ကျိုင်းတုံတွင် ညီအစ်ကိုချင်း အရက်အတူသောက်ရာမှ ဓါးထိုးမှုဖြစ်ပွား - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, March 12, 2020

ကျိုင်းတုံတွင် ညီအစ်ကိုချင်း အရက်အတူသောက်ရာမှ ဓါးထိုးမှုဖြစ်ပွား


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ဝေါ်ခုတ်ရွာတွင် မတ်လ ၁၁ ရက်၊ ညပိုင်းက ညီအစ်ကိုအချင်းချင်း အရက် အတူသောက်ရာမှ စကားများရန်ဖြစ်ကာ ဓါးထိုးမှုဖြစ်ပွားခဲ့ပြီး မိခင်ဖြစ်သူမှ အမှုဖွင့် တိုင်တန်းခဲ့ကြောင်း သိသည်။
.
 
.
ဝေါ်ခုတ်ကျေးရွာနေ စိုင်းနွမ်း (၄၂ နှစ်) နှင့် ညီဖြစ်သူ စိုင်းပန် (၃၃ နှစ်) တို့သည် နေအိမ်တွင် အရက်အတူသောက်ရာမှ စကားများရန်ဖြစ်ခဲ့ခြင်းဖြစ်ပြီး ညီဖြစ်သူ စိုင်းပန်မှ အစ်ကိုအား လေးခွဖြင့် လိုက်လံပစ်ခတ်သောကြောင့် မိခင် ဒေါ်ပါးလုံနှင့် သမီးဖြစ်သူ မနန်းစီတို့မှ ဝင်ရောက်ဖြန်ဖြေပေးခဲ့ရာ အစ်ကိုဖြစ်သူမှ နေအိမ်အပြင်ဘက် လမ်းပေါ်သို့ ထွက်သွားခဲ့သည်ဟု သိရသည်။
.
ထိုသို့ ထွက်ခွာသွားစဉ် ညီဖြစ်သူမှ အရိုးအသွား ၁၀ လက်မခန့်ရှိ ဓါးဦးချွန်ဖြင့် လိုက်ထိုးသောကြောင့် စိုင်းနွယမ်း၏ ယာဘက်နောက်ကျောတွင် လက်မဝက်ခန့် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ယာလက်မောင်းတွင် ပြတ်ရှဒဏ်ရာ ၃ ချက် ရရှိခဲ့ကြောင်း သိရသည်။
.
ယင်းဒဏ်ရာများကြောင့် စိုင်းနွမ်းအား စိုးရိမ်ရဒဏ်ရာများဖြင့် ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသမှု ခံယူစေလျက် ရှိပြီး အစ်ကိုအား ဓါးဖြင့်ထိုးခဲ့သူ စိုင်းပန်အား မိခင် ဒေါ်ပါးယုံမှ ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)