မင်းဇော်မင်း
.
အိမ်နီးချင်းနိုင်ငံများတွင်
ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ကူးစက်မှု မြင့်မားလာသည့်အတွက် ကမ္ဘောဇ အာမခံလုပ်ငန်းမှ ၎င်း၏ ကျန်းမာရေး
အာမခံ “အာရောဂျံ” အစီအစဉ်တွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကို အခမဲ့ ထည့်သွင်းပေးသွားမည် ဖြစ် ကြောင်း
မတ်လ ၁၁ ရက်က ထုတ် ပြန် ကြေညာခဲ့သည်ဟု သိရသည်။
.
.
အဆိုပါ
ထုတ်ပြန်ချက်တွင် ကမ္ဘာနှင့်အဝှမ်း ရင်ဆိုင်နေရသည့် ကျန်းမာရေး ပြဿနာအတွက် မြန်
မာ့ဦးဆောင် အာမခံလုပ်ငန်း KBZ MS က ၎င်း၏ ကျန်းမာရေး အာမခံ တွင် COVID-19 အကာအကွယ်ကို အခမဲ့ ဖြည့်စွက်ပေးမည်ဖြစ်ကြောင်း
ဖော်ပြပါရှိသည်။
ယင်းအစီအစဉ်အရ KBZ
MS ၏ အာရောဂျံ ဝန်ဆောင်မှု ရယူထား
သူများနှင့် စတင်ဝယ်ယူသည့်သူများ အတွက် မတ်လ ၁၀ ရက်မှ လာမည့် ဇွန်လ ၁၉ ရက်အတွင်း
ကိုရိုနာဗိုင်း ရပ်စ်ကြောင့် ပြင်ပလူနာအဖြစ် ကု သခံရခြင်း၊ ဆေးရုံ တက်ရခြင်းနှင့်
သေဆုံးခြင်း ဖြစ်ရပ်များ ဖြစ်ပွားခဲ့ပါ က အာမခံပမာဏ၏ အခမဲ့ ထပ် ဆောင်း ၅၀
ရာခိုင်နှုန်းကို အကျိုးခံ စားခွင့် ရှိမည်ဖြစ်ကြောင်းသိရသည်။
.
“ကျွန်တော်တို့ရဲ့
Customer တွေက
ကျွန်တော်တို့လုပ်ငန်းရဲ့ အ ဓိက အသက်သွေးကြောပါပဲ။ ဒီလို ခက်ခဲတဲ့ အချိန်မှာ
သူတို့ကိုတတ်နိုင် သလောက် ကာကွယ်ပေးရမှာ ကျွန် တော်တို့ တာဝန်ပါ။ မြန်မာနိုင်ငံမှာ
ဒီနေ့အချိန်အထိ COVID-19 အ
တည်ပြုဖြစ်ပွားမှု မတွေ့ရသေးတာ ကိုလည်း ဝမ်းသာပါတယ်။ အခုလို အချိန်မှာ အဆိုးတကာ့
အဆိုးဆုံး တွေ ဖြစ်လာမယ် ဆိုရင်တောင် သူ တို့ဘက်မှာ KBZ MS ရှိနေပါတယ် ဆိုတဲ့ စိတ်လုံခြုံမှု တစ်ခုကို ပေးချင်
လို့ အခုလို ဆောင်ရွက်တာဖြစ်ပါ တယ်” ဟု KBZ MS ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Mr. Anil
Man-cham က ပြောကြားခဲ့သည်။
.
အာရောဂျံသည် KBZ
MS ၏ ကျန်းမာရေး
အလုံးစုံအာမခံဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စ တင်မိတ် ဆက်ပေးခဲ့ခြင်း
ဖြစ်ကာ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် ဝန် ဆောင်မှုရယူနိုင်ကြောင်း သိရသည်။
.
အဆိုပါ အာမခံသည်
ပြင်ပလူ နာအဖြစ် ကုသခံရခြင်း၊ ဆေးရုံတက် ရခြင်းနှင့် ခွဲစိတ်ကုသခံရခြင်း၊ ကုသ
မှုအပြီး ပြန်လည်ထူထောင်ရေး၊ ပြင်း ထန်သည့်ရောဂါ ခံစားရခြင်းနှင့် သေ ဆုံးခြင်း
အခြေအနေများတွင် အကျုံး ဝင်မည်ဖြစ်သည်ဟု သိရသည်။
.
ကိုရိုနာဗိုင်းရပ်စ်
(COVID-19) ကြောင့် ပြင်ပလူနာအဖြစ်
ကုသခံရ ခြင်း၊ ဆေးရုံတက်ရခြင်းနှင့် သေဆုံး ခြင်းဖြစ်ရပ်များ ဖြစ်ပွားခဲ့ပါက အာမ
ခံပမာဏ၏ ၅၀ ရာခိုင်နှုန်းကို အကျိုး ခံစားခွင့် ရရှိမည့် အာရောဂျံ၏ အ ကာအကွယ်
အမျိုးအစားကို အခမဲ့ ချဲ့ထွင်ခြင်း လုပ်ဆောင်ချက်သည် ပြည်တွင်း
လူမှုအသိုင်းအဝိုင်းများ အ ကြား ဗိုင်းရပ်စ်ပိုးကူးစက်နိုင်သည့် အ လားအလာကို
လျှော့ချပေးရန်ကျယ် ကျယ်ပြန့်ပြန့် ကြိုးပမ်းဆောင်ရွက် နေသည့် လုပ်ဆောင်ချက်၏ တစ်
စိတ်တစ်ဒေသ ဖြစ်သည်ဟု ထုတ် ပြန်ချက်တွင် ဖော်ပြပါရှိသည်။
.
KBZ MS-IKBZ အာမခံကုမ္ပဏီ
လီမိတက်သည် ကမ္ဘောဇအုပ်စု၏ တစ်စိတ်တစ်ပိုင်းအဖြစ်
၂၀၁၂ ခု နှစ်၊ စက်တင်ဘာလတွင် စတင်တည် ထောင်ခဲ့သော အာမခံလုပ်ငန်း ဖြစ် ပြီး
မြန်မာနိုင်ငံတွင် ပထမဦးဆုံး တ ရားဝင်လုပ်ငန်း လိုင်စင်ရရှိသည့် ပုဂ္ဂလိကပိုင်
အာမခံကုမ္ပဏီဖြစ်ကာ ရင်းနှီးမတည်ငွေ အမေရိကန် ဒေါ် လာ ၂၆ ဒသမ ၄ သန်းနှင့်
တန်ဖိုးညီ မျှသော ငွေကျပ် ၄၀ ဘီလီယံဖြင့် စတင် လည်ပတ်တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
.
ထို့အပြင် IKBZ
အာမခံသည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင်
ဂျပန် အာမခံလုပ်ငန်းကြီး ဖြစ်သည့် MSI နှင့် အကျိုးတူ ပူးပေါင်းပြီး KBZ MS အထွေထွေအာမခံဟူသည့် နာမည် သစ်ဖြင့် လုပ်ငန်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း
သိရသည်။
.
KBZ MS သည်
ရန်ကုန်၊ နေပြည် တော်၊ မန္တလေး၊ တောင်ကြီး၊ ပြည်၊ ပုသိမ်၊ စစ်တွေ၊ မကွေး၊
မိတ္ထီလာ၊ ပခုက္ကူ၊ မုံရွာ၊ ကလေးအပါအဝင် မြို့ပေါင်း ၁၉ မြို့တွင် ဝန်ဆောင်မှု
ပေးလျက်ရှိပြီး အာမခံအမျိုးအစား များမှာ မော်တော်ယာဉ် အာမခံမှစ၍ ပိုင်ဆိုင်မှု
မီးအာမခံ၊ ကုန်စည် အာ မခံနှင့် ကျန်းမာရေး အာမခံအပါအ ဝင် အထွေထွေ အာမခံများ ဝန်
ဆောင်မှု ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
.