ကွတ်ခိုင်တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Saturday, March 14, 2020

ကွတ်ခိုင်တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်းကျေးရွာနှင့် အနီးဝန်းကျင်နေရာများတွင် မတ်လ ၁၃ ရက်က ငွေကျပ် ၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
 
.
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မတ်လ ၁၃ ရက်၊ နံနက်ပိုင်းက လွယ်ခမ်းကျေးရွာနေ ထွက်ပြေးတိမ်းရှောင်နေသူ ဦးလောက်ညို ပိုင်ဆိုင်သည့် တစ်ထပ်တိုက် နေအိမ်အောက်ထပ်ရှိ မြေအောက်ခန်းအတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၅၈၀၀၀ ပြား၊ 88/1 စာတန်းပါစိတ်ကြွ ရူးသွပ်ဆေးပြား ၃၁၈၀၀၀ ပြား၊ ဘိန်းစိမ်း ၁၂၅ ကီလို၊ ဆေးပြားအကြေ ၁၀ ကီလို၊ ကဖင်းမှုန့် ၆၅၀ ကီလို၊ ကော့စတစ် ဆော်ဒါအမှုန့် ၉၉၂၀ ကီလိုနှင့် ဆေးပြားတံဆိပ်ရိုက်တံ ၆၅ ချောင်းတို့အား လည်းကောင်း၊ ယင်းနေ့ ညနေပိုင်းက လွယ်ခမ်းကျေးရွာနေ ထွက်ပြေး တိမ်းရှောင်နေသူ ဦးရန်တာ ပိုင်ဆိုင်သည့် တစ်ထပ်တိုက် နေအိမ် မြေအောက်ခန်းအတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀၀၀ ပြား၊ ဘိန်းဖြူ ၀ ဒသမ ၂ ကီလို၊ ICE ၀ ဒသမ ၅ ကီလို၊ ကတ်တမင်း ၁ ကီလို၊ BENZYL ETHER ၅ ကီလို၊ N-Isopropy Benzylamine ၈ ကီလို၊ ဟိုက်ဒရိုကလိုရစ်အက်ဆစ် ၈၆ လီတာ၊ Sodium Acetate ၅၀၀ ဂရမ်ပါ ၁၉ ဘူး၊ Sodium Acetate Trihydrate ၅၀၀ ဂရမ်ပါ ၁၃ ဘူး၊ Sodium Chloride ၅၀၀ ဂရမ်ပါ ၁၄ ဘူး၊ Ammonium Chloride ၈၇ ကီလို၊ Ammonium Chloride အဖြူရောင်ပုံဆောင်ခဲ ၂၅ ကီလို၊ Caudtic Soda ၂၀ ကီလိုပါ ၁၁ အိတ်၊ မီသိုင်း၊ မီတနိုင်း ၄ ဂါလန်ပါ ၆၇ လုံး၊ ဂက်စ်အိုး ၂၂ လုံး၊ ကြွေကန်တော့ ၃၀ ခု၊ ဖန်ပေါင်းပြွန် မျိုးစုံ ၁၇ ဖာ၊ သံဇလုံ ၄ ခု၊ ကီလိုချိန်ခွင် ၁ ခု၊ ဆေးပြားအခြောက်ခံစက် ၂ လုံးနှင့် ဆေးပြားထည့်အိတ်အသေး(ဆာလာအိတ်) ၂၀ အိတ်တို့အား ထပ်မံသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါလွယ်ခမ်ကျေးရွာနှင့်အနီးတစ်ဝိုက်အားလုံခြုံရေးတပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်း အဖွဲ့က  ရှာဖွေဖော်ထုတ် သိမ်းဆည်းရရှိမှုအနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၁၃ ရက်အထိ ကျေးရွာရှိ အိမ်ခြေ ၃၃၃ လုံးနှင့် ကျေးရွာအနီး တစ်ဝိုက် တို့၌ ရှာဖွေစစ်ဆေးခဲ့ရာ လက်နက်ခဲယမ်းများ၊ စိတ်ကြွရူးသွပ်ဆေးပြားမျိုးစုံ ၁၃၂၁၉၄၀၀၀ ပြား၊ ဘိန်းဖြူ ၂၅၈ ဒသမ ၉ ကီလို ၊ ဘိန်းညို ၂၇၁ ကီလို၊ ဘိန်းဖြူခဲ ၁ ဒသမ ၆ ကီလိုဂရမ်၊ ဘိန်းဆီခဲ ၁၆ ကီလို၊ ဆေးပြားအကြေမှုန့် ၁၂ ဒသမ ၆၅ ကီလို၊ ဘိန်းစိမ်း ၁၃၅ ကီလိုနှင့် ICE ၄၄၁ ကီလို၊ စုစုပေါင်းမူးယစ်ဆေးဝါးများ၏ ခန့်မှန်း တန်ဖိုးမှာငွေကျပ် ၂၈၉ ဘီလီယံကျော်နှင့် မူးယစ်ဆေး ဝါးချက်လုပ်ရာတွင် အသုံးပြု သည့်ဆက်စပ်ပစ္စည်း ၂၁၁ မျိုး၏ ကာလတန်ဖိုးမှာ ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော်ဖြစ်ရာ စုစုပေါင်းငွေကျပ် ၂၉၁ ဘီလီယံကျော် ရှိပြီဖြစ်ကြောင်း သိရှိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိမှုနှင့် ပတ်သက်၍ ထွက်ပြေးတိမ်းရှောင် နေသူများ၊ အဓိက တရားခံများ၊ သတင်းပေးရန်ပျက်ကွက်သူများနှင့် ပါ၀င်ပတ်သက်သူ များအား ဖမ်းဆီးရမိရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျေးရွာအတွင်းရှိ နေအိမ်အားလုံးကို စစ်ဆေးပြီးဖြစ်ကြောင်းနှင့် စစ်ဆေးပြီး ခဲ့သည့် နေအိမ်များကို ထပ်မံ၍အသေးစိတ် စစ်ဆေးလျက်ရှိပြီး ၎င်းနယ်မြေတစ်ဝိုက်အား ပါ၀င်သောပူးပေါင်းအဖွဲ့က နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက် တွင် ဖော်ပြပါရှိသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)