ကျိုင်းတုံ-မိုင်းလားလမ်းရှိ ဝမ်တာပင်းဂိတ် ပြန်ဖွင့်ပေးရန် ဒေသခံများ လိုလားနေ - Kanbawza Tai News

Breaking

Boxed(True/False)

Friday, March 13, 2020

ကျိုင်းတုံ-မိုင်းလားလမ်းရှိ ဝမ်တာပင်းဂိတ် ပြန်ဖွင့်ပေးရန် ဒေသခံများ လိုလားနေ


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့နယ်နှင့် အထူးဒေသ(၄) မိုင်း လားမြို့တို့ကို ဆက်သွယ်ထားသည့် လမ်းပေါ်ရှိ ဝမ်တာပင်းဂိတ်ကို ပြန် လည်ဖွင့်လှစ်ပေးရန် ဒေသခံများမှ လိုလားလျက်ရှိကြောင်း သိရသည်။
.
 
.
ယင်းလမ်းအား လုံခြုံရေးအရ ဟုဆိုကာ ၂၀၁၆ ခုနှစ်၊ စက်တင် ဘာလက စတင်ပြီး တပ်မတော်မှ ပိတ်ထားသဖြင့် ကုန်စည်နှင့် ခရီး သည်များမှာ မိုင်းခတ်-မိုင်းယန်း လမ်းကို အသုံးပြု၍ သွားလာနေရ ကြောင်း သိရသည်။
.
“မတ်လ ၂၇ ရက်မှာ လမ်းပြန် ဖွင့်ပေးမယ်လို့တော့ ကြားမိတယ်။ ဟုတ်မဟုတ်တော့ သေချာမသိ သေးပါဘူး”ဟု ကျိုင်းတုံ-မိုင်းလား လမ်းကို အသုံးပြု သွားလာနေသည့် ကုန်သည်တစ်ဦးက ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ယင်းကဲ့သို့ ပြောဆိုချက်နှင့် ပတ်သက်၍ ကျိုင်းတုံခရိုင်အုပ်ချုပ် ရေးမှူး ဦးဝင်းမင်းသိန်းအား ကမ္ဘောဇတိုင်းမှ သွားရောက်တွေ့ဆုံ မေး မြန်းရာ “ကျွန်တော်တော့ မကြားမိ သေးပါဘူး။ တကယ်လို့ ပြန်ဖွင့်မယ် ဆိုရင်လည်း အဝင်အထွက်ဂိတ် တစ်ခုအနေနဲ့ သက်ဆိုင်ရာ ဌာန တွေကို တာဝန်ချထားပေးရမှာဖြစ် လို့ ကြိုသိရမှာ ဖြစ်ပါတယ်” ဟု ပြော သည်။
.
“ဝ တပ်ဖွဲ့တွေ အထူးဒေသ (၄) ထဲမှာ ခြေကုပ်ရယူထားလို့ လမ်း ပိတ်ထားတယ်ဆိုရင်လည်း အခြေ အနေက ဘာမှထူးခြားတာမဖြစ်လာ ပါဘူး။ ပြန်ထွက်အောင်လည်း မ လုပ်ဘူးဆိုရင်တော့ အခုလို လမ်း ပိတ်ထားလို့ တကယ်နစ်နာတာက ကုန်သည်နဲ့ ခရီးသွားတွေပဲဖြစ်ပါ တယ်”ဟု မိုင်းလား-ကျိုင်းတုံ ခရီး သည်တင် ယာဉ်မောင်းတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။
.
ကျိုင်းတုံမှ မိုင်းလားသို့ ဆက် သွယ်ထားသည့် ဝမ်တာပင်းလမ်း (AH-3) လမ်းသည် ခရီးမိုင် ၅၀ ခန့် သာရှိပြီး ယင်းလမ်းကို ပိတ်ထား ခြင်းကြောင့် မိုင်းခတ်-မိုင်းယန်းလမ်း မှ မိုင်းလားသို့ သွားလာရသဖြင့် ခရီး မိုင်ပိုများပြား ကုန်ကျစရိတ်မှာလည်း ကြီးမြင့်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)