တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ခရီးစဉ်တွင် တရားဝင် ယာဉ်လိုင်းများဖြင့်သာ စီးနင်းခရီးသွားလာရန် လိုဟု ဆို - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Sunday, March 8, 2020

တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ခရီးစဉ်တွင် တရားဝင် ယာဉ်လိုင်းများဖြင့်သာ စီးနင်းခရီးသွားလာရန် လိုဟု ဆို


ထက်တိုင်းကျော်
.
တောင်ကြီး-ကျိုင်းတုံ-တာချီ လိတ်ခရီးစဉ်တွင် ခရီးသည်တင် ဆောင်ကာ မောင်းနှင်ပြေးဆွဲနေ သည့် စည်းကမ်းပျက် တရားမဝင် ယာဉ်အချို့ရှိနေပြီး ခရီးသည်များအ နေဖြင့် တရားဝင်ယာဉ်လိုင်းဂိတ်မှ ယာဉ်များကိုသာ စီးနင်းခရီးသွားလာ ရန် လိုအပ်သည်ဟု ကျိုင်းတုံမြို့နယ် ပုဂ္ဂလိက ယာဉ်လိုင်းများ ကြီးကြပ် ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သင်းက ပြောဆိုခဲ့သည်။
.
 
.
ခရီးသည်တွေ ကိုယ်တိုင်က ကိုယ်စီးမယ့်ကား တရားဝင်ဖြစ်ရဲ့ လားဆိုတာကို သိဖို့ လိုအပ်ပါတယ်။ ခရီးရှည်ပြီး တောင်တက်/တောင် ဆင်းများတော့ အကြောင်း တစ်ခုခု ကြောင့် ယာဉ်မတော်တဆမှုဖြစ်ခဲ့ ရင် ကိုယ့်အတွက် ခရီးသွား အာမခံ နဲ့ အကျုံးမဝင်တော့ နစ်နာပါမယ်”  ဟု ကျိုင်းတုံမြို့နယ်ပုဂ္ဂလိက ယာဉ် လိုင်းများ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဟန်သင်းက ပြောသည်။
.
ယင်းကဲ့သို့ ခရီးသည်တင် ဆောင်ခွင့် မရှိဘဲ တင်ဆောင်မောင်း နှင်နေသည့် ယာဉ်များတွင် တရားဝင် မှတ်ပုံတင် လိုင်းဝင်ထားခြင်း မရှိ သည့် နံပါတ်အနီယာဉ်များ၊ ကုန် တင်ရန် သတ်မှတ်ထားသော နံပါတ် အနက် ယာဉ်များလည်း ပါဝင်နေ ကြောင်း သိရသည်။
.
တရားဝင်ယာဉ်လိုင်း မဟုတ် မှန်းတော့သိပါတယ်။ တာချီလိတ် ကနေ ရွာအထိ အရောက်ကို ငွေ ၂ သောင်းနဲ့ စီးလို့ရတာ ဒီကားပဲရှိ တယ်။ ပြီးတော့ ပိုက်ဆံမရှိလည်း ရွာရောက်မှ ကားခပေးလို့ရတယ်” ဟု ခရီးသည်တစ်ဦးက ၎င်း၏ အမြင် ကို ပြောဆိုခဲ့သည်။
.
တောင်ကြီး-ကျိုင်းတုံ-တာချီ လိတ်ခရီးစဉ်တွင် တရားဝင်ယာဉ် လိုင်းဂိတ်မှ ခရီးသည်တင်မော်တော် ယာဉ်ဖြင့် စီးနင်းလိုက်ပါပါက ခရီး သည်တစ်ဦးလျှင် ကျပ် ၃ သောင်း ကျသင့်ပြီး တရားမဝင်ယာဉ် များမှာ စျေးနှုန်းပိုမိုသက်သာ လေ့ရှိကြောင်း ခရီးသည်များထံက သိရသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့ကို အခြေပြု၍ တောင်ကြီး၊ တာချီလိတ်၊ မိုင်းခတ်၊ မိုင်းလား၊ မိုင်းယန်းမြို့များသို့ တရားဝင် ယာဉ် လိုင်း ၂၆ ခုမှ ယာဉ်စီးရေ ၅၀၀ ကျော်ဖြင့် နေ့စဉ် ပြေးဆွဲပေးလျက် ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)