ကွတ်ခိုင်တွင် ငွေကျပ် ၃၈ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, March 1, 2020

ကွတ်ခိုင်တွင် ငွေကျပ် ၃၈ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအနီးတွင် လုံခြုံရေးဆောင်ရွက်နေသော တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ငွေကျပ် ၃၈ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
.
.
ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအနီးတွင် မူးယစ်ဆေးဝါးသတင်းအရ ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၆ နာရီခန့်တွင် စစ်ဆေးရှာဖွေရာ မသင်္ကာဖွယ်ရာ အဆောက်အဦ ၂ လုံးအတွင်းမှ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဂက်စ်မီးဖို ၁၅၈ လုံး၊ ဓာတုဆေးရည်ဘူး ၄၁၀ ဘူး၊ ၅ ဂါလန်ဆံ့ ဓာတုဆေးရည်ပုံး ၂၆၆ ပုံး၊ ဓာတုဆေးရည်အိတ် ၈၇ အိတ်၊ အက်ဆစ်များ ထည့်ထားသည့် ပေပါ ၁၅ လုံး၊ ဆေးပြားရိုက်စက် ၁ ခု နှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့် ဆက်စပ်ပစ္စည်းမျိုးစုံအား လည်းကောင်း၊ ဖေဖော်ဝါရီ ၂၉ ရက် နေ့လယ် ၃ နာရီ ၁၅ မိနစ်ခန့်တွင် မြေကျင်းတူး၍ သို၀ှက်ထားသည့် အက်ဆစ် ၅၀ ဂါလန်ဆံ့ ပေပါ ၂၈၁ လုံးတို့အား လည်းကောင်း၊ ယင်းနေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် မသင်္ကာဖွယ်အဆောက်အဦတစ်လုံးအတွင်းမှ WY တံဆိပ်နှင့် R တံဆိပ်ရောရာ စိတ်ကြွဆေးပြား ၅၁ အိတ်၊ 88/1 တံဆိပ်ပါ စိတ်ကြွဆေးပြား ၆ အိတ်၊ တံဆိပ်ပါရှိမှုမရှိသော စိတ်ကြွဆေးပြား ၂၅ အိတ် စုစုပေါင်းစိတ်ကြွဆေးပြား ၁၆၄၀၀၀၀၀ ပြားနှင့် ဘိန်းဖြူဆပ်ပြာခွက် ၃၃၀၀ ခွက်(၃၃၀၀၀ဂရမ်ခန့်)တို့အား လည်းကောင်း၊ မတ်လ ၁ ရက်၊ နံနက် ၉ နာရီခန့်တွင် ပိုင်ရှင်မဲ့အဆောက်အဦတစ်လုံးအတွင်းမှ WY R 88/1 တံဆိပ်နှင့် တံဆိပ်မပါ အစိမ်းရောင်၊ လိမ္မော်ရောင်၊ ပန်းရောင်ရောရာ စိတ်ကြွဆေးပြား ၁၅၄၀၀၀၀ ပြား၊ ဘိန်းဖြူ ဆပ်ပြာခွက် ၁၄၀ ခွက်၊ ဆေးပြားရေတွက်စက် ၂ လုံး၊ အမှုန့်ကြိတ်စက် ၁ လုံး၊ DAF-XF အမျိုးအစား ၈ ဘီး ခေါင်းတွဲယာဉ် ၁ စီး၊ တစ်ပါအမျိုးအစား ၁၀ ဘီးယာဉ် ၁ စီး၊ NISSAN အမျိုးအစား၂၂ ဘီးယာဉ် ၁ စီး၊ တစ်ပါ အမျိုးအစား ၂ ကရောင်း ၆ ဘီးယာဉ် ၁ စီး၊ CHENGLONG အမျိုးအစား ၂ ကရောင်း ၆ ဘီးယာဉ် ၁ စီး၊ အက်ဆစ်ကော်ပေပါအပြာ ၁၂၆ လုံး၊ အက်ဆစ်သံပေပါအပြာ ၂၄ လုံး၊ ဂက်စ်အိုး ၁၆၀ လုံး၊ အမျိုးအစားစိစစ်ဆဲ အဖြူရောင်ကုန်ကြမ်းမှုန့် ၃၃ အိတ်၊ အရိုးမီးသွေးအိတ် ၂၅ အိတ်နှင့် ၅ ဂါလံဆံ့အက်ဆစ်ပုံး ၁၆ ပုံးတို့အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သိမ်းဆည်းရမိ မော်တော်ယာဉ်များ၊ ငွေကျပ် ၃၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအား သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်းနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)