လားရှိုးဆေးရုံမှ ကိုရိုနာ သံသယလူနာတစ်ဦး သေဆုံး - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Friday, March 6, 2020

လားရှိုးဆေးရုံမှ ကိုရိုနာ သံသယလူနာတစ်ဦး သေဆုံး


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ကိုရိုနာဗိုင်းရပ်စ် COVID-19)နှင့် ပတ်သက်၍ သံသယလူနာအဖြစ် စောင့်ကြပ်ဆေးကုသမှု ပြုပေးနေသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ အသက် ၄၀ အရွယ် အမျိုးသားသည် မတ်လ ၅ ရက်၊ ညပိုင်းက သေဆုံးမှုဖြစ်ပွားခဲ့ကြောင် သိရသည်။
.
 
.
အဆိုပါ အမျိုးသားသည် မတ်လ ၅ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရွှေလီမြို့မှ မန္တလေးမြို့သို့ သွားရောက်စဉ် လားရှိုးမြို့အရောက်၌ အသက်ရှူကြပ်ကာ မောလာသဖြင့် မတ်လ ၅ ရက်၊ ည ၈ နာရီခွဲခန့်တွင် လားရှိုးပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ယင်းနေ့ည ၉ နာရီခွဲခန့်တွင် ရောဂါအခြေအနေ ပိုမိုဆိုးရွားလာကာ နှလုံးကောင်းစွာအလုပ်မလုပ်ခြင်း၊ သေချာစွာကုသမှုမရရှိထားသော ဆီးချိုရောဂါနှင့် အဆုတ်ရောင်ခြင်းတို့ကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ မတ်လ ၆ ရက်၊ ည ၈ နာရီအချိန်တွင်  ထုတ်ပြန်ကြေညာထားသည်။
.
လူနာအား ရောဂါရာဇဝင် စစ်ဆေးမေးမြန်းချက်အရ ၎င်းသည် လွန်ခဲ့သော ၅ လခန့်မှစ၍ ဆီးချိုရောဂါခံစားနေရပြီး ဖျားခြင်း၊ ချောင်းဆိုးခြင်း စသည့်လက္ခဏာများအား လွန်ခဲ့သော ရက်ပေါင်း ၄၀ ခန့်ကစတင်၍ ခံစားနေခဲ့ရကြောင်း သိရှိရသဖြင့်၎င်းအား သံသယလူနာအဖြစ်သတ်မှတ်၍ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် သီးခြားထားရှိ၍ ဆေးကုသမှုများ ပေးရန် စီစဉ်ဆောင်ရွက်ပြီး အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.
အဆိုပါ လူနာ အပါအဝင် မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်/သံသလူနာများအနက်မှ သေဆုံးသူ ၃ ဦး ရှိသွားပြီဖြစ်ကာ ၎င်းတို့မှာ မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံ၌ စောင့်ကြပ်ကုသပေးခဲ့သော အသက် ၆၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြပ်ကုသပေးလျက်ရှိသော ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့မှ အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် လားရှိုးပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြပ်ကုသပေးလျက် ရှိသော အသက် ၄၀ အရွယ် အမျိုးသားတို့ဖြစ်ပြီး ၎င်းတို့ ၃ ဦးအနက် မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံမှ အသက် (၆၈) နှစ်အရွယ် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီးတွင် COVID-19 ရောဂါပိုး မရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ကြေညာထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)