ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်းကျေးရွာရှိ နေအိမ်များအား ဆက်လက်ရှာဖွေ - Kanbawza Tai News

Breaking

Boxed(True/False)

Friday, March 13, 2020

ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်းကျေးရွာရှိ နေအိမ်များအား ဆက်လက်ရှာဖွေ

မင်းဇော်မင်း
.
မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်းကျေးရွာနှင့် ပတ်ဝန်းကျင်နေရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့က ဆက်လက်ရှာဖွေစစ်ဆေးမှုများ ပြလုပ်နေသည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ မတ်လ ၁၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
.
 
.
ယင်းကျေးရွာရှိ နေအိမ်များအလိုက် ရှာဖွေတွေ့ရှိမှုများမှာ ဦးလျှိုပါ့၏ နေအိမ် ၅ လုံးမှ  ICE ၁၂ ဒသမ ၅ ကီလိုဂရမ်၊ စိတ်ကြွဆေးပြား ၁၈၄၀၀၀ ပြား၊ မော်တော်ယာဉ် ၅ စီး၊ ဘိန်းဖြူဆပ်ပြာခွက်များနှင့် ဘိန်းဖြူ ဘလောက်တုံးများ၊ ဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးချက်လုပ် ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းမျိုးစုံ ၄၀ မျိုး၊  ဦးယော်လောက်အယ်၏ နေအိမ်မှ စိတ်ကြွဆေးပြားမျိုးစုံ ၁၇၇၀၀၀၀၀ ပြား၊ ဘိန်းဖြူ ၃၃၀၀၀ ဂရမ်၊ ဦးအားချန်၏ နေအိမ်မှ စိတ်ကြွဆေးပြားမျိုးစုံ ၂၄၀၀၀၀ ပြား၊ ဘိန်းဖြူ ၁၄၀၀ ဂရမ်နှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း ၂ မျိုး၊ ဒေါ်အားလန်၏ နေအိမ် ၂ လုံးမှ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြု သည့်ပစ္စည်းများနှင့် ၆ ဘီးယာဉ် ၂ စီး၊ ဦးအိုက်ပု၏ နေအိမ်မှ လက်နက်မျိုးစုံ ၅ လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းမျိုးစုံ ၅ မျိုး၊  ဦးလိစီ၏ နေအိမ်မှ စိတ်ကြွဆေးပြားမျိုးစုံ ၃၈၀၀၀ ပြား၊ ဘိန်းဖြူ ၁၂၀ ဂရမ်နှင့် ဆက်စပ်ပစ္စည်းများ၊ ဦးရန်စီ၏ နေအိမ်မှ စိတ်ကြွဆေးပြားမျိုးစုံ ၁၂၇၂၀၀၀ ပြား၊ ဘိန်းဖြူ ၂၂၀ ဂရမ်၊ အက်ဆစ်မျိုးစုံ ၂၆၇ ပုံးနှင့် ဆေးပြားရိုက်စက် ၁ ခု၊ ဦးရှောက်လူ၏ နေအိမ်မှ အက်ဆစ်ပေပါမျိုးစုံ ၆၇ ပုံးနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းမျိုးစုံ ၄ မျိုး၊ ဦးလောက်ချော်၏ နေအိမ်မှ စိတ်ကြွဆေးပြားမျိုးစုံ ၁၀၇၀၀၀၀ ပြား၊ ဦးရှုံးတယ်၏ နေအိမ် ၂ လုံးမှ စိတ်ကြွဆေးပြားမျိုးစုံ ၁၄၅၀၀၀ ပြား၊ ဘိန်းဖြူ ၃၉၆၀၀ ဂရမ်နှင့် ဆက်စပ်ပစ္စည်းများ၊ ဦး၀မ်ရင်ရှော၏ နေအိမ်မှ စိတ်ကြွဆေးပြားမျိုးစုံ ၂၃၃၆၀၀၀၀ ပြား၊ ဘိန်းဖြူ ၅၂၈၀၀ ဂရမ်နှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများ၊ ဒေါ်၀မ်ကိုက်၏ နေအိမ်မှ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ရေခဲသေတ္တာ ၁၀ လုံး၊ အ၀တ်လျှော်စက် ၄ လုံး၊ ဆေးပြားရိုက်စက် ၂ လုံး၊ ကုန်ကြမ်းမှုန့်မျိုးစုံ ၁၀၆ အိတ်၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းမျိုးစုံ ၉ မျိုး၊ ဦးကျင်ဖူး၏ နေအိမ် ၂ လုံးမှ လက်နက်မျိုးစုံ ၄၇ လက်၊ ခဲယမ်းနှင့်ဆက်စပ် ပစ္စည်း များ၊ စိတ်ကြွဆေးပြားမျိုးစုံ ၉၃၀၀၀ ပြား၊  ICE  ၃၁၅ ကီလို၊ ဘိန်းဖြူ ၄၃၀၀၀ ဂရမ်၊ ဓာတုပစ္စည်းမျိုးစုံနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းမျိုးစုံ ၄ မျိုး၊ မော်တော်ယာဉ် ၉ စီး၊ ဆိုင်ကယ် ၁ စီး၊ ဦးယောဆီ၏ နေအိမ်မှ စိတ်ကြွဆေးပြားမျိုးစုံ ၁၁၁၀၀၀၀ ပြား၊ ဘိန်းဖြူ ၁၉၈၀ ဂရမ်၊ ဘိန်းဖြူဘလောက်တုံး ၁၂ တုံး၊ ICE  ၈ ကီလိုနှင့် ဆက်စပ် ပစ္စည်းများ၊ ဦးရန်အင်ချမ်း၏ နေအိမ်မှ စိတ်ကြွဆေးပြားမျိုးစုံ ၂၀၁၆၀၀၀ ပြား၊ ဘိန်းဖြူ ၂၂၀၀ ဂရမ်၊  ICE ၇ ကီလိုနှင့် ဆက်စပ်ပစ္စည်းများ၊ ဦးချာကွေးအန်၏ နေအိမ်မှ စိတ်ကြွဆေးပြားမျိုးစုံ ၈၃၅၀၀၀၀ ပြား၊ ဘိန်းဖြူဘလောက်တုံး ၃ တုံး၊ ICE ၂၃ ကီလိုဂရမ်၊ ပစ္စတိုမျိုးစုံ ၂ လက်နှင့် ဆက်စပ်ပစ္စည်းများ၊ ဦးဂျမ်းရွယ်ခင်း၏ နေအိမ်မှ စိတ်ကြွဆေးပြားမျိုးစုံ ၅၇၆၂၀၀၀ ပြား၊ ဘိန်းဖြူ ၁၀၄၅၀ ဂရမ်၊ လက်နက်မျိုးစုံ ၄ လက်၊ ခဲယမ်း၊ ဆက်စပ်ပစ္စည်း များနှင့် ၆ ဘီးယာဉ် ၁ စီး၊ ဦးချမ်းဘောမ်၏ နေအိမ်မှ စိတ်ကြွဆေးပြားမျိုးစုံ ၅၅၂၆၆၀၀၀ ပြားနှင့် ဆက်စပ်ပစ္စည်းများ၊ ဦးလောက်စိမ်း၏ နေအိမ်မှ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပါကင်ထုတ်စက် ၁ လုံး၊ ဆေးပြားရိုက်စက် ၁ လုံး၊ ဆီဘောက်ဆာတွဲကား ၁ စီး အပါအ၀င် မော်တော်ယာဉ်မျိုးစုံ ၃ စီး၊ ဦးလောက်ဖေ၏ နေအိမ်မှ စိတ်ကြွဆေးပြား ၉၃၁၆၀၀၀ ပြား၊ မော်ဖိန်း အညိုမှုန့် ၁၉ ထုပ်၊ ၃၀ ဂရမ်ပါ မော်ဖိန်း အဖြူ အမှုန့် ၂ ထုပ်၊ ဦးစိန်၀င်း၏ နေအိမ်မှ စိတ်ကြွဆေးပြားမျိုးစုံ ၂၄၈၀၀၀၀ ပြား၊ ဆက်စပ် ပစ္စည်းများနှင့် ဓာတုပစ္စည်းများ၊ ဦး၀မ်တာဂျုံး၏ နေအိမ်မှ လက်နက်မျိုးစုံ ၁၅ လက်၊ လက်ပစ်ဗုံးမျိုးစုံ ၂၁၈ လုံး၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ၊ စိတ်ကြွဆေးပြားမျိုးစုံ ၈၀၀၀၀၀ ပြား၊ ဘိန်းဖြူဆက်ပြာခွက် ၂၂ ခွက်၊ မူးယစ်ဆေးဝါးချက်လုပ် ရာတွင်အသုံးပြုသည့် ပစ္စည်းများနှင့် မော်တော်ယာဉ် ၁ စီးတို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ လက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ် ရာတွင်အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရရှိမှုနှင့် ပတ်သက်၍ ထွက်ပြေးတိမ်းရှောင်နေသူများ၊ အဓိကတရားခံများ၊ ပါ၀င်ပတ်သက် သူများနှင့် သတင်းပေးရန် ပျက်ကွက်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကာ သက်ဆိုင်ရာမြို့နယ်များ အလိုက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုဖွင့်တိုင်ကြားခြင်းများ ဆောင်ရွက်ထားရှိပြီး ကျန်ရှိနေသည့် နေအိမ် ၆၇ လုံးနှင့် ၎င်းနယ်မြေတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့က နယ်မြေလုံခြုံရေးလုပ်ငန်းများနှင့် ရှာဖွေစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)