ကလောတွင် ယမ်းထောင်းရာမှတဆင့် နေအိမ်မီးလောင်မှု ဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Thursday, March 12, 2020

ကလောတွင် ယမ်းထောင်းရာမှတဆင့် နေအိမ်မီးလောင်မှု ဖြစ်ပွား


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် မတ်လ ၁၁ ရက်၊ မွန်းလွဲပိုင်းက ရိုးရာမီးရှူးမီးပန်း ပြုလုပ်ရန်အတွက် ယမ်းထောင်းရာမှတဆင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
 
.
ကလောမြို့နယ်၊ လွယ်အံကျေးရွာအုပ်စု၊ အင်းပြင်ကျေးရွာနေ ဦးတင်စန်း (၅၀ နှစ်) ၏ နေအိမ်တွင် မတ်လ ၁၁ ရက်၊ မွန်းလွဲ ၂ နာရီခန့်က ရိုးရာမီးရှူးမီးပန်းအတွက် ယမ်းထောင်းရာမှ ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားရာသို့ ကလောနှင့် အောင်ပန်းမြို့များမှ မီးသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၂ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦးဖြင့် ဝိုင်းဝန်ငြှိမ်းသတ်ခဲ့ရာ ၂ နာရီ ၁၅ မိနစ်ခန့်တွင် မီးအား ငြှိမ်းသတ်နိုင်ခဲ့ကာ မီးလောင်မှုကြောငု့် အိမ်ရှင် ဦးတင်စန်းတွင် လက်နှင့် ရင်ဘတ် မီးလောင်ဒဏ်ရာ၊ ယမ်းထောင်သူ ဦးမောင်ကြီး (၄၀ နှစ်) နှင့် ဦးစံဖေ ၃၅ နှစ်တို့တွင် လက် ၂ ဘက် မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ မီးလောင်မှုမှ နေအိမ်အပေါ်ထပ် ကျွန်းသေတ္တာအတွင်း တွေ့ရှိရသည့် ငွေကျပ် ၁၃၅ သိန်းကျော်အား အိမ်ရှင် ထံသို့ ပြန်လည်ပေးအပ်ခဲ့သည်ဟု ကလောမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းဇော်ထံက သိရသည်။
.
“အားလုံး ၁၃၅ သိန်း မကပါဘူး။ တခြား ကျပ်တန်လေးတွေလဘည်း ပါသေးတယ်။ အဲဒါတွေကိုတော့ စာရင်းမထည့် တော့ဘဲ ဒီအတိုင်း အပ်လိုက်ပါတယ်။ ဒါက မီးလောင်မှုဖြစ်ပွားတိုင်း ရွှေ၊ ငွေ တွေကို တွေ့ရင် သက်ဆိုင်ရာနဲ့အတူ ပိုင်ရှင်ကို ပြန်အပ်ရတဲ့ လူထုအကျိုးပြု ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းဖြစ်ပါတယ်” ဟု ဦးသန်းဇော်က ပြောသည်။
.
မီးလောင်ကျွမ်းမှုကြောင့် အိမ်ရှင် ဦးတင်စန်း၏ ပေ ၂၀ x ၃၀ ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း ၂ ထပ်နေအိမ် မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၁၈၅၀၀၀၀ ကျပ်ရှိကာ မီးပေါ့ဆမှုအရ အိမ်ရှင် ဦးတင်စန်းအား ကလောမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
၂၀၁၉ ခုနှစ်အတွင်း ရှမ်းပြည်နယ်၌ မီးလောင်မှုပေါင်း ၂၂၄ မှုဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်နယ် မီးသတ်ဦးစီးဌာန၏ စာရင်းဇယားများအရ သိရှိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)