တရုတ်နယ်စပ်မှ “ဝ” အထူးဒေသ (၂) သို့ ရောက်ရှိလာသည့် ဗီယက်နမ်နိုင်ငံသူတစ်ဦးကို ကျိုင်းတုံဆေးရုံတွင် စောင့်ကြည့်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တရုတ်နယ်စပ်မှ “ဝ” အထူးဒေသ (၂) သို့ ရောက်ရှိလာသည့် ဗီယက်နမ်နိုင်ငံသူတစ်ဦးကို ကျိုင်းတုံဆေးရုံတွင် စောင့်ကြည့်နေ


ထက်တိုင်းကျော်
.
တရုတ်နိုင်ငံနယ်စပ်မှတဆင့် “ဝ” အထူးဒေသ (၂) မိုင်းဖျဲန်မြို့သို့ ရောက်ရှိလာသည့် ဗီယက်နမ်နိုင်ငံသူ အမျိုးသမီး တစ်ဦးအား မိုင်းပေါက်-မိုင်းယောင်းလမ်းမှတဆင့် ကျိုင်းတုံမြို့သို့ ခေါ်ဆောင်လာပြီး ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် ၁၄ ရက် စောင့်ကြည့်လူနာအဖြစ် စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
.

.
“ဗီယက်နမ် နိုင်ငံသူတစ်ဦးကို ကျိုင်းတုံဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် ထားရှိထားပါတယ်။ နောက်ပြီးတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်က ပြန်လာတဲ့ မြန်မာနိုင်ငံသား တစ်ဦးကိုလည်း စောင့်ကြည့်နေပါတယ်။ ကျွန်တော်တို့လည်း အချိန်နဲ့တစ်ပြေးညီ စောင့်ရှောက်မှုတွေ ပေးနေပါတယ်” ဟု ကျိုင်းတုံမြို့ရှိ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာြမင့်ကျော်က ကမ္ဘောဇတိုင်းသို့ အတည်ပြု ပြောဆိုခဲ့သည်။
.
အဆိုပါ အမျိုးသမီးမှာ ဗီယက်နမ်-တရုတ်နယ်စပ်မှတဆင့် “ဝ” အထူးဒေသ (၂) မိုင်းဖျဲန်မြို့သို့ ရောက်ရှိလာစဉ် ဗီယက်နမ်သံရုံး၏ အကူအညီဖြင့် ကျိုင်းတုံမြို့ရှိ အမှတ် (၁၈) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုမှူးရုံးမှ မတ်လ ၂၂ ရက်က သွားရောက်ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျိုင်းတုံမြို့ရှိ အမှတ် (၁၈) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှူးရုံးသို့ ကမ္ဘောဇတိုင်းမှ သွားရောက်သတင်းမေးမြန်းရာတွင် ယင်းတပ်ဖွဲ့စုမှူး ရဲမှူး မီမီကိုက ဗီယက်နမ်နိုင်ငံသူတစ်ဦး ဆေးရုံသို့ ရောက်ရှိနေသည်ကို အတည်ပြုခဲ့သော်လည်း ကျန်သတင်းအချက်အလက်များအား ဖြေကြားရန် အလုပ်မအားသေးကြောင်း ပြန်လည်ပြောဆိုခဲ့သည်။
.
“အဲဒီဗီယက်နမ်နိုင်ငံသူ အမျိုးသမီးက ကျိုင်းတုံကို မတ်လ ၂၂ ရက်မှာ ရောက်လာပြီး မတ်လ ၂၄ ရက်မှာ ဆေးရုံ တက်ရတာဖြစ်ပါတယ်။ COVID-19 ကူးစက်ရောဂါ တွေ့ရင်တော့ မတွေးရဲစရာပါ” ဟု ကျိုင်းတုံဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ရောက်ရှိနေသည့် ဗီယက်နမ်နိုင်ငံသူ အမျိုးသမီးနှင့် ပတ်သက်၍ ၎င်း၏ အာခေါင်နှင့် နှာခေါင်းတို့ဖတ်တို့ကို ရယူကာ အမျိုးသားကျန်းမာရေးဓါတ်ခွဲဌာနသို့ ပေးပို့ထားကြောင်း သိရသည်။
.

Journal Download

Photo of three cats