လားရှိုးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေ ကျောင်းသားများအား လာကြိုသည့် မိဘများကို ထီလက်မှတ်များ ဝေငှ - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, March 12, 2020

လားရှိုးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေ ကျောင်းသားများအား လာကြိုသည့် မိဘများကို ထီလက်မှတ်များ ဝေငှ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် မတ်လ ၁၁ ရက်က တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသား/ သူများအား လာရောက်ကြိုဆိုသည့် ဆိုင်ကယ်စီးဦးထုပ် ဆောင်းထားသူ မိဘများကို ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ထီလက်မှတ်များ ဝေငှခဲ့သည်ဟု သိရသည်။
.
 
.
“စာမေးပွဲရက်ကြီးမှာ ဦးထုပ်မဆောင်းလာလို့ အရေးယူပြန်ရင်လဲ မကောင်းဘူး။ ဒီတော့ ဆိုင်ကယ်စီးဦးထုပ် ဆောင် လာသူတွေကို အားပေးတဲ့အနေနဲ့ အစုစပ် ထီလက်မှတ်တွေ ဝေခဲ့တာပါ။ ဒီထီလက်မှတ်တွေက ပေါက်ခဲ့ရင် အချိုးကျ အနေနဲ့ အလှူရှင်က ၃၀ ရာခိုင်နှုန်း၊ ကျွန်တော်က ၃၀ ရာခိုင်နှုန်း၊ ပေါက်သူက ၃၀ ရာခိုင်နှုန်းနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သရုပ်ပြအဖွဲ့နဲ့ တစ်နိုင်ငံလုံး လမ်းနဲ့ပတ်သက်တာတွေ ဖြည့်ဆည်းပေးနိုင်ဖို့က ၁၀ ရာခိုင်နှုန်း သတ်မှတ်ပြီး လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်” ဟု လားရှိုးယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူး ကျော်ခိုင် က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အစီအစဉ်ကို တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသည့် မတ်လ ၁၁ ရက်မှ စာမေးပွဲနောက်ဆုံးရက်အထိ လားရှိုးမြို့ပေါ်ရှိ စာဖြေဌာနရှိရာ အထက်တန်းကျောင်းများတွင် အလှည့်ကျ ပြုလုပ်သွားမည်ဖြစ်ပြီး ဝေငှသည့် ထီလက်မှတ်များတွင် ရေနွေးကြမ်းမင်းသားဟု ရေးသားထားကာ အဝါရောင်စက္ကူဖြင့် ကူးထားသည့် မိတ္တူများကို ဝေငှခဲ့ခြင်းဖြစ်ပြီး မူရင်းထီလက်မှတ်များကို ၎င်းထံတွင် သိမ်းဆည်းထားကာ ပေါက်သည့်အခါတွင် အချိုးက ပေးအပ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေးအတွက် ယင်းကဲ့သို့ ထီလက်မှတ်ဝေငှခြင်းကို ဖေဖော်ဝါရီလ ကတည်းက စတင်ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီလတွင် ၅၀၀၀၀ ဆု ၁၀ ဆုပေါက်ခဲ့ပြီး လူကူးမျဉ်းကြား ရေးဆွေဲရေး၊ မီးဝါ ဝယ်ယူရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်းဘုတ်၊ အန္တရာယ်အချက်ပေး လမ်းညွှန်ဆိုင်းဘုတ်များနှင့် ဘုရားဖူးများအတွက် လှူဒါန်းသုံးစွဲရန် ရည်ရွယ်ထားသည်ဟု သိရသည်။
.
မတ်လ ၁၁ ရက်အထိ အလှူရှင်များမှ လှူဒါန်းသည့် ထီလက်မှတ်စောင်ရေ ၂၀၀၀ ကျော် ရရှိထားပြီဖြစ်ကာ ဆက်လက်ဝေငှသွားရန်ရှိပြီး စာမေးပွဲကာလအတွင်း လမ်းလုံခြုံရေး မီးတန်းယာဉ် ၂ စီးဖြင့် အသင့်ထားရှိ ဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းထံက သိရသည်။
.
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို မတ်လ ၁၁ ရက်မှ ၂၀ ရက်အထိ ကျင်းပ ပြုလုပ်လျက်ရှိပြီး ရှမ်းပြည်နယ်တစ်ခုလုံးတွင် စာစစ်ဌာန ၁၅၇ ခု၊ ဖြေဆိုသူ စာရင်းရှိ ၆၆၄၉၅ ရှိရာ မတ်လ ၁၁ ရက် မြန်မာစာဘာသာရပ်ကို လာရောက်ဖြေဆိုသူ ၆၂၄၂၃ ဦးရှိပြီး ပျက်ကွက်သူ ၄၀၇၂ ရှိပြီး တစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၉၉၉ ခုတွင် ဖြေဆိုရန်စာရင်းပေးထားသူ ပေါင်း ၉၇၁၃၃၉ ဦးရှိသည်ဟု သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)