ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စုတွင် တပ်ပိုင်မြေသိမ်းဆည်းထားသည့် မြေဧက ၂၀ အား ပြန်လည် စွန့်လွှတ်ရန် မရှိဟု ဆို - Kanbawza Tai News

Breaking

Boxed(True/False)

Tuesday, March 10, 2020

ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စုတွင် တပ်ပိုင်မြေသိမ်းဆည်းထားသည့် မြေဧက ၂၀ အား ပြန်လည် စွန့်လွှတ်ရန် မရှိဟု ဆို


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့နယ်၊ ယန်းလောကျေးရွာအုပ် စု၊ ဝေါ်ခုတ်ကျေးရွာရှိ နယ်မြေခံ ခြေ မြန်တပ်ရင်းမှ တပ်ပိုင်မြေအဖြစ် သိမ်း ဆည်းထားသည့် မြေဧက ၂၀ အား ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ် မရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာ န၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် က လွှတ်တော်တွင် ပြောဆိုခဲ့သည်။
.

.
ဒုတိယအကြိမ် အမျိုးသားလွှတ် တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်း အဝေးကို မတ်လ ၆ ရက်က နေ ပြည်တော်တွင် ပြုလုပ်ရာ ရှမ်းပြည် နယ်မဲဆန္ဒနယ် အမှတ် (၆) မှ အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦး စိုင်းဆိုင်ကျောက်ဆမ်က ယင်းမြေ နေရာအား ပြန်လည်စွန့်လွှတ်ပေး ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း ကြယ်ပွင့်ပြမေးခွန်း မေးမြန်းမှုနှင့် ပတ်သက်၍ ဒုတိယဝန်ကြီးက ယင်း ကဲ့သို့ ပြန်လည်ပြောဆိုခဲ့ခြင်း ဖြစ် သည်။

.
ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် က ကျိုင်းတုံမြို့နယ်၊ ယန်းလော ကျေးရွာအုပ်စု၊ ဝေါ်ခုတ်ကျေးရွာရှိ နယ်မြေခံ တပ်ရင်း၏ တပ်ပိုင်မြေ များ အား ပြည်ထဲရေး ဝန်ကြီးဌာန၏ ၂၀၀၁ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်စွဲပါ စာအမှတ် ၂၀၀ / ၂ - ၄ / ဦး ၁ နှင့်၂၀၀ / ၁ - ၅ / ဦး ၁ တို့ ဖြင့် တပ်မြေသိမ်းဆည်းရေး ခွင့်ပြုမိန့် များ ရရှိခဲ့ပြီး တပ်ပိုင်မြေအတွင်းမှ မြေဧရိယာ ၂ ဧကအား ပြည်ထဲရေး ဝန်ကြီးဌာန၏ ၂၀၁၇ ခုနှစ်၊ နိုဝင် ဘာလ ၂၇ ရက်စွဲပါ စာအမှတ် ပထ ရ / ၂ - ၃ (၁၅၉၁) ထောက် ၂ ဖြင့် ပြန်လည် စွန့်လွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ တပ်ပိုင်မြေ အဖြစ် သိမ်းဆည်းစဉ်ကပင် လယ်မြေ၊ မြေ လွတ်မြေရိုင်း၊ သုသာန်မြေ၊ လမ်း မြေတို့ ပါဝင်သည်ကို စိစစ်တွေ့ရှိရ ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် ၏ မေးခွန်းပါ မြေနေရာသည် နယ် မြေခံတပ်ရင်း၏ လက်ရှိတပ်ပိုင် မြေတွင်ပါဝင်ပြီး မြေပြင်ကွင်းဆင်း စစ်ဆေးချက်အရ မြေဧရိယာဧက ၂၀ ရှိပါကြောင်း၊ တပ်ပိုင်မြေအဖြစ် သိမ်းဆည်းစဉ်တွင် ဆရာတော် ဦး ပဏ္ဍိတ၏ ဘုန်းတော်ကြီးကျောင်း ဆောက်လုပ်ထားရှိပြီး တပ်ရင်းမှ ဝါး၊ ထင်းရှူး၊ မဲဇလီပင်များ စိုက်ပျိုး ထားရှိကာ တပ်ရင်းဂိတ်အဝင်ယာ ဘက်တွင် တည်ရှိကြောင်း၊ အဆိုပါ မြေနေရာသည် လုံခြုံရေးအရ အ ချက် အခြာကျသော မြေနေရာဖြစ် ပြီး ဝေါ်ခုတ်ကျေးရွာ၊ စွမ်နောက် ခမ်းကျေးရွာ၊ ပန်ကုလားကျေးရွာ၊ နောင်ထပ်ကျေးရွာ၊ ဟွေဖျန်သုသာန် သွားလမ်းများနှင့် ဆက်စပ်လျက် ရှိကာ တပ်ရင်းဌာနချုပ် လုံခြုံရေးကို ထိခိုက်နိုင်သဖြင့် ပြန်လည်စွန့် လွှတ်ပေးနိုင်ခြင်းမရှိသည်ကို စိစစ် တွေ့ရှိရကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
.
“စစ်တပ်နဲ့ ပတ်သက်လို့ အရင် တုန်းက ကျိုင်းတုံလေယာဉ်ကွင်း နားမှာ ဖို့ချင်း (ချင်း-၄) တပ်ရင်းရယ်၊ ထောက်ပို့ရယ်၊ စစ်ဆေးရုံရယ်၊ တပ် မကုန်းရယ်ပဲ ရှိခဲ့တာပါ။ စစ်အစိုးရ တက်လာမှ တပ်တွေတိုးချဲ့လိုက် တော့ အခုလွှတ်တော်မှာ ပြောတဲ့ ၅၂၉ တပ်က ပေါ်လာတာပါ။ ဝေါ် ခုတ်မှာ အရင်တုန်းက တပ်မရှိခဲ့ပါ ဘူး” ဟု ပြောဆိုခဲ့သည်။
.
ကျိုင်းတုံမြို့နယ်တွင် တပ်သိမ်း ဆည်းမြေများနှင့် ပတ်သက်၍ ပြန် လည် စွန့်လွှတ်ပေးခဲ့မှုများ ရှိသော် လည်း တောင်သူနှင့် မြေပိုင်ဆိုင် သည်ဟုဆိုသော ဒေသခံများ၏ လက် ဝယ်သို့ ပြန်လည်ရောက်ရှိခြင်း မရှိသဖြင့် အစိုးရထံသို့ တင်ပြတိုင် ကြားထားမှုများ ရှိနေပြီး နောင်တုံ ကန်ပတ်လမ်းရှိ မြေနေရာတစ်ခုအား တပ်မတော်ပိုင်မြေဟု ဆိုကာ တပ်မ တော်မှ တရားစွဲဆိုခဲ့သဖြင့် မူလပိုင် ရှင်ဆိုသူများ တရားဥပဒေအရ အမှု ရင်ဆိုင်နေရမှုများ ရှိနေကြောင်း သိ ရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)