ကွတ်ခိုင်တွင် စစ်သံမှူးများ လိုက်ပါလာသည့် ရဟတ်ယာဉ် စက်ချို့ယွင်းမှုဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Friday, March 6, 2020

ကွတ်ခိုင်တွင် စစ်သံမှူးများ လိုက်ပါလာသည့် ရဟတ်ယာဉ် စက်ချို့ယွင်းမှုဖြစ်ပွား


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်းကျေးရွာတွင် ယနေ့ မတ်လ ၆ ရက်၊ ညနေပိုင်းက ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲအပြီး အပြန်တွင် စစ်သံမှူးများ လိုက်ပါလာသည့် ရဟတ်ယာဉ်တစ်စီး အင်ဂျင်စက်ချို့ယွင်းသဖြင့် ပျက်စီး/ထိခိုက်ဒဏ်ရာရမှု အနည်းငယ်ရှိခဲ့ကြောင်း သိရသည်။
.
.
နိုင်ငံခြားစစ်သံမှူးများနှင့် သတင်းမီဒီယာများပါဝင်သောအဖွဲ့ စီးနင်းလိုက်ပါလာသည့် ရဟတ်ယာဉ်သည် ယနေ့မွန်းလွဲ ၃ နာရီခွဲခန့်ကရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွယ်ခမ်မှ လားရှိုးသို့ ပြန်အတက်တွင် အင်ဂျင်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့သဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
.
“၅ ပေလောက်မှာ လူးသွားပြီး ပြန်ဆင်းတော့ အမြီးပိုင်း ထိခိုက်သွားတယ်။ လူတွေကတော့ သိပ်မထိခိုက်ပါဘူး။ ကျွန်တော်တို့ကို နောက်တစ်စီးနဲ့ နာရီဝက်အတွင်း လာခေါ်သွားတာ လားရှိုးကို ပြန်ရောက်ပါပြီ” ဟု အဆိုပါခရီးစဉ် တွင် လိုက်ပါခဲ့သည့် လားရှိုးအခြေစိုက် သတင်းထောက်တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကွတ်ခိုင်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ် ဆေးဝါးများနှင့် ပတ်သက်သည့် သတင်းစာရှလင်းလင်းပွဲကို ယနေ့ မတ်လ ၆ ရက်က လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် ပြုလုပ်ခဲ့ပြီး ကွတ်ခိုင်တွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို  စစ်သံမှူး၊ အရာရှိများနှင့် သတင်းထောက် ၄၀ ဦးခန့် မှ သွားရောက်ကြည့်ရှုပြီးနောက် လားရှိုးမြို့သို့အပြန်တွင် စစ်သံမှူးများ လိုက်ပါသည့် ရဟတ်ယာဉ်မှာ စက်ချို့ယွင်းခဲ့ခြင်းဖြစ်ပြီး စစ်သံမှူးများဘေးကင်းသော်လည်း ရဟတ်ယာဉ်မှူးများ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက် ကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်သည့် ခရီးစဉ်တွင် ယင်းကဲ့သို့ တပ်မတော်ရဟတ်ယာဉ် စက်ချို့ယွင်းမှု ဖြစ်ပွားခဲ့ဖူးသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)