို ဒေ သန္တရဆွေးနွေးပွဲများ၊ အမျိုးသားအ ဆင့် ဆွေးနွေးပွဲများ ကျင်းပပြီး အ ကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)