မေသူဇော်
.
ပြည်သူလူထု အားလုံး၏ ကျန်းမာရေး၊ စီးပွားရေး အဘက်ဘက်မှ လုံခြုံမှုရှိစေရေးအတွက်
ကြိုးပမ်းဆောင် ရွက်လျက် ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အေအာင်ဆန်းစုကြည်က
ပြောဆိုခဲ့သည်။
.
.
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁၀ ရက်၊ နံနက်ပိုင်းက
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ မြို့တော် ခန်းမတွင် ဒေသခံလူထုများနှင့်
တွေ့ဆုံပွဲပြုလုပ်စဉ် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံပွဲတွင် နို်ငငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က
သန်း ၅၀ ကျော်ရှိသော တစ်နိုင်ငံ လုံးက ပြည်သူလူထု အားလုံးကို ထိတွေ့မှုရှိဖို့အတွက်
လက်တွေ့တွင် မဖြစ်နိုင်ကြောင်း၊ တတ်နိုင်သလောက် တစ်ဦး ချင်းကို တန်ဖိုးထားကြောင်း အခွင့်အရေးကြုံတိုင်း
မျှဝေဖို့ ကြိုးစားခဲ့ပါ ကြောင်း၊ COVID-19 ကြောင့် လားရှိုးပြည်သူ လူထုကို လက်ဆွဲမနှုတ်ဆက်နိုင်သည့်အတွက်
တောင်းပန်ပါကြောင်း၊ COVID-19 သည် တစ်ကမ္ဘာလုံးက စိုးရိမ်နေရ သည့် ရောဂါတစ်ခုဖြစ်ပြီး
ပြည်သူတစ်ယောက်ချင်း၏ ကျန်းမာရေးအတွက် ရောဂါနှင့် ဆက်နွယ်နေသည့် အကျိုး ဆက်များမှ ရှောင်ရှားနိုင်ရန်
တိုင်းရင်းသားပြည်သူများကို လက်ဆွဲနှုတ်မဆက်နိုင်ခြင်းဖြစ်ကြောင်း၊ ရောဂါကာကွယ် ရေးအတွက်
ပြည်ထောင်စုအစိုးရအဆင့်မှ ကော်မတီဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ COVID-19 နှင့်
ပတ်သက်၍ နောက်ဆက်တွဲပြဿနာများကို ထိန်းချုပ်နိုင်ရန်အတွက် ကော်မတီတွင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး
ဝန်ကြီးကို ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ သက်ဆိုင်ရာ စီးပွားရေး စသည့် ပြည်ထောင်စုဝန်ကြီးများကို
ထည့်သွင်းဖွဲ့စည်း ထားပါကြောင်း၊ တတ်နိုင်သမျှ ပြည်သူလူထုအားလုံး၏ ကျန်းမာရေး၊ စီးပွားရေး
အဘက်ဘက်မှ လုံခြုံမှုရှိစေရေး အ တွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံ
တစ်နိုင်ငံတွင် အဓိကလိုအပ်ချက်သည် နိုင်ငံသူ/နိုင်ငံသားများ၏ လုံခြုံမှုဖြစ်ပါကြောင်း၊
လုံခြုံမှုဟူသည်မှာ ရုပ် ပိုင်းဆိုင်ရာလုံခြုံမှုသာမက စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကို
ဆိုပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုရှိပါက အင်အား ရှိမည်ဖြစ်ပြီး
အင်အားရှိလျှင် ပြည်သူလူထုအနေဖြင့် လုံခြုံမှုရှိမည် ဖြစ်ကြောင်း၊ အစိုးရအနြေဖင့် လုပ်ငန်းဆောင်ရွက်
ရာတွင် ပြည်သူအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်မှုရှိစေမည်ကို ဦးစွာစဉ်းစားပါကြောင်း၊
လုပ်ငန်းများ အကောင် အထည်ဖော်ရာတွင် ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှုသည် အဓိက ကျပါကြောင်းဖြင့်
ပြောဆိုခဲ့သည်။
.
ထို့နောက် လားရှိုးမြို့မှ မြို့မိမြို့ဖများ၊ တက်ရောက်လာသူများက
ဒေသလိုအပ်ချက်များအား တင်ပြကြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများ၊
တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်က နိဂုံးချုပ်စကား ပြန်လည်ပြောကြားခဲ့ ကြောင်း သိရသည်။
.
အဆိုပါ တွေ့ဆံဒပွဲသို့ ှရမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင်အတွင်းရှိ
လားရှိုး၊ သိန်းနီ၊ မိန်းရယ်၊ တန့်ယန်း နှင့် ကွမ်းလုံမြို့နယ်များမှ ဒေသခံပြည်သူများ
စုစုပေါင်း ၂၂၀၀ ကျော် တက်ရောက်ခဲ့ပြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသ ရေးဦးစီးဌာနမှ တက်ရောက်လာသူများအား
နှာခေါင်းစည်း (Mask) များ ဝေငှခြင်း၊ လက်ဆေးရည်ဖြင့် လက်ဆေးစေ ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း
သိရသည်။
.
ဆက်လက်ပြီး မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့၊ သီရိမင်္ဂလာရှမ်းကျောင်းသို့
သွားရောက်ပြီး ဆရာတော် ဘဒ္ဒန္တ ပညနန္ဒနှင့် ဆရာတော် သံဃာတော်များ အား ဖူးမြော်ကြည်ညိုကာ
လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
.
အဆိုပါ တွေ့ဆုံပွဲသည် လက်ရှိအစိုးရလက်ထက်တွင် နို်ငငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် ၏ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ပထမဆုံးအကြိမ် လာရောက်သည့် ခရီးစဉ်ဖြစ်ပြီး
အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးမင်းသူ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး
ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာ မြင့်ထွေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာ ဝင်းမြတ်အေး၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦး၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးနှင့် တာဝန်ရှိသူများ
လိုက်ပါခဲ့ကြောင်း သိရသည်။
.