ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများအား ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခြင်းကို ယာယီ ရပ်ဆိုင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများအား ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခြင်းကို ယာယီ ရပ်ဆိုင်း


ကမ္ဘောဇတိုင်း
.
COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရေးအတွက် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများအား မည်သည့်ပြည်ဝင်ခွင့်ဗီဇာမဆို ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ကြေညာထားသည်ဟု သိရသည်။
.
 
.
အဆိုပါ ကြေညာချက်အရ ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် နိုင်ငံခြားသားများ အားလုံး အပေါ် မတ်လ ၂၉ ရက်မှ ဧပြီလ ၃၀ ရက်အထိ ပြည်ဝင်မှုဆိုင်ရာ ယယီကန့်သတ်ချက်များကို ချမှတ်လိုက်ကြောင်း ဖော်ပြ ပါရှိသည်။
.
ကြေညာချက်အရ မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် မြန်မာနိုင်ငံနှင့် အပြန်အလှန် ပြေးဆွဲနေသည့် လေယာဉ်များနှင့် သင်္ဘော များမှ အမှုထမ်းများမှ လွဲ၍ လူမှုရေးဗီဇာအအပါအဝင် မည်သည့် ပြည်ဝင်ဗီဇာ ထုတ်ပေးခြင်းကိုမဆို ယာယီရပ်ဆိုင်းခြင်း ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအနေဖြင့်မူ ပြည်ပနိုင်ငံများရှိ သက်ဆိုင်ရာ မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံး တို့မှတစ်ဆင့် ပြည်ဝင်ဗီဇာ လျှောက်ထား ရယူနိုင်မည်ဖြစ်ကာ မြန်မာနိုင်ငံသို့ လာရောက် မည့် နေ့ရက်မတိုင်မီနှင့် လေယာဉ်များ ပေါ်သို့ မတက်ရောက်မီ အသိအမှတ်ပြု ဓာတ်ခွဲခန်းမှ လွန်ခဲ့သော ၇၂ နာရီ မတိုင်မီက ရရှိထားသည့် COVID-19 ရောဂါ ကင်းရှင်းကြောင်း ဆေးစစ်ချက်အထောက်အထားပြသရန် လိုအပ်မည်ဖြစ်ပြီး ၎င်းတို့အား မြန်မာနိုင်ငံသို့ စတင်ရောက်ရှိချိန် မှစတင်၍ ၎င်းတို့နေအိမ်များတွင် ၁၄ ရက် သီးသန့်နေထိုင်စောင့်ကြည့်မှု (Home Quarantine) ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် မြန်မာနိုင်ငံနှင့် အပြန်အလှန်ပြေးဆွဲနေသည့် လေယာဉ်များနှင့် သင်္ဘောများမှ လေယာဉ်မှူးများ/ သင်္ဘောအရာရှိများ၊ တာဝန်ရှိ အမှုထမ်းများအနေဖြင့်လည်း ပြည်ပ နိုင်ငံများရှိ သက်ဆိုင်ရာ မြန်မာသံရုံး/ အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးတို့မှတစ်ဆင့် ပြည်ဝင်ဗီဇာ လျှောက်ထားရယူနိုင်မည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ နောက်ဆုံးထုတ်ပြန်ထားသည့် လမ်းညွှန်ချက် များ၊ ညွှန်ကြားချက်များ နှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်သွားရမည် ဖြစ်ကြောင်း သိရသည်။
.
သို့သော် ပြည်ပနိုင်ငံအသီးသီးမှ ခရီးသွားများအနေဖြင့် မလွှဲမရှောင်သာ ကိစ္စရပ်ကြောင့် ဖြစ်စေ သို့မဟုတ် အရေးပေါ် တာဝန်ဖြင့်ဖြစ်စေ မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိပါက ပြည်ဝင်ဗီဇာကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန် အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံး များသို့ ဆက်သွယ် အကူအညီတောင်းခံ နိုင်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၉ ရက်၊ ညပိုင်းအထိ COVID-19 အတည်ပြုလူနာ ၁၀ ဦး တွေ့ရှိထားပြီး ကမ္ဘာ့နိုင်ငံနှင့် နယ်မြေဒေသပေါင်း ၂၀၂ ခုတွင် အတည်ပြုလူနာပေါင်း ၇၂၂၀၉၉ ဦးထိ တွေ့ရှိထားကာ ယင်းအနက် သေဆုံးသူမှာ ၃၃၉၇၆ ဦး ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats