ကျိုင်းတုံရှိ တရားမဝင်စက်သုံးဆီ အရောင်းဆိုင်များကို တရားဝင် လျှောက်ထားရန် ခွင့်ပြု - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Friday, March 6, 2020

ကျိုင်းတုံရှိ တရားမဝင်စက်သုံးဆီ အရောင်းဆိုင်များကို တရားဝင် လျှောက်ထားရန် ခွင့်ပြု


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့နယ်ရှိ လူနေရပ်ကွက်များ အ တွင်း ရောင်းချလျက်ရှိသော တရားမဝင် စက်သုံးဆီအရောင်းဆိုင်များကို ပိတ်သိမ်းစေပြီး မြန်မာ့ရေနံထွက် ပစ္စည်း ရောင်းဝယ်ရေးရုံး၌ အသေး စားစက်သုံးဆီ အရောင်းဆိုင် (Mini Pump) အဖြစ် တရားဝင် လျှောက် ထားရန် ခွင့်ပြုပေးနေကြောင်း သိရ သည်။
.
 
.
ကျိုင်းတုံမြို့နယ်အတွင်း ပုလင်း၊ ချိန်ခွက်ဖြင့် ရောင်းချနေသည့် တ ရားမဝင် စက်သုံးဆီ အရောင်းဆိုင် ၂၈၀ ခန့် ရှိနေပြီး ယင်း ဆိုင်များ ကြောင့် မီးဘေးအန္တရာယ် ဖြစ်ပွား မည်ကို စိုးရိမ်နေရသည်ဟု သိရ သည်။
.
ကျိုင်းတုံခရိုင် ရေနံထွက်ပစ္စည်း များ ထုတ်လုပ်သိုလှောင် ဖြန့်ဖြူး ရောင်းချရေး လုပ်ငန်းများ ကြီးကြပ် ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦး ဝင်းမင်းသိန်းက “ကျွန်တော်တို့ ရှမ်း ပြည်နယ်အစိုးရကို တရားဝင် ခွင့်ပြု ချက် တောင်းခံပြီးမှ အသေးစားဆိုင် လေးတွေအတွက် မီးဘေးလုံခြုံရေး စည်းကမ်းသတ်မှတ်ချက်တွေနဲ့ အညီ  စက်သုံးဆီ အရောင်းဆိုင် ဖွင့်ခွင့် ပြုပေးတာ ဖြစ်ပါတယ်" ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ တရားမဝင်စက်သုံး ဆီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်း ချမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးရဲနိုင်က “တရားမဝင် ဆီဘူးလေးတွေကို ထောင်ပြီးရောင်းချနေလို့ မရတော့ ပါဘူး။ မြို့နယ်အတွင်းမှာ နေထိုင် ကြတဲ့ အများပြည်သူရဲ့ စည်းစိမ် ဥစ္စာကို မီးဘေးအန္တရာယ် မဖြစ် အောင် သေချာကြပ်မတ် စစ်ဆေး သွားဖို့ တိုက်တွန်းပါတယ်”ဟု ပြည် နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံ ရေးပါတီများနှင့် ပြုလုပ်သည့်အပတ် စဉ် တွေ့ဆုံ ဆွေးနွေးပွဲတွင် ပြောဆို ခဲ့သည်။
.
ကျိုင်းတုံမြို့၊ အမှတ် (၅) ရပ် ကွက်၊ မိုင်းခတ်လမ်းတွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က တရားမဝင် စက်သုံး ဆီ အရောင်းဆိုင်တစ်ခုမှ မီးလောင် မှုဖြစ်ပွား၍ အနီးပတ်ဝန်းကျင်ရှိ စျေး ဆိုင်ခန်းများအား မီးလောင်ပျက်စီး ဆုံးရှုံးမှု ဖြစ်ပွားခဲ့ဖူးကြောင်း သိရ သည်။
.
ကျိုင်းတုံမြို့နယ်တွင် တရားဝင် ဖွင့်လှစ်ရောင်းချနေသည့် စက်သုံး ဆီအရောင်းဆိုင် ၁၀ ဆိုင်သာ ရှိပြီး တရားမဝင် ရောင်းချနေသည့် စက် သုံးဆီအရောင်းဆိုင် အများအပြား ရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)