ကမ္ဘောဇဘဏ်မှ လှူဒါန်းသည့် ငွေကျပ်သိန်း ၁၄၀၀၀ တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများ မြန်မာနိုင်ငံသို့ စတင်ရောက်ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကမ္ဘောဇဘဏ်မှ လှူဒါန်းသည့် ငွေကျပ်သိန်း ၁၄၀၀၀ တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများ မြန်မာနိုင်ငံသို့ စတင်ရောက်ရှိ


ကမ္ဘောဇတိုင်း
.
COVID-19 ရောဂါ ကာကွယ်ကုသရေး ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘောဇဘဏ်မှ လှူဒါန်းထားသည့် ကျပ်သိန်း ၁၄၀၀၀ ကျော် တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများ ကုန်းလမ်းမှ မူဆယ်မြို့နှင့် မန္တလေးမြို့သို့ စတင် ရောက်ရှိ လာပြီဖြစ်ကြောင်း သိရသည်။
.
 
.
ကမ္ဘောဇဘဏ်အနေဖြင့် မူဆယ်မြို့သို့ ယနေ့ မတ်လ ၃၀ ရက်စတင်ရောက်ရှိလာသော ဆေးရုံသုံး နှာခေါင်းစည်း ခုရေ ၃၀၀၀၀၀ ကို မူဆယ်ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဟန်နိုင်စိုးသို့ သွားရောက်လှူဒါန်းခဲ့ပြီး ယင်းလှူဒါန်းထားသော ဆေးရုံသုံးပစ္စည်းများကို ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာနအစီအစဉ်ဖြင့် မူဆယ်မြို့မှ မြန်မာနိုင်ငံအနှံ့အပြားရှိ ပြည်သူ့ဆေးရုံများသို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် တရုတ်နိုင်ငံမှ တိုက်ရိုက်မှာယူထားသည့် ဥရောပအရည်အသွေးမီ ဆေးရုံသုံးပစ္စည်းများဖြစ် သည့် ခေါင်းစွပ်၊ မျက်မှန်၊ နှာခေါင်းစီး၊ လက်အိပ်များ အပြည့်အစုံပါဝင်သော CE Standard PPE ဝတ်စုံ ၂၃၀၀၀ ၊ ၅၀၀ မီလီ ပါဝင်သည့် Hand Gel ဘူး ၁၀၀၀၀ တို့ မြန်မာနိုင်ငံသို့ အသုတ်ခွဲ၍ ဆက်လက် ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
.
ကမ္ဘောဇဘဏ်နှင့် KBZ MS General Insurance တို့သည် မတ်လ ၁၈ ရက်နေ့မှစတင်ကာ လှူဒါန်းမှု များပြုလုပ်ခဲ့ရာ သက်ဆိုင်ရာ ပြည်သူ့ဆေးရုံအသီးသီးရှိ ကျန်းမာရေးဝန်ထမ်းများနှင့် သံသယနှင့် ကူးစက်ခံရသော လူနာများအတွက် ကနဦးမတည်ငွေ ကျပ်သိန်း ၁၀၀၀ ကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.
အလားတူ ကမ္ဘောဇဘဏ်မှ ရှမ်းပြည်နယ် အစိုးရနှင့်ပူးပေါင်း၍ ဆန် ၂ ပြည်၊ ဆီ ၁ ဘူး၊ ကုလားပဲ ၁ ပိသာ နှင့် ငွေကျပ် ၁ သောင်းစီပါသော ရိက္ခာထုပ်ပေါင်း ၁၀၀၀၀၀ ကို အရေးပေါ်လိုအပ်လာပါက လှူဒါန်းသွားရန် အသင့်ပြင်ဆင်ထား ကြောင်းသိရသည်။
.
ကမ္ဘောဇဘဏ်သည် မတ်လ ၃၀ ရက်နေ့အထိ COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ် ရေးလုပ်ငန်းစဉ်များ ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ကျပ်သိန်း ၁၄၀၀၀ ကျော် လှူဒါန်းထားပြီး ဆက်လက်၍လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်အတူ တစ်နိုင်ငံလုံး အတိုင်းတာဖြင့် လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာများတွင် လိုအပ်သည်တို့ကို ပူးပေါင်းပါဝင် လှူဒါန်း သွားရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း ကမ္ဘောဇဘဏ်မှ သတင်းထုတ်ပြန် ထားသည်။
.

Journal Download

Photo of three cats