ကွတ်ခိုင်တွင် မူးယစ်ဆေးဝါးနှင့် လက်နက်များ ထပ်မံဖမ်းမိ - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, March 12, 2020

ကွတ်ခိုင်တွင် မူးယစ်ဆေးဝါးနှင့် လက်နက်များ ထပ်မံဖမ်းမိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာနှင့် လွယ်ခမ်းကျေးရါာအနီးတွင် မတ်လ ၁၁ ရက် နံနက်ပိုင်းက မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရုံးက သတင်းထုတ်ပြန်ထားသည်။
.

.
အဆိုပါ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာနှင့် လွယ်ခမ်းကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၁၀ ရက်အထိ ငွေကျပ် ၂၆၇ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.
ထိုသို့ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ် မတ်လ ၁၁ ရက်၊ နံနက် ၁၀ နာရီခန့်က ထွက်ပြေးတိမ်းရှောင်နေသော ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်းကျေးရွာနေ ဦးဝမ်တာဂျုံး ပိုင်ဆိုငသည့် တစ်ထပ်တိုက် နေအိမ်အား ဝင်ရောက်ရှာဖွေရာ မြေအောက်ခန်းအတွင်းမှ M-16 M4A1 သေနတ်တစ်လက်၊ ပွိုင့င်-၃၀၈ စနိုက်ပါရိုင်ဖယ်သေနတ် တစ်လက်၊ 12 Bore ရန်ပုံခွင်း ရီမင်တန်သေနတ် တစ်လက်၊ 7.62 mm Assault ရိုင်ဖယ် Type-56 သေနတ် ၂ လက်၊ 7. 62 mm Assault Rifle M-22 သေနတ် တစ်လက်၊ 40 mm Rocket Launcher (M-7) သေနတ် လက်၊ M4 A1 Sniper 5.56 ကျည် ၆၅ တောင့်၊ 308 Sniper 7.62 မမကျည် ၁၁ တောင့်၊ RPG ပို့ကျည် ၂၁ တောင့်၊ RPG ဒုံးသီး ၂၁ လုံး၊ 12 Bore ကျည် ၆၅ တောင့်၊ ၇.၆၂ x ၃၉ ကျည် ၃၁ဝ တောင့်၊ ၇.၆၂ ကျည် ၂၃ တောင့်၊ ၅.၅၆ ကျည် ၁၅၆ တောင့်၊ လက်ပစ်ဗုံးမျိုးစုံ ၂၁၈ လုံး၊ M-22 ကျည်အိမ်မျိုးစုံ ၁၅ ခု၊ ၅.၅၆ မမကျည်အိမ် နှစ်ခု၊ M4A1 Sniper ကျည်အိမ် သုံးခု၊ ပွိုင့်-၃ဝ၈ Sniper ပြောင်းတိုက်တံ ချောင်း၊ ၃ဝ၈ Sniper လွယ်ကြိုးတစ်ချောင်း၊ 308 Sniper တံတောင်စွပ်တစ်ခု၊ 308 Sniper ဆိုဒ်ခုံအပိုတစ်ခုတို့ကို အိမ်စောင့် အမျိုးသား ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ဆက်လက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ၎င်း နေအိမ်ခြံဝင်းအတွင်းရှိ ကားဂိုဒေါင် မြေအောက်ခန်းအတွင်းမှ M-22 သေနတ် လေးလက်၊ ပစ္စတို သေနတ်တစ်လက်၊ ၅.၅၆ ကျည် ၁၁ဝဝ တောင့်၊ ၄ဝ မမဗုံးသီး ၂၁ လုံး၊ ဝင်ချက်စတာကျည် ၄၁၅ တောင့်၊ စိတ်ကြွဆေးပြား တံဆိပ်ရောရာ ၈ဝဝဝဝဝ ပြား၊ ဘိန်းဖြူ ဆပ်ပြာခွက် ၂၂ ခွက် (သုည ဒသမ ၂၂ ကီလို)၊ ကက်တမင်းအမှုန့် ၁၈ ထုပ်၊ ဘိန်းချေး ၁ဝ ကီလို၊ ကဖင်း ၅၅ ကီလို၊ တာတာရစ်အက်စစ် ၄၄ အိတ်၊ အရိုးမီးသွေးမှုန့် အိတ် (၁၄ဝ ကီလို)၊ Ammonia Water ဓာတုဆေးရည် ၁၉ဝ ပုလင်း၊ Sodium Acetate ဓာတုဆေးရည် ၂ဝ ဘူး (၅ဝဝ ဂရမ်)၊ Ammonian Chloride ဓာတုဆေး ရည် ၇၉ ဘူး၊ Sodium hydroxide ဓာတုဆေးရည် ၁၂၁ ဘူး၊ အီသနော အက်စစ် ၅ ဂါလန်ပုံး ခုနစ်ပုံး၊ ဆေးပြားရိုက်တံ ၂၈ ချောင်း၊ ဆေးပြား ပါကင်ပိတ်စက် လုံး၊ ဂက်စ်အိုး ၃၄ လုံး၊ ဆေးပြားအခြောက်ခံဗန်း ချပ်၊ လေအိုး ၁၄ လုံး၊ ဒစ်ဂျစ်တယ် ကတ္တား လုံး၊ ကြွေကတော့ ခု၊ ဖန်ပေါင်းအိုး လုံး၊ သံပုံး ပုံး၊ ဆေးပြားမွှေစက် ခု၊ ဆေးပြားရိုက်စက် တစ်ခု၊ ဓာတ်ငွေ့ကာမျက်နှာဖုံး ခုနှင့် VIGO 4 Wheel Doublecub မော်တော်ယာဉ် တစ်စီးတို့ကို ထပ်မံတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။
.
ထို့နောက် မွန်းလွဲ ၂ နာရီခန့်တွင် ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော် ကျေးရွာ နေထွက်ပြေးတိမ်းရှောင်နေသော ဦးစိန်ဝင်း ပိုင်ဆိုင်သည့် လွယ်ခမ်းကျေးရွာ ရှိ ဂိုဒေါင်နှင့် မြေအောက်ခန်းအတွင်းမှ WY နှင့် 88/1 စာတန်းပါ စိတ်ကြွ ရူးသွပ် ဆေးပြား ၂၄၈ဝဝဝဝ ပြား၊ Dicyclohexylacetic အက်ဆစ်အမှု့န် ၅ဝ ကီလို၊ Polypropylene အက်ဆစ်အမှုန့် ၂ဝ ကီလို၊ Trifluoracetophenone အက်စစ်အမှုန့် ၁၂ဝ ကီလို၊ အရိုးမီးသွေးအိတ် တစ်အိတ် (၃ဝ ကီလိုဂရမ်)၊   ပေါင်ဒါ ၃ဝဝ ကီလို၊ Ethyll Maltol ၉ ကီလို၊ အနီရောင်အမှုန့် ၃ဝ ကီလို၊ အက်စစ်ပီပါ ၂၉ လုံးနှင့် ၅ ဂါလန်ဆံ့အက်စစ်ပုံး ၁၅ ပုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
ဆက်လက်၍လုံခြုံရေး တပ်ဖွဲ့ဝင်များကညနေ  ၃ နာရီခွဲခန့်တွင် ကွတ်ခိုင် မြို့နယ်၊ လွယ်ခမ်းကျေးရွာနေ ထွက်ပြေး တိမ်းရှောင်နေသော ဦးလျှိုပါ့ ပိုင်ဆိုင်သည့် ငါးကန်ဘေးသဲပုံနှင့် ကျောက်ပုံအနီးတို့၌ သဲအိတ်၊ ကျောက်အိတ်များဖြင့် ဖိ၍ဝှက်ထားသော ဆေးပြားရိုက်စက် သုံးလုံး၊ ဖန် ပေါင်းပြန် ၁၅ လုံး၊ ကြေးကန်တော့ ခုနစ်လုံး၊ Ammonian Chloride ၂၁၅ဝ ကီလို၊ Sodium hydroxide ၇၅ ကီလို၊ ဆေးပြားမွှေစက် နှစ်လုံး၊ ဆေးပြား ထည့်သည့် အပြာရောင် အိတ်ခွံ ၂၄ အိတ်၊ စတီးကန်တော့သုံးလုံး၊ ဒန်ဇလား ၂ဝ လုံး၊ စတီးဇလား သုံးလုံး၊ သံဇလား ခြောက်လုံးနှင့် ၅ ဂါလန် ဆံ့အင်ဂျင်ဝိုင်ပုံး သုံးပုံးတို့ကို ထပ်မံသိမ်းဆည်း ရမိခဲ့သည်ဟု သိရသည်။
.
ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရှာဖွေဖော်ထုတ်သိမ်း ဆည်းရရှိမှုအနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်မှ ယနေ့အထိ စိတ်ကြွရူးသွပ် ဆေးပြားမျိုးစုံ ၁၂၄၉၇၇ဝဝဝ ပြား၊ ဘိန်းဖြူ ၁၉၂ ဒသမ ၉၂ ကီလို၊ ဘိန်းညို ၂၇၁ ကီလို၊ ဘိန်းဖြူခဲ ၁ ဒသမ ၆ ကီလိုဂရမ်၊ ဘိန်းဆီခဲ ၁၆ ကီလို၊ ဆေးပြား အကြေမှုန့် ၂ ဒသမ ၆၅ ကီလို၊ ဘိန်းစိမ်း ၁ဝ ကီလိုနှင့် ICE ၄၃၃ ဒသမ ၅ ကီလိုဂရမ် စုစုပေါင်း မူးယစ်ဆေးဝါးများ၏ ခန့်မှန်း တန်ဖိုးမှာ ငွေကျပ် ၂၇၂ ဘီလီယံကျော်နှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြု သည့် ဆက်စပ်ပစ္စည်း ၁၈၅ မျိုး၏ ကာလတန်ဖိုးမှာ ငွေကျပ် ၁ ဘီလီယံ ကျော်ဖြစ်ရာ စုစုပေါင်းငွေကျပ် ၂၇၄ ဘီလီယံကျော်ရှိပြီ ဖြစ်ကြောင်း သိရှိရ သည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိမှုနှင့် ပတ်သက်၍ အဓိက တရားခံများနှင့် ပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိရေး လုပ်ထုံးလုပ်နည်း နှင့် အညီဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ၎င်းနယ်မြေ တစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများနှင့် ရှာဖွေစစ်ဆေး မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)