ကျိုင်းတုံအကျဉ်းထောင်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ဖွင့်လှစ်မည် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Saturday, March 7, 2020

ကျိုင်းတုံအကျဉ်းထောင်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ဖွင့်လှစ်မည်


ထက်တိုင်းကျော်
.
လာမည့် မတ်လ ၁၁ ရက်တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်ရန်အတွက် ကျိုင်းတုံအကျဉ်းဦးစီး ဌာန၊ အကျဉ်းထောင်တွင် စာစစ်ဌာနအသစ် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
 
.
“အရင်တုန်းကတော့ ကျိုင်းတုံအကျဉ်းထောင်ထဲမှာ ပြစ်ဒဏ်ကျခံနေရတဲ့ ဆယ်တန်းဖြေမယ့် သူတွေက မန္တလေးစာစစ် ဌာနမှာ သွားဖြေရပါတယ်။ အသွားအပြန် ခရီးလမ်းကုန်ကျစရိတ်ရှိလို့ ကျိုင်းတုံထောင်ထဲမှာပဲ စာစစ်ဌာနရဖို့ တင်ပြခဲ့ တာ ဒီနှစ်မှာ အဆင်ပြေသွားပါတယ်” ဟု ကျိုင်းတုံမြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယပညာရေးမှူး ဦးဇော်လင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံအကျဉ်းထောင်တွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံနေရသူများတွင် တက္ကသိုလ်ဝင်တန်း တက်ရောက် နေသူများအပြင် တက္ကသိုလ် တက်ရောက်နေသူများလည်း ရှိနေကြောင်း သိရသည်။
.
“ဝမ်းသာတာပေါ့။ ကျွန်မသားလေးရဲ့ ပညာရေးအတွက် တွေးမိတိုင်း စိတ်မကောင်းဖြစ်နေရပါတယ်။ ဘာပဲဖြစ်ဖြစ် အခုသူ့ကြိုးစားမှုနဲ့ အောင်သွားပါစေလို့ ဆုတောင်းပါတယ်” ဟု ကျိုင်းတုံအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသူ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် ကျောင်းသားမိခင်တစ်ဦးက ပြောသည်။
.
ကျိုင်းတုံမြို့နယ်တွင် ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွက် စာစစ်ဌာန ၁၇ ခု ဖွင့်လှစ်ထားပြီး ကျိုင်းတုံ အကျဉ်းထောင် စာစစ်ဌာနသည် ယခုနှစ်တွင် ပထမဆုံး ဖွင့်လှစ်ခြင်းဖြစ်ကာ အကျဉ်းထောင်စာစစ်ဌာနတွင် အကျဉ်းကျ ကျောင်းသား/သူ ၄ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)