ကွတ်ခိုင်တွင် ၁၀ ရက်အတွင်း လက်နက်ခဲယမ်း အမြောက်အများနှင့် ငွေကျပ် ၁၃၀ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Monday, March 9, 2020

ကွတ်ခိုင်တွင် ၁၀ ရက်အတွင်း လက်နက်ခဲယမ်း အမြောက်အများနှင့် ငွေကျပ် ၁၃၀ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့ ဖမ်းမိ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ် ခိုင်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ် လ ၈ ရက်အထိ ၁၀ ရက်တာ ကာလ အတွင်း လက်နက်ခဲယမ်းအမြောက် အများနှင့် ငွေကျပ် ၁၃၀ ဘီလီယံ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူး ယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အ သုံးပြုသော ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့ ဖမ်းဆီးရ မိထားပြီး မတ်လ ၅ ရက်တွင် ပါဝင်ပတ်သက်သူ ၂ ဦး ကို ဖမ်းဆီးရမိထားကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထား သည်။
.
 
.
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၁ ရက်အတွင်း စစ်ဆေးရှာ ဖွေမှုများ ပြုလုပ်ခဲ့ရာ လူမနေသည့် တိုက်အိမ်များအတွင်းမှ ငွေကျပ် ၃၈ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေး ဝါးများနှင့် လက်နက်ခဲယမ်းများကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ပြီးနောက် ယင်းနေရာများတွင် အလုပ်လုပ်ကိုင် ခဲ့ဖူးသည့် ကွတ်ခိုင်မြို့နယ်၊ မန်ပြိန်း ကျေးရွာနေ ဘောမ်တိမ်းနှင့် ထိန် ပေါင်းတို့ ၂ ဦးအား မတ်လ ၅ ရက်၊ နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
.
ဆက်လက်ပြီး ဖမ်းဆီးရမိသူ ၂ ဦး၏ ထွက်ဆိုချက်အရ မန်ပြိန်း ကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့် အကွာ ဒေသအခေါ် ကြမ်းမလန်း တက်ရေချောင်းအနီးနှင့် ပတ်ဝန်း ကျင်နေရာများ၊ လွယ်ခမ်ကျေးရွာ များသို့ ဆက်လက်ရှာဖွေမှုများ ပြု လုပ်ခဲ့ရာ မူးယစ်ဆေးဝါးနှင့် ဆေးဝါး ချက်လုပ်ရာ စက်ရုံ၊ ဆက်စပ်စ္စည်း များ၊ မော်တော်ယာဉ်များကို ပိုင်ရှင်မဲ့ ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း သိ ရသည်။
.
အဆိုပါ ကောင်းခါးကျေးရွာနှင့် လွယ်ခမ်ကျေးရွာ အနီးတစ်ဝိုက်၌ မူးယစ်ဆေးဝါးချက်လုပ်သည့် အဓိ က တရားခံမှာ စက်ရုံပိုင်ရှင်  ဦးလျှိုပါ့ ဖြစ်ပြီး သတင်းပေါက်ကြားမှု မရှိစေ ရေးအတွက် ၂ လခွဲခန့်သာ လုပ်ကိုင် ၍ စက်ရုံဖျက်သိမ်းကာ ဆက်စပ် ပစ္စည်းများအား ၎င်းနေထိုင်သည့် လွယ်ခမ်ကျေးရွာတွင် သိုဝှက်ကာ မိသားစုနှင့် အတူ နေထိုင်လျက်ရှိရာ မှ တပ်မတော် စစ်ကြောင်းများက မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာ များအား လိုက်လံရှင်းလင်းသည့် အ ချိန်တွင် နေအိမ်မှ ထွက်ပြေးတိမ်း ရှောင်သွားကြောင်း သိရှိရသည်။
.
ထို့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင် များသည် မတ်လ ၇ ရက်၊ နံနက် ပိုင်းက လွယ်ခမ်ကျေးရွာ အတွင်းရှိ လူမနေသည့် တစ်ထပ်တိုက် တစ် လုံးအတွင်းမှ လက်နက်ခဲယမ်း အ မြောက်အများကို ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး မတ်လ ၈ ရက် တွင် ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော် ကျေးရွာနေ ထွက်ပြေးတိမ်းရှောင် နေသူ ဦးယောဆီ ပိုင်ဆိုင်သည့် လွယ်ခမ်ကျေးရွာရှိ အဆောက်အဦ၊ သိန်းနီမြို့နယ်၊ နမ့်ခိုက်ကျေးရွာနေ ထွက်ပြေးတိမ်း ရှောင်နေသော ဦး ရန်ချင်း ပိုင်ဆိုင်သည့် မီးဖိုဆောင်နှင့် ကားဂိုဒေါင်တွဲလျက် အဆောက်အ ဦ၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေး ရွာနေ ထွက်ပြေးတိမ်းရှောင်နေသူ ဦးချာကွေးအန် ပိုင်ဆိုင်သည့် အ ဆောက်အဦ ၁ လုံးနှင့် သိန်းနီမြို့ နယ်၊ နမ့်ခိုက်ကျေးရွာနေ ထွက်ပြေး တိမ်းရှောင်နေသော ဦးဂျမ်းရွယ်ခင်း (ဘ) ဦးဂျမ်းရွယ်ရှင်း ပိုင်ဆိုင်သည့် ၁ ထပ်တိုက် အဆောက်အဦတို့ကို ဆက်လက် စစ်ဆေးရှာဖွေရာ စုစု ပေါင်းမူးယစ်ဆေးဝါး တန်ဖိုး ၂၄ ဘီ လီယံခန့်နှင့် လက်နက်များကို ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံ ရေးတပ်ဖွဲ့ဝင်များ၏ ရှာဖွေဖော် ထုတ်သိမ်းဆည်း ရရှိမှု အနေဖြင့် ဖေ ဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၈ ရက် အထိ စိတ်ကြွရူးသွပ်ဆေးပြားမျိုးစုံ ၅၃၆၄၁၀၀၀ ပြား၊ ဘိန်းဖြူ ၁၈၉၉၈၀ ဂရမ်၊ ဘိန်းညို ၂၇၁၀၀၀ ဂရမ်၊ ဘိန်း ဖြူခဲ ၁ ဒသမ ၆ ကီလိုဂရမ်၊ ဘိန်း ဆီခဲ ၁၆ ကီလို၊ ဆေးပြားအကြေမှုန့် ၂၆၅၀ ဂရမ်၊ ဘိန်းစိမ်း ၁၀ ကီလိုဂ ရမ်နှင့် ICE ၃၆၅ ဒသမ ၅ ကီလို ဂရမ် စုစုပေါင်း မူးယစ်ဆေးဝါးများ ၏ ခန့်မှန်းတန်ဖိုးမှာငွေကျပ် ၁၂၈ ဘီလီယံကျော်နှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း ၁၀၉ မျိုး၏ ကာလ တန်ဖိုးမှာ ငွေကျပ် ၁ ဘီလီယံကျော် ဖြစ်ရာ စုစုပေါင်းငွေကျပ် ၁၃၀ ဘီလီ ယံ ခန့်ရှိပြီဖြစ်ကြောင်း သိရှိရသည်။
.
အဆိုပါ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ၊ ဆက်စပ်စ္စည်း များ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ အ ဓိက တရားခံများနှင့် ပါဝင်ပတ်သက် သူများကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)