တယောဦးတင်ရီ နှလုံးရောဂါဖြင့် ရန်ကုန်မြို့၊ အမှတ် (၂) စစ်ဆေးရုံတွင် ကွယ်လွန် - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, March 7, 2020

တယောဦးတင်ရီ နှလုံးရောဂါဖြင့် ရန်ကုန်မြို့၊ အမှတ် (၂) စစ်ဆေးရုံတွင် ကွယ်လွန်


ဗျတ္တ
.
မြန်မာနိုင်ငံ၏ဂီတလောကတွင် အောင်မြင်ထင်ရှားသည့် ဂီတအနုပညာရှင်တစ်ဦးဖြစ်သူ တယောဦးတင်ရီ သည် မတ်လ ၆ ရက်၊ နံနက်ပိုင်းက ရန်ကုန်မြို့၊ အမှတ် (၂) ကုတင် ၅၀၀ စစ်ဆေးရုံတွင် နှလုံးရောဂါဖြင့် ဆေးဝါးကုသမှုခံယူနေစဉ် ကွယ်လွန်ခဲ့ကြောင်း သိရသည်။
.
ဓါတ်ပုံ - တယောဦးတင်ရီ - တယောသံစုံတီးဝိုင်းနှင့် ဂီတသင်တန်းများ
 
.
ဦးတင်ရီသည် ငယ်စဉ်ကပင် ဂီတကို ရူးသွပ်ဝါသနာပါခဲ့သူဖြစ်ပြီး အသက် ၁၈ နှစ်အရွယ်တွင် ရန်ကုန်အနု ပညာပန်တျာသင်တန်းကျောင်းသို့ တက်ရောက်ပညာသင်ယူခဲ့ပြီး ယင်းကျောင်းတွင် အောင်မြင်မှု ဆုတံဆိပ်များစွာ ရရှိခဲ့သူဖြစ်ကြောင်း သိရသည်။
.
“အဘဆုံးသွားတာ ကျွန်တော်တို့ မြန်မာ့ဂီတလောကအတွက်၊ မျိုးဆက်သစ် ဂီတသမားတွေအတွက် ကြီးမား တဲ့ ဆုံးရှုံးမှုတစ်ခုလို့ ပြောရမှာပေါ့။ အဘဦးတင်ရီတို့လို ဘဝတစ်ခုလုံး ဂီတကို ရူးသွပ်တဲ့ ပညာရှင်မျိုးက ရှားတယ်။ အစားထိုးလို့မရတဲ့ ပညာရှင်တစ်ယောက် ကြွေလွင့်ခဲ့တာဖြစ်ပါတယ်” ဟု တောင်ကြီးဒေသခံ စာရေးဆရာ၊ တယော ဝါသနာရှင်တစ်ဦးဖြစ်သူ သိုးထိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဆရာကြီး ကွယ်လွန်သွားသည့်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ရှိ တယောရတနာခြံနှင့် တောင်ကြီးမြို့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် တယောပညာရှင် ဦးတင်ရီ၏ ပညာဒါန တယောသင်တန်းကို ပြလုပ် နိုင်တော့မည်မဟုတ်ဘဲ မျိုးဆက်သစ်များအတွက် ဆုံးရှုံးနစ်နာမှုတစ်ခုဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
တယောပညာရှင် ဦးတင်ရီ ကွယ်လွန်ခြင်းနှင့် ပတ်သက်၍ “ဆရာကြီး သက်သာပါစေလို့ ဆုတောင်းပေမဲ့ မပြည့်တော့ပါဘူး” ဟု ရန်ကုန်တွင် နေထိုင်သည့် တောင်ကြီးသား စာရေးဆရာ ဝါဆိုကိုဦးကလည်း မှတ်ချက်ပြု ပြောဆိုခဲ့သည်။
.
တယောပညာရှင် ဦးတင်ရီကို အဖ ဦးလှမြင့် ၊ အမိ ဒေါ်တင်ညွန့်တို့မှ ၁၉၄၂ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်တွင် မွေးဖွား ခဲ့ပြီးကွယ်လွန်ချိန်တွင်အသက် ၇၉ နှစ်ရှိပြီဖြစ်ကြောင်းသိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)