ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် နှစ်စဉ် ရိုးရာမပျက်
ကျင်းပပြုလုပ်လျက်ရှိသည့် စော်ဘွား ဈေးဟောင်းနေ့ ကို မတ်လ ၁၆ ရက်တွင် ကျင်းပပြုလုပ်ရမည်ဖြစ်ရာ
ကူးစက်ရောဂါ ကာကွယ်ရေးအတွက် ကျင်းပခြင်း မပြုဘဲ ယာယီဆိုင်းငံ့ထားရန် ညွှန်ကြားထားသော်လည်း
ကျန်းမာရေးသတိဖြင့် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်ဟု သိရ သည်။
.
.
“ဒေသခံပြည်သူတွေ အားလုံးရဲ့ ကျန်းမာရေး ကြိုတင်ကာကွယ်တဲ့အနေနဲ့
ရှမ်းပြည်နယ်အစိုးရရဲ့ ညွှန်ကြား ချက်နဲ့ အညီ ဆောင်ရွက်ရတာဖြစ်ပါတယ်” ဟု ကျိုင်းတုံခရိုင်စီမံခန့်ခွဲမှုကော်မတီ
ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်းက ကမ္ဘောဇ တိုင်းသို့ ပြောသည်။
“ခါတိုင်းနှစ်တွေတော့ ထူးခြားတဲ့ ဘာကူးစက်ရောဂါမှ မရှိခဲ့တော့ ပျော်ပျော်ပါးပါးနဲ့
စော်ဘွားဈေးမှာ လူတိုး ရတာကို အမှတ်တရဖြစ်လို့ နှစ်တိုင်းရောက်ဖြစ်ပါတယ်” ဟု ကျိုင်းတုံမြို့နေ
မနန်းဖောင်းကျောက်က ၎င်း၏ အမြင်ကို ပြောသည်။
.
စော်ဘွားဈေးဟောင်းနေ့တွင် ကျိုင်းတုံမြို့၊ အမှတ် (၂)၊ အမှတ် (၃)
ရပ်ကွက်၊ ပါလျှံဈေးတန်းကြီး၊ ဈေးတန်း လေးနှင့် မြန်မာ့စီးပွားရေးဘဏ်လမ်းတစ်လျှောက်၌
ပြည်တွင်း/ပြည်ပထုတ်ကုန်ပစ္စည်းမျိုးစုံ လာရောက်ခင်းကျင်း ရောင်းချပေးကာ ယင်းနေ့အား
ကျိုင်းတုံမြို့မဈေးကြီး ပိတ်ရက်အဖြစ် သတ်မှတ်ထားခြင်းဖြစ်သော်လည်း ယခုနှစ် တွင် စော်ဘွားဈေးဟောင်းနေ့၌
မြို့မဈေးကို ဖွင့်ထားပေးမည်ဖြစ်ကြောင်း သိရသည်။
.