ကလောတွင် ပလတ်စတစ်အမှိုက် လျှော့ချရေးနှင့် လေထုညစ်ညမ်းမှု အသိပညာပေး - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Thursday, March 5, 2020

ကလောတွင် ပလတ်စတစ်အမှိုက် လျှော့ချရေးနှင့် လေထုညစ်ညမ်းမှု အသိပညာပေး


ခွန်သန်းအောင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ က လောမြို့နယ်တွင် One State One Township Project စီမံကိန်းအရ ပ လတ်စတစ်အမှိုက် လျှော့ချရေးနှင့် လေထုညစ်ညမ်းမှု အသိပညာပေး သင်တန်းကို ဖေဖော်ဝါရီလ ၂၈ ရက်၊ ညနေပိုင်းက ပြုလုပ်ခဲ့သည်ဟု သိရသည်။
.
 
.
အခမ်းအနားတွင် ကလောမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ် သက်၍ အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး သတင်းစာဆရာ ဦးမင်းဇော်မင်း က ပလတ်စတစ်အမှိုက် လျှော့ ချရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တောင်ကြီးခရိုင် ပတ်ဝန်းကျင် ထိန်း သိမ်းရေး ဦးစီးဌာနမှ ဦးစီးအရာ ရှိ ဦးအေးထက်အောင်က နိုင်ငံ အတွင်း မီးခိုးမြူငွေ့ အန္တရာယ် အ ကြောင်းများနှင့် လည်းကောင်း အ သီးသီး ဆွေးနွေးခဲ့သည်ဟု သိရ သည်။
.
ဆွေးနွေးပွဲတွင် စာရေးဆရာ/ သတင်းစာဆရာ မင်းဇော်မင်းက ကမ္ဘာဖွဲ့စည်းပုံအရ လေထု၊ ရေထု၊ မြေထုတို့ ညစ်ညမ်းမှုများဖြစ်ပေါ်စေ သည့် အကြောင်းအရာများ အ ကြောင်း၊ ပလတ်စတစ်ကဲ့သို့သော စွန့်ပစ်ပစ္စည်းများ ဖြစ်သည့် ပလတ် စတစ်လို စွန့်ပစ်အမှိုက်များနှင့် အ ခြား ဖြစ်ပွားစေသည့် ကိစ္စရပ်များအ ကြောင်းကို ပါဝါပွိုင့်များဖြင့်တင်ပြခဲ့ ကြောင်း သိရသည်။
.
ပလတ်စတစ်မှာ လူသားများအ တွက် ၁၉၀၇ တွင် စတင်တီထွင်က တည်းက အကျိုးပြုသည်နှင့် အမျှ လူတို့၏ မဆင်မခြင် သုံးစွဲစွန့်ပစ်မှု များကြောင့် ကမ္ဘာ့ရေထုအတွင်း ပ လတ်စတစ်အမှိုက်များ စုပုံကာကျွန်း ကြီးများသဖွယ် ဖြစ်ပွားလာနေပြီး ရေနေသတ္တဝါများကို သေကြေပျက် စီးစေသည့်အပြင် ရာသီဥတုပြောင်း လဲဖောက်ပြန်မှုများကို ဟောပြော ကာ လူတိုင်း အသိစိတ်ဓာတ်ဖြင့် တစ် ကိုယ်ရေသုံး ပလတ်စတစ်လျှော့ ချရေး၊ အစားထိုးသုံးစွဲရေး၊ သုံးစွဲမှု ငြင်းပယ်ရေး ပြန်လည်ပြုပြင် သုံးစွဲ နိုင်ရေးတို့ကို ဆောင်ရွက်သင့်ပါ ကြောင်း ဦးမင်းဇော်မင်းက ဟော ပြောခဲ့သည်။
.
ထို့နောက် တောင်ကြီးခရိုင်ပတ် ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးထက်အောင်က မီးခိုး (SMOKE)၊ မြူ (FOG) တို့ပေါင်း စပ်ကာ မီးခိုးမြူငွေ့(SMOG) ဖြစ်ပွား လာမှု၊ နွေရာသီတွင်ဖြစ်ပွားသည့် SUMMER SMOG နှင့် ဆောင်းရာသီ တွင် ဖြစ်ပွားသည့် WINTER SMOG တို့ ၂ ခု အကြောင်းနှင့် တောင်ယာ မီးရှို့မှု အပါအဝင် ဖြစ်ပွားရသည့် အ ကြောင်းရင်းများ၊ ဖြစ်ပေါ်စေသည့် ဆိုးကျိုးများတို့ကို ရှင်းပြကာ မီးခိုး မြူငွေ့ဖြစ်ပွားနေစဉ်တွင် လိုက်နာ ဆောင်ရွက်ရမည့် အချက်များကို ဆွေးနွေးခဲ့သည်။
.
ဆွေးနွေးပွဲသို့ ကလောမြို့နယ် အုပ်ချုပ်ရေးမှူး ၊ အောင်ပန်းနှင့် ဟဲဟိုးမြို့အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ် ကွက်ကျေးရွာ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ စာရေးများ၊ ဌာနဆိုင် ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင် များ စုစုပေါင်း ၁၅၄ ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)