ကွတ်ခိုင်တွင် လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးများ ပိုင်ရှင်မဲ့ ထပ်မံသိမ်းဆည်းရမိ - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, March 8, 2020

ကွတ်ခိုင်တွင် လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးများ ပိုင်ရှင်မဲ့ ထပ်မံသိမ်းဆည်းရမိ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာ အတွင်းရှိ လူ မနေသည့် တစ်ထပ်တိုက် တစ်လုံး အတွင်းမှ မတ်လ ၇ ရက်၊ နံနက်ပိုင်းက လက်နက်ခဲယမ်းအမြောက်အများကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
.
 
.
သိမ်းဆည်း ရမိသည့် လက်နက်/ခဲယမ်းများမှာ M -16 သေနတ် ၄ လက်၊ ကာဘိုင်သေနတ် ၂ လက်၊ လေသေနတ် ၁ လက်၊ ဝင်ချက်စတာ သေနတ် ၃ လက်၊ M -22 သေနတ် ၁ လက်၊ အမျိုးအစား(စိစစ်ဆဲ) သေနတ် ၁ လက်၊ Roni G1 တံဆိပ်ပါ ပစ္စတို ထည့်ပစ်ရသည့် ကိုယ်ထည် ၅ ခု၊ ပစ္စတို သေနတ်မျိုးစုံ ၇ လက်၊ MAC- 11 Submechine Gun သေနတ် ၁ လက်၊ ၇ ဒသမ ၆၂ ကျည် ၂၃ တောင့်၊ ၅ ဒသမ ၅၆ ကျည် ၃၄၅ တောင့်၊ ကာဘိုင်ကျည် ၆ တောင့်၊ ဝင်ချက်စတာ ကျည် ၈၅၀ တောင့်၊ M-22 ကျည် ၁၄၃ တောင့်၊ ၉ မမ ကျည် (အဖြူရောင်၊ အဝါရောင်) ၅၆၃၄ တောင့်၊ ၄၀ မမ ရောကတ်(ခွင်း)(ပုံစံ-၆၉)ပို့ကျည် ၉ တောင့်၊ RPG ဒုံးသီး ၁ လုံး၊ RPG ဒုံးသီးပို့ကျည် ၁၀ တောင့်၊ ၉ မမ ကျည်(လူဂါ)ထိပ်ပွင့် ၁၀၁ တောင့်၊ ပွိုင့်-၃၈ လက်မကျည် ၅၀ တောင့်၊ အမ်-၂၅ ပစ္စတိုကျည် ၁၀၉ တောင့်၊ ၇ ဒသမ ၆၂ ပစ္စတိုကျည် ၃၆၀ တောင့်၊ ပွိုင့်-၂၂ လက်မကျည်(အတို) ၂၅ တောင့်၊ 357 MAG ၆ လုံးပြူးကျည် ၂၁ တောင့်၊ လက်ပစ်ဗုံးမျိုးစုံ ၅၅ လုံး၊ ၅ ဒသမ ၅၆ ကျည်အိမ် ၃ ခု၊ M-22 ကျည်အိမ် ၃ ခု၊ M-16 ကျည်အိမ် ၅ ခု၊ ပစ္စတိုကျည်အိမ် ၁၇ ခု၊ စက်လက်ဘောက်ဝိုင်း ၈ ခု တို့ ဖြစ်​ကြောင်း သိရသည်။
.
ထိုအပြင် အဆိုပါ လက်နက်/ခဲယမ်းများနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြားမျိုးစုံ ၉၃၀၀၀ ပြား၊ ဘိန်းဖြူမှုန့် ၄၃၀၀၀ ဂရမ်၊ ဘိန်းညိုမှုန့် ၄၈၀၀ ဂရမ်၊ ၁၀ ဂရမ်ခန့်ပါ ဘိန်းဖြူ ဆပ်ပြာခွက် ၂၁ ခွက်တို့အား ပိုင်ရှင်မဲ့ သိမ်းဆည်းခဲ့​ကြောင်း ထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။
.
အလားတူ ယင်းနေ့ ​နေ့လယ်ပိုင်းတွင်လည်း လွယ်ခမ်းကျေးရွာရှိ အဆောက်အဦးများအား စစ်ဆေးရှာဖွေရာ မြေအောက် ခန်းပါ တစ်ထပ်တိုက်နှင့် ကားဂိုဒေါင်များအတွင်းမှ M-22 သေနတ်မျိုးစုံ ၂၀ လက်၊ ပစ္စတိုမျိုးစုံ ၆ လက်၊ RPG လောင်ချာ ၁ လက်၊ ပွိုင့်-၂၂ ကျည်မျိုးစုံ ၉၀ တောင့်၊ ပွိုင့်-၂၅ ကျည် ၁၂၀ တောင့်၊ ပွိုင့်-၃၈ ကျည် ၅ တောင့်၊ ၅ ဒသမ ၅၆ ကျည် ၃၃ တောင့်၊ ၇ဒသမ ၆၂ ကျည် ၁၀၄ တောင့်၊ ၉ မမကျည် ၁၁၄ တောင့်၊ လေသေနတ်ခဲလုံး ၁၄၂ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ ၁၂ ဗို့ကျည် ၁၀၀ တောင့်၊ ၄၀ မမရော့ကတ်ခွင်းဒုံးကျည် ၃ တောင့်၊ M-22 ကျည်အိမ်မျိုးစုံ ၂၆ ခု၊ ပစ္စတိုကျည်အိမ် ၄ ခု၊ ယမ်းကြိုးခွေ ၁ ခွေ၊ Dithiooxamide 92 % ၃၂၀ ကီလို ဂရမ်၊ Washing Soda/ Sodium Carbonate 94% ၁၅၀ ကီလိုဂရမ်၊ Kitmane/Ice ၃၁၅ ကီလိုဂရမ်၊ ဘိန်းညို ၉၀၀၀၀ ဂရမ်၊ Sodium Acetate trihydrate ၈၀ ကီလိုဂရမ်၊ Methyl Phenylacetale ထည့်ထားသည့် ကော်ပေပါ ၂၉ လုံး၊ ၅ ဂါလန်ဆံ့ အက်စစ်ပေပါ မျိုးစုံ ၂၃ လုံး၊ ဘိန်းဖြူဘလောက်တုံးဖိစက် ၁ စုံ၊ ဒီဂျစ်တယ်ကတ္တား ၁ခု၊ ကီလိုချိန်စက် ၃ ခု၊ ယာဉ်မျိုးစုံ ၉ စီး၊ မော်တော်ဆိုင်ကယ် ၁ စီးတို့အား တပ်မ​​တော်က ထပ်မံဖော်ထုတ် သိမ်းဆည်းရမိခဲ့​ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာနှင့် လွယ်ခမ်ကျေးရွာ အနီး ပတ်ဝန်းကျင်နေရာများမှ ငွေကျပ် ၉၃ ဘီလီယံ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ ဆက်စပ်ပစ္စည်းများကို တပ်မ​တော်က ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိခဲ့သည်။
.
တပ်မ​တော်မှ ကွတ်ခိုင်မြို့နယ်အတွင်း ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၇ ရက်အထိ သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများမှာ စိတ်ကြွရူးသွပ်ဆေးပြားမျိုးစုံ ၄၃၉၁၈၀၀၀ ပြား၊ ဘိန်းဖြူ ၁၇၀၃၅၀ ဂရမ်၊ ဘိန်းညို ၉၄၈၀၀ ဂရမ်၊ ဘိန်းဖြူခဲ ၁ ဒသမ ၆ ကီလိုဂရမ်၊ ဆေးပြားအကြေမှုန့် ၂၆၅၀ ဂရမ်၊ ICE ၃၂၇ ဒသမ ၅ ကီလိုဂရမ် စုစုပေါင်း မူးယစ်ဆေးဝါး များ၏ ခန့်မှန်းတန်ဖိုးမှာငွေကျပ် ၁၀၂ ဘီလီယံကျော်ခန့်နှင့် မူးယစ်ဆေးဝါးချက် လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း ၁၀၈ မျိုး၏ကာလတန်ဖိုးမှာ ငွေကျပ် ၁ ဘီလီယံကျော်ဖြစ်ကာ စုစုပေါင်းငွေကျပ် ၁၀၃ ဘီလီယံကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ၊ ဆက်စပ်စ္စည်းများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ အဓိတရားခံများ နှင့် ပါဝင်ပတ်သက်သူများကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)