ခင်းလေးဝင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့၊ မြို့မဈေးတွင် ယနေ့ မတ်လ ၂၃ ရက်၊ နံနက်ပိုင်းက
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
ထိုသို့ ဆောင်ရွက်ရာတွင်
ခိုလမ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်နှင့် မြို့နယ်ခွဲ စည်ပင်သာယာရေးဌာန ဦးစီးမှူး
ဦးလူထွန်းတို့က ဇာတ်တိုက်လေ့ကျင့်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး
မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဇင်မင်းဦးက မီးဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ
ဖြန့်ဝေခြင်း၊ မီးသတ်ဆေးဘူး အသုံးပြုပုံ၊ မီးငြှိမ်းသတ်နည်းအမျိုးမျိုးတို့အား လက်တွေ့သရုပ်ပြ
ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ခိုလမ်မြို့တွင် ပြီးခဲ့သည့်
၂၀၁၈-၂၀၁၉ ခုနှစ်အတွင်းက မီးလောင်ကျွမ်းမှု ၃ ကြိမ်ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
.