ကျိုင်းတုံတွင် COVID-19 စောင့်ကြည့်လူနာတစ်ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံတွင် COVID-19 စောင့်ကြည့်လူနာတစ်ဦး သေဆုံး


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် ပြင်းထန်အဆုတ်ရောင်ရောဂါ (Severe Pneumonia) ဖြင့် တက်ရောက်၍ ကိုရိုနာ (COVID-19) စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ သီးသန့် လူနာဆောင်တွင် တက်ရောက်ဆေးကုသမှု ခံယူနေသည့် အသက် ၃၀ အရွယ် အမျိုးသားသည် မတ် ၁၇ ရက်၊ ညပိုင်းက သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
 
.
သေဆုံးသူ အမျိုးသားမှာ မိုင်းဖြတ်မြို့နယ်၊ ကချင်စံပြကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ကျိုင်းတုံမြို့နယ် ဆည်မြောင်း ဦးစီးဌာနတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။
.
“လူနာ မသေဆုံးခင်မှာ ယူထားတဲ့ နှာခေါင်းတို့ဖတ်နဲ့ အာခေါင်တို့ဖတ် နမူနာကို ဓါတ်ခွဲစစ်ဆေးဖို့ ဒီနေ့ မတ်လ ၁၈ ရက်မှာ ဗဟိုဓါတ်ခွဲစစ်ဆေးရေးဌာနကို သွားပို့ပေးမှာဖြစ်ပါတယ်။ ဓါတ်ခွဲအဖြေကို သိတာနဲ့ အများပြည်သူတွေ သိအောင် ထုတ်ပြန်ကြေညာပေးသွားပါမယ်” ဟု ကျိုင်တုံဆေးရုံအုပ်ကြီး ဒေါက်တာလှဌေးမင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
သေဆုံးသူသည် ၎င်းမကွယ်လွန်မီအချိန်က COVID-19 ရောဂါ ကူးစက်ခံထားရသည့် နိုင်ငံများသို့ သွားရောက် ခဲ့ခြင်းနှင့် ရောဂါကူးစက်ခံထားရသူများနှင့် ထိတွေ့ဆက်ဆံခဲ့ခြင်း ဆေးစစ်ချက်ရာဇဝင်မရှိကြောင်း သိရသည်။
.
ကျိုင်းတုံမြို့နယ် အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိပြီး ဆေးရုံများရှိ ဆရာဝန်များ၊ သူနာပြုများ နှင့် ဝန်ထမ်းများအတွက် Surgical MaskPPE ဝတ်စုံ၊ Hand GelHand WashN-95 Mask များ လိုအပ်လျက်ရှိ ကြောင်း သိရသည်။
.

Journal Download

Photo of three cats