စိုင်းရာဇာ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လား ရှိုးမြို့ရှိ အများပြည်သူ အပန်းဖြေ
အ နားယူနိုင်ရန် တည်ဆောက်ပေးထား သည့် We Love LASHIO စာတမ်း အလှအား မတ်လ ၂၁ ရက်က ၃
ကြိမ်မြောက် ဖျက်ဆီးခံရကြောင်း သိရ သည်။
.
.
လားရှိုးမြို့၊ ရန်တိုင်းအောင် ဘု ရားအနီး၊ ရပ်ကွက် (၁) ရှိ We
Love Lashio ရှုခင်း အလှဆင်မီးအား ဖေ ဖော်ဝါရီလ ၃ ရက် ညပိုင်းက ဖျက် ဆီးခံရသဖြင့် ပြန်လည်ပြင်ဆင်ခဲ့ပြီး
နောက် ဖေဖော်ဝါရီလ ၅ ရက်တွင် ဒုတိယအကြိမ် ထပ်မံ ဖျက်ဆီးခံရ ခြင်းဖြစ်ကာ ယခုအကြိမ်တွင်
တတိ ယအကြိမ်မြောက် ဖျက်ဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။
“ဘယ်လို ဖျက်ဆီးခံရလဲတော့ မသိဘူး။ မူးမူးရူးရူးနဲ့ လုပ်တာ ထင် တာပဲ။
ဒါနဲ့ဆို ၃ ကြိမ်မြောက် ရှိ သွားပြီ”ဟု လားရှိုးမြို့နယ်
စည်ပင် သာယာရေးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဦးကျော်ဇင်က ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ဖျက်ဆီးခံရသော စာတမ်းအလှ အား လားရှိုးမြို့နယ် စည်ပင်သာယာ ရေးဌာနမှ
ပြုပြင်ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။
.
လားရှိုးမြို့ရှိ ရပ်ကွက်(၁) ဘူ တာလမ်းနှင့် ရုံးကြီးလမ်းထောင့်တွင်
အများပြည်သူ နားနေအပန်းဖြေရန် နှင့် ကျန်းမာရေးအတွက် ကိုယ်လက် လေ့ကျင့်ခန်းများ ဆောင်ရွက်ရန်
ထားရှိသည့် အလှဆင်ပစ္စည်း များနှင့် အားကစားပစ္စည်းများကိုလည်း
ပြီးခဲ့ သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ အ တွင်းက အပျော်သဘော ဖျက်ဆီး မှုများရှိခဲ့သဖြင့်
ပြုပြင်ခဲ့ပြီးနောက် ယခုတစ်ကြိမ်တွင် ရှုခင်း အလှဆင် မီးကို ၃ ကြိမ်တိုင် ဖျက်ဆီးခဲ့ကြသ ဖြင့် အများပြည်သူမှ ဝိုင်းဝန်းထိန်း
သိမ်းပေးနိုင်ရန် လိုအပ်နေကြောင်း သိရသည်။
.