ဝူဟန်မြို့တွင် ကျန်ရှိနေသော မြန်မာပညာသင်ကျော်းသား ၂ ဦး ပြန်လည်ရောက်ရှိ - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, March 15, 2020

ဝူဟန်မြို့တွင် ကျန်ရှိနေသော မြန်မာပညာသင်ကျော်းသား ၂ ဦး ပြန်လည်ရောက်ရှိ


မင်းဇော်မင်း
.
တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ကျန်ရှိနေသည့် မြန်မာပညာသင်ကျောင်းသား ၂ ဦးသည် မတ်လ ၁၄ ရက်၊ နံနက်ပိုင်းက အိန္ဒိယနိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
.
 
.
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်က ဝူဟန်မြို့ရှိ မြန်မာပညာသင် ကျောင်းသားများအား အထူးလေယာဉ်ဖြင့် သွားရောက်ခေါ်ဆောင်ရာတွင် ၎င်းတို့ ၂ ဦးမှာ ကျန်ရှိနေခဲ့ခြင်းဖြစ်ပြီး အိန္ဒိယအစိုးရ အကူအညီဖြင့် ဖေဖော်ဝါရီလ ၂၇ ရက်တွင် ၎င်းတို့ကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ ခေါ်ဆောင်ကာ ၁၄ ရက် စောင့်ကြည့်ခဲ့ပြီးနောက် ယခုအခါ မြန်မာ နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးပို့လာခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကျောင်းသား ၂ ဦး နယူးဒေလီမြို့သို့ ရောက်ရှိနေစဉ်တွင် နယူးဒေလီရှိ မြန်မာသံရုံးမှ လိုအပ်သည်များကို ကူညီပံ့ပိုးပေးခဲ့ပြီး ၎င်းတို့တွင် COVID-19 ကင်းရှင်းကြောင်း ထောက်ခံချက်ရရှိသဖြင့် မတ်လ ၁၄ ရက်တွင် နယူး ဒေလီမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
.
တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ စတင်ကူးစက်ပြန်ပွားခဲ့သည့် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါကြောင့် ယနေ့ မတ်လ ၁၅ ရက်၊ နံနက်ပိုင်းအထိ ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ တွင် ရောဂါကူးစက်ခံရသူ ၁၅၆၄၆၁ ဦး၊ သေဆုံးသူ ၅၈၂၃ ဦးနှင့် ပြန်လည်သက်သာလာသူ ၇၄၃၈၂ ဦး ရှိလာနေပြီးဖြစ်ပြီး ရောဂါ စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံတွင် သေဆုံးသူ ၃၁၈၉ ဦး ရှိခဲ့ကာ လက်ရှိ ရောဂါဖြစ်ပွားနေသူ ၁၂၀၆၂ ဦး ကျန်ရှိ နေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)