ကမ္ဘောဇတိုင်း
.
မြန်မာတစ်နိုင်ငံလုံး
ရှိ KBZPay အသုံးပြုသူတိုင်း Donation
Tap (အလှူဒါန)မှ တစ်ဆင့် ရှမ်းပြည်
နယ် ဗုဒ္ဓတက္ကသိုလ် အတွက် လွယ် ကူစွာ ပါဝင် လှူဒါန်း ကုသိုလ် ယူနိုင် ပြီ
ဖြစ်ကြောင်း သိရသည်။
.
.
ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်ကို
အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာ အရှင်ဓမ္မသာမိက ဗုဒ္ဓ သာသနာ
ပျံ့ပွားတိုးတက်စေရန် ဆိုသည့် မွန်မြတ်သော ရည်ရွယ် ချက်ဖြင့် ရှမ်းပြည်နယ်၊ တောင်
ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ပန်းတင် ကျေးရွာအုပ်စုတွင် ၂၀၁၄ ခုနှစ်က
တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင်
ရှမ်းပြည်နယ် ဗုဒ္ဓ တက္ကသိုလ်၌ ဗုဒ္ဓသာသနာပြု ပုဂ္ဂိုလ် များ မွေးထုတ်
ပေးနိုင်ရန်အတွက် ပါရဂူတန်းနှင့် ဘွဲ့လွန်မဟာတန်းများ သတ်မှတ်ကာ ဋ္ဌာန ၆ ခုဖြင့်
အခမဲ့ ဖွင့်လှစ် သင်ကြားပေးလျက် ရှိပြီး၊ နိုင်ငံတကာမှ သံဃာတော်များ၊
သီလရှင်များနှင့် ကျောင်းသား ၊ ကျောင်းသူများ လာရောက်ပညာ သင်ယူလျက် ရှိကြောင်း
သိရသည်။
.
KBZPay ၏ Donation
Tap မှ တစ်ဆင့် ဆွမ်းပဒေသာပင်၊
ကျောင်း ဆောက်လုပ်ရေး ပဒေသာပင်၊ ရေမီး ပဒေသာပင်၊ ကျန်းမာရေးပဒေသာ ပင်၊
စာကြည့်တိုက်၊ ပညာရေးနှင့် အထွေထွေ သံဃဝေရာဝစ္စ ပဒေ သာပင်များ အတွက် ငွေကျပ် ၁၀၀၀
က စ၍ မိမိဆန္ဒရှိသလောက် အိုးမကွာ အိမ်မကွာ လှူဒါန်းနိုင်မည် ဖြစ်ပြီး
လှူဒါန်းချိန်ကာလကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၃၀ ရက်အထိ သတ် မှတ်ထားသည်။
.